Friday, May 10, 2013

ထိုင်းငံပြာရည် စားသုံးရန် စံချိန်မမီကြောင်း တွေ့ရှိ

ထိုင်းနိုင်ငံတ၀န်း ရောင်းချနေတဲ့ ငံပြာရည် အများစုမှာ တာရှည်ခံအောင်သုံးထားတဲ့ ဓာတုပစ္စည်း ပါဝင်မှုအဆင့်ဟာ စားသုံးဖို့ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီဘူးလို့ လေ့လာတွေ့ရှိချက်တခုကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ထိုင်း ဆေးသိပံ္ပဌာနက နိုင်ငံတ၀န်းက ကုန်တိုက်တွေနဲ့ ဈေးတွေမှာရောင်းချနေတဲ့ ငံပြာရည်နဲ့ ရောထားတဲ့ စားသောက်ကုန်တွေရဲ့ အရည်အသွေးကို စစ်တမ်းကောက်ရာမှာ အခုလို တွေရှိခဲ့တာပါ။

Photo_ The Nation

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ မတ်လအတွင်း ငံပြာရည် ထုတ်လုပ်တဲ့ကုမ္ပဏီ ၁၁၈ ခုက ငံပြာရည် နမူနာ ၄၇၁ မျိုးကို စစ်ဆေးခဲ့တာပါ။

လေ့လာချက်အရ   ငံပြာရည်ရဲ့အရည်အသွေးဟာ  ဈေးနှုန်းအပေါ် မူတည်နေတာမဟုတ်ဘဲ ဈေးကြီးတဲ့ ငံပြာရည်မှာရော ဈေးပေါတဲ့ ငံပြာရည်မှာပါ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ငံပြာရည်  ၆၃ ဒဿမ ၈ ရာခိုင်နှုန်း နဲ့ ငံပြာရည်အရော ၃၇ ဒဿမ ၁ ရာခိုင်နှုန်းကတော့ ဘေးကင်းလုံခြုံ စိတ်ချရတယ်လို့ ဆိုပါတယ်။

အစားအစားနဲ့ ဆေးဝါးထိန်းချုပ်ရေးဌာန တာဝန်ရှိသူတွေကတော့ နိုင်ငံတ၀န်းမှာရှိတဲ့ ငံပြာရည် ထုတ်လုပ်သူတွေကို စစ်ဆေးမှာဖြစ်ပြီး စံမမီတာတွေ့ရင် တရားဥပဒေအရ ချက်ချင်း အရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။

No comments: