Tuesday, November 6, 2012

MKO ဖခင်ကြီး ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက် ဆုတောင်းပွဲပြုလုပ်မည်


ဖထီးကနဲမီဟာ MKO (Malaysia Karen Organization) အဖွဲ့အစည်း ဖြစ်ပေါ်လာဖို့အတွက် ဖွဲ့စည်းပုံကိုပါ ရေးဆွဲပြီး စတင်အကောင်အထည်ဖေါ်ခဲ့တဲ့သူပါ။

သူဟာ အမျိုးသားရေးအတွက် စိတ်အားထက်သန်ပြီး သြစတြေးလျ ဆရာဝန်က ရောဂါအခြေအနေကြောင့် ခရီးဝေးမသွားဖို့ သတိပေးတဲ့ကြားကနေ နယ်စပ်အစည်းအဝေးအတွက် မဖြစ်ဖြစ်အောင် ပြန်လာခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ  အရေးပေါ်ဆေးတက်ရောက်ကုသနေရပါတယ်။ အဲဒါကြောင့် ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက် MKO ရုံးမှာ မနက်ဖြန် ၆-၁၂-၂၀၁၂၊ နေ့လည် ၁၂နာရီခွဲ အချိန်မှာ ၀တ်ပြုဆုတောင်းပွဲပြုလုပ်မှာ ဖြစ်တဲ့အတွက် မလေးရှားရောက် ကရင်အမျိုးသားများ တက်ရောက်လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။




No comments: