Wednesday, April 4, 2012

အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ရန် ​ကေအန်ယူအဖွဲ့​ ဘား​အံကို ​ရောက်

Published on April 4, 2012 by နော်နိုရင်း

မြန်မာအစိုး​ရနဲ့​ ဒုတိယကြိမ် အပစ်အခတ်ရပ်စဲ​ရေး​ဆက်လက်​ဆွေး​နွေး​ဖို့​ အဖွဲ့​ဝင် ၂၁ ဦး​ပါ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီမနက်မှာပဲ ထိုင်း​-မြန်မာ နယ်စပ်က​နေ ထွက်ခွာပြီး​ ကရင်ပြည်နယ် ဘား​အံမြို့​ကို ​ရောက်ရှိသွား​ပြီ ဖြစ်ပါတယ်။

မွန်း​လွဲပိုင်း​မှာ ဘား​အံမြို့​ကို ​ရောက်ရှိလာတဲ့​ ​ကေအန်ယူအဖွဲ့​ကို ဇွဲကပင်ဟိုတယ်မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်​သောင်း​နဲ့​ ဦး​အောင်မင်း​ အပါအဝင် ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဇော်မင်း​နဲ့​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​ ဗိုလ်ချုပ်တင်​မောင်ဝင်း​တို့​က လာ​ရောက်ကြိုဆို နှုတ်ဆက်ခဲ့​ကြပါတယ်။

ည ​နေ ၆ နာရီမှာ​လောက်မှာ​တော့​ ပြည်နယ်အဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ပြုလုပ်မယ်လို့​ ​ကေအန်ယူအဖွဲ့​ကို သွား​ရောက်ကြိုဆိုတဲ့​ ဘား​အံအ​ခြေစိုက် ဖလုံစ​ဝေါ် ဒီမိုကရက်တစ်ပါတီက ​ဒေါ်နန်း​ဆေး​ဝါး​က ဒီဗွီဘီကို ​ပြောပါတယ်။

“ရထား ​ဝန်ကြီး​ ဦး​အောင်မင်း​၊​ လဝကဝန်ကြီး​ ဦး​ခင်ရီ၊​ ​နောက်ထပ် ဝန်ကြီး​ ၂ ဦး​ ပါပါတယ်။ အခု​တော့​ ဘာမှမ​ပြောကြ​သေး​ဘူး​။ ခရီး​ပန်း​လာလို့​ ဇွဲကပင်ဟိုတယ်မှာပဲ နား​ဦး​မှာ​ပေါ့​။ ၆ နာရီမှာ ညစာစား​ပွဲ ​ခေါ်ထား​ပါတယ်။”

ကေအန်ယူအ ​နေနဲ့​ အစိုး​ရနဲ့​ ဒုတိယအကြိမ်​ဆွေး​နွေး​ပွဲမှာ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက်ဆိုင်ရာ အ​သေး​စိတ်ကို လုပ်​ဆောင်သွား​ဖို့​၊​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ပြုလုပ်သွား​ဖို့​၊​ ပြည်သူအတွက် အာမခံချက်ရှိတဲ့​ လုံခြုံမှုရရှိဖို့​၊​ ယုံကြည်မှု တည်​ဆောက်ဖို့​နဲ့​ လူ့​အခွင့်​အ​ရေး​ကို ကာကွယ် ​စောင့်​ရှောက်ဖို့​စတဲ့​ အချက် ၅ ချက်ကို အဓိကထား​ ​ဆွေး​နွေး​ဖို့​ ဒီမနက်မှာပဲ ​ကေအန်ယူက ​ကြေညာချက် ထုတ်ပြန်ထား​ပါတယ်။

ဒီအချက်​တွေကို ပြည်နယ်အဆင့်​အတွက် ဒီည​နေပိုင်း​မှာ​ဆွေး​နွေး​ပြီး​ ဧပြီ ၅ ရက်​နေ့​မှာ​တော့​ ဘား​အံမြို့​မှာရှိတဲ့​ ကရင်အဖွဲ့​အစည်း​ကို ​တွေ့​ဆုံ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဧပြီ ၆ ရက်​နေ့​မှာ​တော့​ ရန်ကုန်မြို့​မှာ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ ဆက်လက် ပြုလုပ်သွား​မှာပါ။

ဧပြီ ၄ ရက်​နေ့​က​နေ ၁၁ ရက်​နေ့​အထိ ဒီခရီး​စဉ်အတွင်း​ ငြိမ်း​ချမ်း​ရေး​ရရှိ​ရေး​ ကြိုး​ပမ်း​ဆောင်ရွက်ရာမှာ အလွှာအသီး​သီက လူထု​တွေ၊​ လူမှုအဖွဲ့​အစည်း​၊​ နိုင်ငံ ​ရေး​ပါတီ​တွေနဲ့​လည်း​ ​တွေ့​ဆုံသွား​မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေဆုံသွား​မှာ ဖြစ်တယ်လို့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

 ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ဟာ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နဲ့​ တနင်္သာရီတိုင်း​ ထား​ဝယ်မြို့​ကို သွား​ရောက်​လေ့​လာဖို့​ ရှိပြီး​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ် ဖို့​ရှိ​ကြောင်း​လည်း​ ဆိုပါတယ်။

နှစ်​ ပေါင်း​ ၆၀ ​ကျော်ကြာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့​တဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရ အကြား​ ဇန်နဝါရီလဆန်း​ပိုင်း​က ပထမအကြိမ် ​တွေ့​ဆုံရာမှာ အပစ်အခတ်ရပ်ထား​ဖို့​ နှစ်ဖက် ပဏာမသ​ဘော တူညီခဲ့​ပါတယ်။

No comments: