Wednesday, February 6, 2013

အကြွေး ၆သိန်း ပြန်မဆပ်နိုင်လို့ သမီးဖြစ်သူကို သားမယားပြုကျင့်တဲ့ အုပ်ချုပ်ရေးမှူးကို အရေးယူပေးပါ

အကြွေး ၆သိန်း ပြန်မဆပ်နိုင်လို့

သမီးဖြစ်သူကို သားမယားပြုကျင့်တဲ့

အုပ်ချုပ်ရေးမှူးကို အရေးယူပေးပါ

ပန်းတနော်မြို့နယ် ခရေကုန်းကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်ပေးနေသည့် နယ်လှည့်အခ,မဲ့ ကွန်ပျူတာ
သင်တန်း အမှတ်စဉ် ၁၂အား စီစဉ်ထားသော ဘုန်းတော်ကြီးကျောင်းအတွင်း ဖွင့်လှစ်ခွင့်မရ,အောင်
နှောက်ယှက်ဖိအားပေးသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တိုက်ရိုက်တွေ့ဆုံမေးမြန်းပြီး
မကူညီချင်နေပါ မနှောက်ယှက်ရန်ပြောကြားနေစဉ် ထိုကျေးရွာအုပ်ချုပ်ရေးမှူးမှာ မယားကြီးရှိပါလျှက်
နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူဧ။် သမီးဖြစ်သူ ၁၇နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်
နိုင်သော မိဘဖြစ်သူကိုအကြပ်ကိုင်ပြီး သမီးကိုသိမ်းယူကာ အတင်းအကျပ်မယားပြုပြီး ကိုယ်ဝန်ရ,လာေ
သောအခါ စွန့်ပစ်လိုက်သော လူမဆန်သူတဦးဖြစ်သည်။

ထိုလိုလူများသည် ဒေသ,ဖွံ့ဖြိုးရေးအတွက် နည်းပညာလာရောက် အခ,မဲ့သင်ပေးသော မိမိတို့အဖွဲ့ကို ရိုင်း
စိုင်းစွာ ဆက်ဆံတုန့်ပြန်သဖြင့် ကျနော်နှင့်ပါလာသော အလှူရှင်များနှင့် အတော်ပင် အခြေအတင် ဖြစ်ပွား
ခဲ့ရသည်။ သူတို့ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက်ကူညီပေးသော မိမိတို့ကိုပင် ရန်သူသဖွယ်ဆက်ဆံသည်။

ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက,ရွံ့မုန်းသော်လည်း အာဏာပိုင်နေသူမို့ ဘယ်သူက,မှ
မပြောရဲကြပေ။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့်
တဲစုတ်လေးတခုပေါ်တွင် သားကင်းငယ်လေးနှင့်အတူ မကျန်းမမာ ဝေဒနာခံစားနေရသော မိန်းကလေး
ငယ်။
သူမ,အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်းကြောင့် သူ့အဖိုးအရွယ်ရှိ
သော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။
ယခု ကလေးငယ်ဖြင့် ဒီလိုနေနေရ,ပါသည်။

No comments: