Tuesday, September 4, 2012

အညံ့စားအမတ်



တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၏လွတ်တော်အမတ်ဦးတင်ရှန်သည်ယခုတခေါက်လွတ်တော်တွင်အောက်ပါအချက်နှစ်ခုကိုတင်
ပြတောင်းဆိုခဲ့ကြောင်း15.8.2012 ရက်စွဲပါမြန်မာ့အလင်းသတင်းစာတွေ့နိုင်သည်။
ပထမတစ်ချက်မှာ မြိတ်မြို့ကမ်းနားလမ်းတလျှောက်ပလက်ဖောင်းပေါ်တွင်အားကစားပစ္စည်းများထားရှိရေးနှင့်ဒုတိယအချက်မှာ
ဆိုကရေးတီးကိစ္စရပ်များကိုပိုမိုအားပေးရေးတို့ဖြစ်သည်။
ဦးတင်ရှန်သည်သီတာရေလုပ်ငန်းကုမ္ပဏီမှမန်နေဂျာတစ်ဦးဖြစ်သည်။၎င်း၏ဖခင်ဦးကြင်မောင်မှာယခင်မစလပါတီမှတင်းပြည့်
ကျပ်ပြည့်ပါတီဝင်တစ်ဦးဖြစ်သည်။အရည်ချင်းရှိမျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီး၎င်းကိုယ်တိုင်ကြံဖွံပါတီဝင်ဖြစ်သည်။
မြိတ်မြို့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လျှက်နှင့်မြို့၏အကျိုးကိစ္စ၊လူထုအကျိုးရှိမည့်ကိစ္စရပ်များကိုတင်ပြရမည့်အစား၊ရှုး
ကြောင်ကြောင်ကိစ္စများကိုသာတင်ပြခဲ့သည့်အတွက်မြိတ်မြို့သားတစ်ဦးအနေနှင့်အလွန်ပင်ရှက်မိဒေါသဖြစ်မိသည်။
ဦးလှသန်းကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြပါ ။
ရေလုပ်ငန်းကိစ္စရပ်များကိုမဆွေးနွေးမတင်ပြခဲ့ပါ။ငါးမှုန့်စက်ရုံအနံအသက်ဆိုးရွားစွာထွက်ရှိနေခြင်းကိစ္စများကိုမတင်ပြခဲ့ပါ။သစ်
တောများမတရားခိုးထုတ်နေခြင်း၊သစ်တောပြုန်းတီခြင်းကိစ္စအကြောင်းများကိုလည်းမတင်ပြမဆွေးနွေးခဲ့ပါ။
ဦးဋ္ဌေးမြင့်ကိုကြောက်၍အောက်ပါအချက်များကိုမတင်ပြခဲ့ပါ။
 လမ်းများအလွန်ပျက်စီးနေခြင်းကိုသိလျှက်ပင်မတင်ပြခဲ့ပါ။လျှပ်စစ်မီတာခများဈေးကြီးပေးဆောင်နေရခြင်းကိစ္စများကိုလည်းမ
ဆွေးနွေးခဲ့ပါ။ငါးဦးစီးဌာနနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်ကိုကြောက်၍ဒေသဖွံဖြိုးရေးကြေးများနှင့်VIP ကြေးများကောက်ခံနေခြင်းကိစ္စ
များကိုလည်းမတင်ပြခဲ့ပါ။တရားဝင်အခွန်ဆောင်၍Export ထွက်ခွါနေသောငါးသယ်လှေ(လိုင်းဖြူ)များထိုင်းနိုင်ငံသို့တိုက်ရိုက်
ထွက်ခွါခွင့်မရရှိဘဲ့ ကြားစခန်းဖြစ်သောဝါးကျွှန်းစစ်ဆေးရေးစခန်းများတွင်တဖန်အစစ်ဆေးခံပြီးမှထွက်ခွါနေရခြင်းကိုလည်းမ
တင်ပြခဲ့ပါ။မြန်မာ့ရေတပ်မတော်ကိုကြောက်၍ရေတပ်မတော်မှစစ်သင်္ဘောများတိုင်းရင်းသားပိုင်လှေအသီးသီးမှနည်းမျိုးစုံဖြင့်
ခြိမ်းခြောက်ကာငွေတောင်းခံခြင်း၊ဒီဇယ်ဆီများကိုတောင်းခံခြင်းကိစ္စရပ်များကိုလည်းမတင်ပြခဲ့ပါ။
အမှန်တကယ်လိုအပ်နေသောအရာများကိုတင်ပြမည့်အစားခပ်ညံ့ညံ့အကြောင်းအရာများကိုတင်ပြခဲ့သောအညံ့စားအမတ်ကို
အမြန်ဆုံးဖယ်ရှားပေးနိုင်ရန်မြိုသားတစ်ဦးအနေဖြင့်တင်ပြအပ်ပါသည်။

No comments: