Thursday, August 30, 2012

ကရင့်ရိုးရာ ကဒတ်ဟင်းလျာ



အခုလို မိုးရာသီဝါခေါင်လမှာ ကရင်လူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ  မြိန်ရည်ယှက်ရည် စားသုံးနေကြတဲ့ ဟင်းလျာတမျိုးကတော့ ကဒတ်ဟင်းလျာပဲ ဖြစ်ပါတယ်။

မလေးရှားမှာတော့ ဒီကဒတ်ဥတွေကို ရှာလို့မလွယ်တဲ့အတွက်ကြောင့် ကရင်ပြည်ကနေ လှမ်းမှာရပါတယ်။ ဒီမနက်မှာတော့ ကရင်ပြည်နယ်မှတဆင့် ဘန်ကောက်ကနေ ရောက်ရှိလာတဲ့
ကဒတ်ဥတွေကို MKO ရုံးမှာချက်ပြီး ၀ါခေါင်လထမင်းဝိုင်းကို ဖေါ်ဆောင်စားသုံးကြပါတယ်။



ကဒတ်ဟင်းကို အလွယ်တကူ ချက်ပြုတ်နိုင်ပါတယ်။
 ၁။ သင့်တော်သလောက်ရေကိုအိုးထဲထည့်ပြီး ငါးပိအနည်းငယ်ထည့်ကာ အရင်ကြိုရပါတယ်။
၂။ ဆူပွက်လာတဲ့အခါ စပါးလင်နှစ်ဥနဲ့ အသင့်ထောင်းထားတဲ့ ငြုတ်သီးစိမ်း၊ ကြက်သွန် နီ/ဖြူတွေကို
ထည့်ရပါတယ်။
၃။ ပြီးလျှင် လှီးထားပြီးသား ကဒတ်ဥကို ထည့်ပြီး အနည်းငယ်မွှေပေးရပါတယ်။
၎။ ငါးမိနစ်ခန့်ကြာပြီးသောအခါ ငါးစိမ်း(သို့) ပုဇွန်တမျိုးမျိုးကို ထည့်ပြီး ဟင်းခတ်အချိုမှုန့်နဲ့ ဆားကို
သင့်တော်သလောက်ထည့်နိုင်ပါတယ်။
၅။ ပြီးလျှင် ပင်စိမ်းရွက်နဲ့ အုပ်လိုက်ပါက ဟင်းကောင်းတအိုး ရနိုင်မှာဖြစ်ပါတယ်။

No comments: