Friday, January 13, 2012

အစိုးရနဲ့ KNU အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုး

2012-01-12
မြန်မာအစိုးရအဆက်ဆက်ကို ၆၃ နှစ်ကြာ လက်နက်စွဲကိုင် တိုက်ပွဲဝင်လာခဲ့တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ သမ္မတဦးသိန်းစိန်ရဲ့ အထူးကိုယ်စားလှယ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့တို့ ဇန်န၀ါရီ ၁၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ ပမာဏ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
RFA
မြန်မာအစိုးရခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ KNU အဖွဲ့မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမူးတူးဆေးဖိုးတို့ ဖားအံမြို့မှာ ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က အပစ်ခတ်ရပ်စဲရေးပဏာမ လက်မှတ်ရေးထိုးနေကြပုံ
ကေအန်ယူနဲ့ ယခင်မြန်မာအစိုးရအဆက်ဆက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ၆ ကြိမ်လောက် ဆွေးနွေးခဲ့ကြဖူးပေမယ့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို အောင်အောင်မြင်မြင် အပစ်အခတ်ရပ်စဲနိုင်ရာမှာ အပြန်အလှန်ယုံကြည်မှုဟာ အဓိကကျတယ်လို့မြင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ၀န်ကြီး ဦးအောင်မင်းက အာအက်ဖ်အေကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ဆင့်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးပါဝင်တဲ့ ပင်လုံညီလာခံထက်ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲကြီး တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီိအဆင့်မှာ ပါဝင်နိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးပါတီအားလုံးရှေ့မှာ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ထာဝရငြိမ်းချမ်းရေးအတွက် နေပြည်တော်ကြီးမှာ လက်မှတ်ရေးထိုးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်လို့ ကျွန်တော် ယူဆပါတယ်”
ဒီအတောအတွင်း ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ၄ နာရီအကြာမှာ အကျဉ်းသား ၆၀၀ ကျော်ကို လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က ကြေညာချက်ထုတ်ပြန်လိုက်တာဟာ ကေအန်ယူနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကေအန်ယူကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုကစလို့ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေးအတွက် အစိုးရကို လက်နက်စွဲကိုင်တော်လှန်လာခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းကို အာအက်ဖ်အေက ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်
ဒီသတင်းနဲ့ပတ်သက်ပြီး ဘားအံမြို့မှာ ပြုလုပ်တဲ့ အပစ်ရပ်ရေးလက်မှတ်ရေးထိုးပွဲနဲ့ပတ်သက်ပြီး သတင်းယူဖို့ ရောက်နေတဲ့ ရန်ကုန်တိုင်မ်းသတင်းစာ အယ်ဒီတာ ဦးကိုကိုကို အာအက်ဖ်အေအဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်

Tuesday, January 10, 2012

MYANMAR: High hopes for Karen peace talks


Zipporah Sein, general-secretary of the Karen National Union
CHIANG MAI, 9 January 2012 (IRIN) - Karen leaders are cautiously optimistic about the possibility of peace after more than 60 years of fighting Burmese security forces as they prepare for meetings with the government on 10 January.

A Karen "peace committee" - formed in November - has arranged a two-day meeting in the state's Pa Ang District for what is hoped will lead to a permanent end to the armed conflict that began in 1949 and has left the civilian population devastated by decades of instability.

"The talks are the very first step in negotiations for a ceasefire," Karen National Union (KNU) vice-president Saw David Thakabaw told IRIN.

"We have to begin with a ceasefire and then proceed to negotiations, with political dialogue taking place later."

The Karen, a largely Christian community in eastern and southern Myanmar, have effectively been at war with Myanmar's central government since the country gained independence from the UK.

Federal system

The KNU seeks a genuine federal system giving Myanmar's individual ethnic states greater autonomy.

In 2011, the KNU joined an umbrella alliance of ethnic parties and groups - including the Mon, Shan, Karenni, Chin, and Kachin people - to form the United Nationalities Federal Council in an effort to bring unified strength to the negotiating table.

"It's been very difficult in the past. We've met five times already with the successive regimes in power and now it will be the sixth time. We hope this time will be different because of the changes in the geo-political situation," said Saw David Thakabaw.

The news comes as Myanmar's nominally civilian government appears more open to international dialogue following the visit of US Secretary of State Hillary Clinton last November and UK foreign minister William Hague in January.

"We think now is an ideal time to open talks to reform the political problems during the negotiations," explained KNU general-secretary Zipporah Sein. "But we will not sign a ceasefire for peace unless there is a guarantee that it will lead to political dialogue and long-lasting peace.

"One of the main problems is the security for the civilian population because many of them are still living in IDP [internally displaced persons] areas and they cannot go back to their villages.

"Despite the talks, the Burmese are still sending supplies and troops into the area and we are afraid that they will use their military power against us again," said Zipporah Sein.

According to the Thai Burmese Border Consortium (TBBC), an umbrella group of NGOs working along the border to supply aid to 10 refugee camps - at least 112,000 people were forced to leave their homes in southeast Myanmar between August 2010 and July 2011.

These rates are the highest in a decade, underlining the escalation in fighting since the 2010 elections.

And while many of the displaced have returned home, others have moved to refugee camps; about 20,000 live in makeshift camps inside Karen state, the TBBC reported.

Cultural issues

"The education of the Karen and other ethnic groups has been destroyed over the years so we need the right to an education for our next generation, especially to learn our culture, our history and our language," said Saw Mort, spokesperson for the Karen Student Network Group.

Karen Women's Organization spokesperson Knaw Paw stressed the need for women's issues to be addressed in the peace process but said that initially, what was most important was basic human rights for civilians caught up in the conflict.

"The people in the camps listen to the radio and they know about what's happening in the capital but I think the majority of them are still struggling with their hardships and just trying to carry on with their lives and survive," Knaw Paw says.

ss/ds/mw
Theme (s): Conflict, Refugees/IDPs,
[This report does not necessarily reflect the views of the United Nations]

An American Sniper in Burma

An American Sniper in Burma

MKO ဥက္ကဋ္ဌ မန်းစိန်သန်း၏ ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပပြီးစီး

ဒီကနေ့ ၀၈-၀၁-၂၀၁၁၊ မနက်(၁၀)နာရီအချိန်မှာ မင်နီဆိုးတားပြည်နယ်၊အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားတော့မဲ့ MKO ဥက္ကဋ္ဌမန်းစိန်သန်းနဲ့ ဇနီးဖြစ်သူနော်မော်လီတို့အား ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ UNHCR အရာရှိများ၊ တိုင်းရင်း သားခေါင်းဆောင်များ၊ MKO မင်ဘာများ လူစုံတက်စုံတက်ရောက်လာကြပြီး MKO ယဉ်ကျေး မှုအဖွဲ့နဲ့ ကျောင်းသူကျောင်းသားများက ကရင့်ရိုး ရာ ဒုံးအကမျိုးစုံဖြင့် တင်ဆက်ဖျော်ဖြေသွားကြပါတယ်။

၂၀၀၇-ခုနှစ်မှစပြီး ယနေ့အချိန်ထိ MKO ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌမန်းစိန်သန်းဟာ KNU ခေါင်းဆောင်များ ဘားအံမြို့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် တစ်ရက်အလို ၁၁-၀၁-၂၀၁၁ နေ့မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ကုန်သေတ္တာတင်သင်္ဘော ထက်ပိုင်းပြတ်

 Rena oil spill: Key and Joyce warn of more oil 

 

 

Source Photo from http://www.allvoices.com

နယူးဇီလန် ကမ်းခြေအနီးတွင် ကုန်သေတ္တာတင်သင်္ဘော ထက်ပိုင်းပြတ်သွား
9 Jan, 2012


စုစုပေါင်း ၇၇၄ပေ အရှည်ရှိသည့် ကုန်သေတ္တာတင် သင်္ဘောတစ်စီးမှာ နယူးဇီလန်နိုင်ငံပိုင် North Island ကျွန်းအနီးတွင် ထက်ပိုင်းပြတ် ခဲ့သဖြင့် များပြားလှသော ကုန်သေတ္တာများနှင့် အပျက်အစီးအပိုင်းအစများမှာ ရေထဲတွင် မျော ပါနေရကြောင်းလည်း သိရသည်။ Rena ဟုအမည်ရသည့် အဆိုပါ သင်္ဘော မှာ လွန်ခဲ့သည့် အောက်တိုဘာလကပင် အဆိုပါနေရာ၌ သောင်တင်နေရခြင်းဖြစ်ပြီး ယမန်နေ့က ပင်လယ်ပြင်တွင် လှိုင်းများဖြစ်ပေါ်ခဲ့ရသဖြင့် ယခုလို ထက်ပိုင်းပြတ်သွားရခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကုန်သေတ္တာလေးလုံးမှာ နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေတစ်ခု ဖြစ်သည့် Waihi Beach သို့လှိုင်းနှင့်အတူ မျောပါခဲ့သဖြင့် လုယက်မှုများဖြစ်ပွား ခဲ့ကာ ယင်းကမ်းခြေကို ပိတ်ထားခဲ့ရကြောင်းလည်း တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။ ယင်းသို့ ကမ်းခြေကိုရောက်ရှိလာသည့် အပျက်အစီး အပိုင်းအစများထဲတွင် သစ်များ၊ နို့မှုန့်များ ၊ ပလတ်စတစ်များနှင့် အခြားအညစ်အကြေးများလည်း ပါဝင်လာခဲ့ကြောင်း နယူးဇီလန် ပင်လယ်ရေကြောင်း အဖွဲ့ မှထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါသင်္ဘောမှာ လွန်ခဲ့ သည့် အောက်တိုဘာလ ၅ ရက်နေ့က တန်ချိန်ပေါင်း ၃၅၀ မက်ထရစ်တန်မှာ ထိုစဉ်ကစတင်ပြီး ပင်လယ်ထဲသို့ စီးဝင်ခဲ့ရကြောင်းလည်း သိရသည်။ သို့ရာတွင်ယခုလို ထက်ပိုင်းပြတ် ခဲ့ရမှုကြောင့် နောက်ထပ် ဆီယိုစိမ့်မှုများ ရှိနေခြင်းမရှိကြောင်းလည်း သိရသည်။

Karen community in London will hold a tradition peace ceremony

Dear friends,

We would like to invite you to participate in our Karen tradition peace ceremony that will take place outside the Burmese Embassy in London on 12th January 2012 at 12 noon, to call on the military-backed Burmese government to stop attacking ethnic people, stop their military actions, stop human rights violation and declare nationwide ceasefire to start political dialogue with ethnic resistance groups.

On this global day of action, the Karen community around the world will hold this traditional peace ceremony. By holding our traditional peace ceremony, we show that we are peace loving people and we are longing for peace. We want the negotiation between our Karen (KNU) leaders and military backed Thein Sein Government that will take place on 12 January to lead to political dialogue so that we can have genuine peace for all the Karen and other ethnic nationalities and everyone living in Burma.

Time: 12:00 – 13:00
Date: 12 January 2012
Place: Outside Burmese Embassy
Address: 19A Charles Street London W1J 5DX
Near Green Park Station

We are not doing any slogans but you are welcome to bring some placards. The placards should be:

• Declare Nationwide Ceasefire
• We want a political solution which guarantees ethnic rights and culture
• Stop attacking ethnic people
• Stop military actions in ethnic areas
• Stop human rights violation
• Release Mahn Nyein Maung (Mahn Nyein Maung is a KNU leader, sentenced to 17 years in prison on a charge of "unlawful association")
• Release all political prisoners

Lets us come together as one, to show Thein Sein government that we are ready for peace and ask them if they are. If they are, they will end the attacks against ethnic people, they will end their military actions in the ethnic areas, they will stop human rights violations, and they will declare nationwide ceasefire and start political dialogue with ethnic armed resistance groups.

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )


အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

 ၀ိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

အမေ့ခြေရာ အမှီလိုက်တဲ့သမီး

မအေတူသမီးလေး
အနောက်နိုင်ငံတွေမှာ တိုးတက်မှုတွေနဲ့ အတူ လူတွေလည်း
စောစောစီးစီးအရွယ်ရောက်လာကြတယ်ထင်ပါရဲ့။ ဒီပုံမှာ ပါတာ ညီအစ်မ
မဟုတ်ပါဘူး မသိတဲ့ လူတွေကို သူတို့နှစ်ယောက်ကို ညီအစ်မလို့ပဲ မှတ်ထင်မိမှာပါ၊ သူတို့နှစ်ယောက်က သားအမိဖြစ်ပါတယ်။ မိခင်ဖြစ်သူ
Kathleen က ၁၂ နှစ်အရွယ်မှာ သူတို့အသိုင်းအဝိုင်းထဲက ၁၄ နှစ်အရွယ်
ကောင်လေးတစ်ယောက်နဲ့ မှားယွင်းခဲ့တာကြောင့် သမီးဖြစ်သူ Georgia Moss ကို မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်နဲ့ ကလေးမွေးခဲ့တာကြောင့် ၁၉၈၈ ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အခုတော့ သမီးဖြစ်သူ Georgia Moss ကလည်း အမေခြေရာကို အမှီလိုက်ပြီး အသက် ၁၂နှစ် မှာ ခလေးမွေးခဲ့ပြီဖြစ်ပါတယ်။ ဘမျိုးဘိုးတူပြောမလား မိမျိုးဖွား တူပြောကြမလား....ဒါမှမဟုတ် လူမှာအမျိုး ကြက်မှာအရိုးပေါ့။ ကျန်ခဲ့တဲ့နှစ်တွေတုန်းကလည်း အသက် ၁၂ နှစ်နဲ့ ဗြိတိန်နိုင်ငံရဲ့ အငယ်ဆုံးဖခင် တစ်ယောက် ဖြစ်သွားတာလဲရှိခဲ့ဘူးပါတယ်။
အမေဖြစ်တဲ့သူ ၁၂ နှစ် အရွယ်တုန်းက

Monday, January 9, 2012

ယမန်နေ့ည (၁၁)နာ ရီတွင် ကြာအင်းဆိပ်ကြီးမြို့နယဗုံးပေါက်ကွဲ

BBC
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ အနန်းကွင်းကျေးရွာ ဘုရားပွဲတွင် ယမန်နေ့ည (၁၁)နာ ရီတွင် ဗုံးပေါက်ကွဲရာ လူ(၄) ဦးသေပြီး၊ (၄၅) ဦးထက်မနဲ ဒါဏ်ရာရရှိခဲ့သည်ဟု အနန်းကျေးရွာ ကျန်းမာရေးမှူး တဦးက ပြောပါသည်။ ဤအထဲ၌ သံပုရာရွာသား (၁၃) ဦး၊ တောင်စွန်းရွာသား (၂)ဦး၊ မုဒုံမြို့မှ ဈေးသည် (၂) ဦး၊ ခုံခံကျေးရွာမှ တဦးသေပြီး၊ တဦးဒါဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။
သာမန် ဒါဏ်ရာရသည့် လူနာများကို အနန်းကွင်းဆေးပေးခန်းနှင့်၊ သံဖြူဇရပ်သို့လည်းကောင်း၊ အရေးပေါ်လူနာများကိုမူ မော်လမြိုင်မြို့သို့ လည်းကောင်း ပို့ဆောင်ခဲ့ရသည်ဟု အနန်းကွင်းကျေးရွာ ကျန်းမာရေးဌာနထံမှ သိရပါသည်။
မည်သူ့လက်ချက်ကြောင့် မသိရသေးသော်လည်း၊ အနန်းကွင်းကျေးရွာ၌ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ဗျူဟာရုံး အခြေစိုက်ရာ နေရာဖြစ်ပြီး၊ နည်းဗျူဟာမှူးသည်၊ ဗိုလ်မှူးကြီး၊ စိုးမိုးအောင်ဖြစ်ပါသည်။ ပွဲခင်း၌လည်း မွန်ပြည်နယ် ရေးမြို့အခြေစိုက် စကခ(၁၉)မှ ဒုဗိုလ်မှူးကြီး သန်းထွတ်အောင် ဦးစီးသည့် ခလရ(၆၁) စစ်ကြောင်း (၁)မှ ပွဲခင်းအ တွင်းလုံခြုံရေး တာဝန်ယူပြီး၊ ဗိုလ်မှူး အောင်မင်းထွေး ဦးစီးသည့် စစ်ကြောင်း (၂) သည်၊ ပွဲခင်းပြင်ပလုံခြုံရေး တာဝန်ယူ ထားသည်ဟု သိရပါသည်။
ဤကိစ္စနှင့်ပါတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ တဦး ထုတ်ဖေါ်ပြောကြားသည်မှာ-“ ကျနော်တို့ လက်ချက်မဟုတ်ဘူး၊ ကျနော်တို့နဲ့ အစိုးရက မကြာခင်ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိတယ်မဟုတ်လား၊ ဒါကြောင့် ကျနော်တို့ မလုပ်ဘူး၊ ပြီးတော့ အခုသေတဲ့သူရော ဒါဏ်ရာရတဲ့ သူတွေဟာ ကရင်လူမျိုး သက်သက်ပါဘဲ၊ ကရင် လူမျိုးတွေကို ဒီလိုဗုံးခွဲပြီး သတ်ပါ့မလား၊ ဒီလိုမျိုးဘဲ အရင်က လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းကလည်း တခါဖြစ်ဘူးတယ်။ အဲဒီတုန်းက လမိုင်းဘုရားပွဲပါ၊ (၁၀)ဦးသေပြီး (၇၀) ထက်မနဲ ဒါဏ်ရာရခဲ့တယ်။ အဲဒီတုန်းကတော့ မွန်ပြည်သစ်ပါတီကို စွပ်စွဲခဲ့ဘူးတယ်၊ဒါကို သတိရနေတယ်။ အခုလည်း ကျနော်တို့ KNU ကို စွပ်စွဲမှာဘဲ”ဟုကေအန်ယူ တပ်မဟာ (၆) မှ ပဒိုထဲနေကပြောပါသည်။
EXplo_03
(ဓါတ်ပုံ - အင်တာနက်)
ယခုဗုံးပေါက်သည့်နေရာသည်၊ အနန်းကွင်းကျေးရွာ၌ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၅) ဗျူဟာရုံး၏ ခြံစည်းရိုး၌ ဖြစ်ပါသည်။ အနန်းကွင်း ဘုရားပွဲသည်၊ ဒေသခံ ကရင်လူမျိုးတို့၏ အဓိက ပွဲတော်တခုလည်း ဖြစ်ပါသည်။ ဤကဲ့သို့သော ဘုရားပွဲမျိုးတွင် ကေအန်ယူ လက်ချက် မဖြစ်နိုင်ဟု ဒေသခံတချို့က ဆိုပါသည်။

(ကြံ့ဖွံ့ သိန်းစိန်) စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ မန်းရောဘတ် ဘဇန်၏ သဘောထား တင်ပြချက်

6 January 2012


၁။ ကရင့်လက်နက်ကိုင်ခုခံတော်လှန်စစ် နှစ်ပေါင်း (၆၂)နှစ်ကျော်အတွင်း ကရင်တစ်မျိုးသားလုံးရဲ့ တော်လှန်ရေး ရည်မှန်းချက်ဟာ -

(က) ကရင်ပြည်တည်ဆောက်ရေး။
(ခ) တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး။
(ဂ) ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ဖြစ်တယ်၊

၂။ ကရင်တစ်မျိုးသားလုံးက ကိုင်စွဲထားတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ) (၄) ချက်ဟာ-

(က) ကရင်တွေ လက်နက်ချစကား မပြောရ၊
(ခ) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊
(ဂ) ကရင့်ကြမ္မာ ကရင်ဖန်တီးရမယ်၊
(ဃ) ကရင်ပြည်ကို အသိအမှတ်ပြုရမယ်၊ ဒီအချက်တွေဟာ ကရင် တမျိုးသားလုံးရဲ့ သစ္စာတရားနဲ့ အဓိဌာန် ပြုချက်တွေ ဖြစ်တယ်။
၃။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ “ကရင်တွေဟာ ပြဿနာတရပ်ကို စစ်နဲ့ မဖြေရှင်းလိုကြောင်း၊ ကရင်တွေဟာ စစ်ဝါဒီတွေ မဟုတ်ကြောင်း” ပြသတာ ဖြစ်တယ်၊ ကရင်ပြည်အရေး ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စုအရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြဿနာဖြေရှင်းဘို့ စစ်မြေပြင်ထက် စားပွဲဝိုင်းမှာ ဆွေးနွေး ဖြေရှင်းဘို့ အရေးဟာ ကရင်တမျိုးသားလုံးရဲ့ မွေးရာပါ ဗီဇဖြစ်တယ်။

၎။ ကရင်တမျိုးသားလုံးက လိုလားနေတဲ့ (ကရင်ပြည်) နဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်မချင်း၊ ကရင်တမျိုးသားလုံးရဲ့ တဦးတည်းသော ကရင်ပြည်နယ် အစိုးရ ကိုယ်စားလှယ် (KNU) (ကော်သူးလေ ပြည်သူ့ အစိုးရ) လက်ထဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အာဏာ လုံးဝမရဘဲ (အပေါ်ရံ ရွှေမုန့်ကြဲ) (လူသေကို သနပ်ခါးလိမ်းပေး) တဲ့ လူတစု အကျိုးပြု (နယ်စပ်ဖွံ့ဖြိုး ရေး) ဆိုတဲ့ (ပျားရည်နဲ့ဝမ်းချ) တဲ့ လှည့်ကွက်ထဲ လုံးဝ အရောက်ခံမည် မဟုတ်။

၅။ ကြံ့ဖွံ့ သိန်းစိန် စစ်အုပ်စုက ငြိမ်းချမ်းရေး တကယ်လိုချင်ကြောင်း၊ ဒီမိုကရေစီ ကိုတကယ် လိုချင်ကြောင်း၊ ပြည်ထောင်စု မပျိုကွဲရေးကို တကယ် လိုချင်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တကယ်လိုချင်ကြောင်း ပြသတဲ့အနေနဲ့ အောက်ပါ အချက်တွေကို အရင်လုပ်ပြပါ။

(က) ကရင်ပြည်နဲ့ ဘဝတူ ညီအကိုတော် လူမျိုးစုပြည်နယ်များကို ထိုးစစ်ဆင်နေတာကို ချက်ချင်းရပ်ပါ၊ တယောက်နဲ့တယောက် သံသယရှင်းအောင် လူမျိုးစုပြည်နယ်တွေထဲမှာ ကျူးကျော်နယ်ချဲဏ္ဍထားတဲ့ ကြံ့ဖွံ့တပ်တွေ လုံခြုံတဲ့ဒေသတွေအထိ ပြန်ဆုတ်ပေးပါ၊

(ခ) မတရား ဖမ်းဆီးထားတဲ့ လူမျိုးစုံပြည်သူတွေ။ နိုင်ငံရေးယုံကြည်သူတွေကို ချွင်းချက်မရှိ လွတ်ပေးပါ၊ မတရားထုတ်ပြန်ထားတဲ့ ပြဌာန်းထားတဲ့ ဥပဒေ မှန်သမျှ ပြန်လည်ရုတ်သိမ်းပါ၊

(ဂ) ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျည်းဥပဒေနဲ့ စစ်ဗိုလ်တမတ်သား။ ဘောင်းဘီချွတ် စစ်ဗိုလ်လူထွက်များ။ မဲခိုးပြီး အမတ်ဖြစ်လာတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ (လွတ်တော်)အတုကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျည်း ဥပဒေအသစ် ရေးဆွဲဘိုဏ္ဍ တိုင်းရင်းသားလူမျိုးစုံ ပြည်သူ့ကိုယ်စားလည်တွေနဲ့ (ပြည်သူ့လွတ်တော်) ခေါ်ယူပါ၊

(ဃ) ကြံ့ဖွံ့သိန်းစိန်က (သံလွင်ခက်) ကိုင်ပြီး မင်းအောင်လှိုင်က (မြား)နဲ့ ခြိမ်းခြောက်နေတဲ့ နည်းဗျူဟာ ဟာ ခေတ်မမှီတော့ဘူး၊ ညီကိုတော် လူမျိုးစုတိုင်းက ဒီနည်းဗျူဟာကို အလွတ်ရနေတယ်၊ စေတနာမှန်မှန်နဲ့ တိုင်းပြည်အကျိုး သယ်ပိုးကြပါ၊

(င) ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တ၀န်း (ဒီမိုကရေးစီ) အခွင့်အရေး အပြည့်အဝပေးပါ၊ လူ့အခွင့်အရေးကို လေးစားတန်ဘိုးထားပါ၊

(စ) ကရင်ပြည်မှာတပ်စွဲထားတဲ့ ကြံ့ဖွံ့ တပ်မ (၂၂) နဲ့ (၄၄) တပ်မတွေကို ကရင်နဲ့ အယောင်ပြ အပစ်အခတ်ရပ်စဲရေး ဘန်းပြပြီး ဘဝတူ ကချင်ညီကိုတွေဆီ တပ်အလုံးအရင်းပို့ပြီး စစ်ဆင်ရေး လုပ်နေတာကို ချက်ချင်းရပ်ပါ၊

၆၊ ကရင်တမျိုးသားလုံးက အမျိုးသားလွတ်မြောက်ရေး ခုခံတော်လှန်စစ်ဆင်နွဲနေ တာဟာ နှစ်ပေါင်း(၆ဝ) ကျော်ခဲ့ပါပြီ။ ကရင်တွေ မလွတ်လပ်မချင်း မြတ်တရားတဲ့ လက်နက်ကိုင်ခုခံစစ် ဆင်နွဲနေရအုန်းမယ်၊ ကရင်တမျိုးသားလုံးအဘို့ (သန်းခေါင်) ထက် ညည့်မနက်တော့ပါဘူး၊ ကရင်တွေဟာ မပျော့ညံ့ဘူး။ သူရဲဘောကြောင်သူတွေ မဟုတ်ဘူး။ အချောင်သမား အခွင့်အရေးသမားတွေ မဟုတ်ဘူး။ ကိုယ်ကျိုး ရှာတွေမဟုတ်ဘူး။

အထက်ပါသဘောထားတွေကို ရန်သူ ကြံ့ဖွံ့သန်းစိန်စစ်အုပ်စုက မလုပ်နိုင်ရင် အချိန်ကုန်လူပန်းမခံဘဲ မိမိတို့စီမံချက်အတိုင်း ဆက်လုပ်သွားရမယ်၊ ဘာမှ မယ်မယ်ရရ ရန်သူကမလုပ်ပေးဘဲ ဆက်လက်ဆွေးနွေးနေရင် ဟိုးလွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်က စစ်အာဏာရှင် ဗိုလ်နေဝင်းက (KRC) မူးဆိုးဟန်တာသာမွှေးတို့ကို (KNUP) ထဲက မြူဆွယ် ဖဲ့ထုတ်သွားသလို ဖဲ့ထုတ်ခံသွားရမှာဖြစ်တယ်၊ သတိရှိရှိနဲ့ ရန်သူရဲ့ နည်းဗျူဟာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ ကျဆုံးလေပြီးဖြစ်တဲ့ ကရင့်အာဇာနည် သူရဲကောင်း အထောင်အသောင်းရဲ့ သစ္စာတော်ကို စောင့်သိရိုသေပါ၊ (KNU)ဟာ ကရင့်တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ခေါင်းဆောင်ဘို့ ကရင်တမျိုးသားလုံးက ယုံကြည်စိတ်ချစွာနဲ့ တာဝန်ပေးအပ်ထားပြီးဖြစ်တယ်၊ ကရင့်ရန်သူတွေရဲ့ နည်းဗျူဟာနဲ့ လှည့်ကွက်တွေကို သတိရှိရှိ စောင့်ကြည့်ပါ၊ မိမိအတွင်းစည်းထဲက (သိုးမဲ)တွေရဲ့ အားနည်းချက်ကို ပြင်ဘို့မမေ့နဲ့။ ပြည်တွင်း ပြည်ပက ကရင်တမျိုးသားလုံး (KNU) ရဲ့ မှန်ကန်တဲ့ ခေါင်းဆောင် မှုကို ရပ်တည် ခံယူနေတယ်၊

ကရင့်တော်လှန်ရေး မုချအောင်ရမည်၊
မန်းရောဘတ် ဘဇန်။

မဲဆောက် တောရဘုန်းတော်ကြီးကျောင်းကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းထား

ဇန်န၀ါရီ ၆ရက်၊ ၂၀၁၂။ ရွှေသိုက်တော

Photo-KIC (ယမန်နေ့က ဖြစ်ပွားခဲ့သည့် တင်းမာမှုကို ထိုင်းရဲများက ၀င်ရောက်ထိန်းသိမ်းပေးနေစဉ်)


မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် မြန်မာဘုန်းတော်ကြီးများအကြား ဖြစ်ပွားနေသည့် ကျောင်းတိုက်ဆိုင်ရာ ပြဿနာများကို ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ထိန်းသိမ်းထားလိုက်ပြီး ဖြစ်သည်။

မဲဆောက်တွင် သက်တမ်း ၁၁၁နှစ်ရှိ တောရမြန်မာဘုန်းတော်ကြီးကျောင်းမှ မြန်မာဘုန်းတော်ကြီးများအကြား ၂လကျော်ကြာ ဖြစ်ပွားနေသည့် ကျောင်းတိုက်နေရာ လုယူမှုပဋိပက္ခကို မဲဆောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က လာရောက်ထိန်း သိမ်းလိုက်သည့်အတွက် ရှုတ်ထွေးနေသည့် အခြေအနေများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

သက်တော် ၆၅နှစ် ၀ါတော် ၄၅၀ါရှိ လက်ရှိ ကျောင်းထိုင်ဆရာတော် အရှင်မဟိန္ဒ၏ အုပ်ချုပ်မှုကို လက်မခံနိုင်သည့်အတွက် ကျောင်းတိုက်ဝင်းအတွင်း သီးသန့်သီတင်းသုံးနေထိုင်သည့် အရှင်ခေမာ၊ သက်တော် ၇၄နှစ် ၀ါတော် ၅၄၀ါက လက်ရှိဆရာ တော်အား ကျောင်းတိုက်အတွင်းမှ ဖယ်ရှားရန်
ကြိုးစားရာမှ ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျောင်းဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။


၎င်းက “ပြီးခဲ့တဲ့ တန်ဆောင်မုန်းလဆန်း ၈ရက်နေ့ကစပြီးဖြစ်တာ အဲဒီနေ့မှာ လက်ရှိ ဆရာတော်ဦးမဟိန္ဒက ကထိန်ခင်းတာကို ဦးခေမာက ဘုန်းကြီးကျောင်းတခုထဲမှာ ကထိန်နှစ်ခါ ခင်းလို့မရဘူးဆိုပြီး ထိုင်းပုလိပ်နဲ့ သွားတိုင်လို့ ကထိန်ပွဲပျက်သွားတယ်။ အဲဒါအပြင် ဘန်ကောက်က ထိုင်းသတင်းစာတိုက်တခုရဲ့ အကူအညီနဲ့ လက်ရှိဆရာတော်ကို မောင်းထုတ်ပြီး သူ့နေရာမှာ အခြားထိုင်းဘုန်းတော်ကြီးတစ်ပါးနဲ့ အစားထိုးဘို့ စီစဉ်တာကို ကျောင်းဂေါပကနဲ့ ကျောင်းဒကာတွေက မကျေနပ်ရာကနေ စခဲ့ တာပဲ။”ဟု ပြောသည်။

နှစ်ဘက် ဆရာတော်များအကြားမှ မကျေလည်မှု ပြဿနာများကြောင့် နှစ်ဘက်ဒကာများအကြားတွင် အဓိကရုဏ်းဖြစ်မည့် အနေအထားသို့ ရောက်ရှိလာခဲ့သည့်အတွက် ယမန်နေ့က မဲဆောက်အုပ်ချုပ်ရေးတာဝန်ရှိသူများ လာရောက်ထိန်းသိမ်းပေးခဲ့ ပြီး ဘုန်းတော်ကြီးအရှင်ခေမာမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ မလာရောက်မီ ကျောင်းတော်မှ တရက်ကြို၍ ထွက်ခွာသွားခဲ့ပြီး မဲဆောက်မြို့ပြင်ရှိ ဘွဲကလားကျေးရွာ ထိုင်းဘုန်းတော်ကြီးတွင် ရောက်ရှိနေသည်ဟုသာ သိရသည်။

ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အရှင်ခေမာကို မေးမြန်းရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။ ထို့အပြင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကျောင်းဝင်းအတွင်းမှ တင်းမာမှုကြောင့် ကျောင်းပြင်ပတွင် ထိုင်းရဲအချို့နှင့် အချုပ်ကားများ နေရာယူထားကာ ဘုန်းတော်ကြီးအရှင်ခေမာ၏ အစီအစဉ်နှင့် ကျောင်းဝင်းထဲ ရောက်ရှိနေသည့် ဘန်ကောက်သတင်းစာတိုက်တခုမှ ခေါင်း ဆောင်နှင့်အဖွဲ့ဝင်များကို မဲဆောက်ရှိ ထိုင်းရဲများက ကျောင်းတိုက်အတွင်းမှ ထွက်ခွာစေခဲ့သည်။

တောရကျောင်း ဂေါပကအဖွဲ့ဝင်ကိုသိန်းက “ဒီကိစ္စ ဒီလိုဖြစ်ရတာ မြန်မာနိုင်ငံသားတွေအတွက် သိက္ခာအကြီးအကျယ်ကျရသ လို ဒေသခံတွေကြားမှာလည်း တကယ်အရှက်ရဘို့ ကောင်းတယ်။”ဟု ဆိုသည်။

လက်ရှိတွင်တောရကျောင်းပြဿနာနှင့်ပတ်သက်၍ မဲဆောက်အုပ်ချုပ်ရေးရုံးက ကိုင်တွယ်လျှက်ရှိပြီး ကျောင်းကို မဲဆောက် မြို့ရှိ ၀ပ်ဒွန်းချိုင်း ဘုန်းတော်ကြီးကျောင်းမှ ထိုင်းဆရာတော်က ယာယီ တာဝန်ယူထိန်းသိမ်းထားသည်ဟု သိရသည်။

မဲဆောက်မြို့နယ်တွင် ကျောင်းကြီးဘုန်းတော်ကြီးကျောင်း(၀ပ်နဒါ)၊ တောရကျောင်း (၀ပ်ပါကောင်)၊ မယ်တော်ကျောင်း (၀ပ် ထိုင်းဝထနားလမ်း)၊ တောရကျောင်းသစ်(၀ပ်ပါမိုင်)၊ ထာ့အာကျောင်း အပါအ၀င် မြန်မာဘုန်းတော်ကြီးကျောင်း ၅ကျောင်းရှိပြီး
၎င်းတောရဘုန်းတော်ကြီးကျောင်းတွင် ကျောင်းစတည်ရှိချိန်မှစ၍ လက်ရှိဆရာတော်အရှင်မဟိန္ဒ အပါအ၀င် မြန်မာဘုန်းတော် ကြီး ၅ပါး ကျောင်းထိုင်လာခဲ့သည်ဟု ကျောင်း၏ နှစ် ၁၀၀ပြည့် အထိမ်းအမှတ်စာအုပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရရှိသည့်သတင်းအရ တောရကျောင်းတွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခသည် ထိုင်းတရားရုံးသို့ ရောက်ရှိသွားပြီးဖြစ်သည် ဟု တောရကျောင်းဆရာတော်အရှင်မဟိန္ဒက ပြောသည်။

၎င်းက “ဒီနေ့မနက် ဘုန်းကြီး မဲဆောက်တရားရုံးကိုသွားပြီး လက်မှတ်သွားထိုးရတယ်။ တရားရုံးက မေးတယ်။ ဘုန်းကြီး မဲဆောက်မှာနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့ နှစ် ၄၀ရှိပြီးလို့ ပြန်ပြောလိုက်တယ်။ ဒီလောက်ပါပဲ။ အခြားတော့ ဘာမှ မမေးဘူး။”ဟု မိန့်ကြားသည်။

ထိုင်းရှေ့နေတဦးက ထိုင်းတရားရုံးသို့ အမှုရောက်ရှိသွားသည့်အတွက် တောရကျောင်းနှင့် လက်ရှိဆရာတော်၏ အခြေအနေ မည်သို့ဖြစ်လာမည်ကို တပ်အပ် မခန့်မှန်းနိုင်ကြောင်း၊ အကယ်၍ ထိုင်းတရားရုံးက ထိုင်းတွင် နှစ် ၄၀ကြာ နေထိုင်ခဲ့ခြင်းကို စာနာစဉ်းစားပေးပါက မျှော်လင့်ချက်ရှိနိုင်သည်ဟု ပြောသည်။

ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သာသနာရေးဦးစီးဌာန၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် ကျောင်းထိုင် ဘုန်းကြီးသည် ထိုင်းနိုင်ငံသားဖြစ်ရမည်ဟု တရားဝင် သတ်မှတ်ထားသည်။

The Art of Freedom Film Festival ဆုပေးပွဲမှာ ကပြခဲ့တဲ့ ဇာဂနာ ဦးဆောင်တဲ့ အငြိမ့်အဖွဲ့ရဲ့ ဖျော်ဖြေမှု ဗီဒီယို

Virus အသစ်တဲ့ဗျာ .... သတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်

Saturday, 7 January 2012

ဒီသတင်းဟာယနေ့မနက်တွင် Microsoftနှင့်Nortonတို့မှပေးပို့လိုက်သော
သတင်းဖြစ်ပါသည်။ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့
Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့် ချက်ချင်း delete လုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင်
It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏
PC မှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်မိမိ အမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။ သည်မေးလ်ကိုချက်ချင်းလက်ဆင့်ကမ်းပေးကြပါ။

ဗီယက်နမ် လူမျိုးတစ်ဦး ကီလို ၉၀ အလေးချိန်ရှိ အသားပိုကိုဖယ်ရှား

လွန်ခဲ့သည့် သောကြာနေ့က ဗီယက်နမ်နိုင်ငံရှိ လူတစ်ဦးမှာ ၎င်း၏ ညာဘက်ခြေေ ထာက်တွင်ရှိသည့် ခန္ဓာကိုယ် အလေးချိန်ထက်ပင် ပိုမိုလေးပင်သော အသားပိုကြီးကို ဖယ်ရှားလိုက်ပြီဖြစ်ကာ ၎င်း၏ အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်းလည်း ဆေးရုံ တာဝန်ရှိသူမျာမှ ပြောကြားလိုက်သည်။

Nguyen Duy Hai ဆိုသူမှာ ၎င်း၏ ခန္ဓာကိုယ်တွင် ပေါင်ချိန် ၁၉၈ ပေါင်လေးသော အသားပိုကြီး
ဖြစ်ထွန်းနေသဖြင့် ဟိုချီမင်းမြို့ရှိ France-Vietnam (FV)  ဆေးရုံတွင် ဆရာဝန်များပါဝင်သည့် အဖွဲ့တစ်ခုမှ ၁၂နာရီကြာ ခွဲစိတ်မှုကိုပြုလုပ်ပြီး ခွဲစိတ်ပေးခဲ့ခြင်း လည်း ဖြစ်ကြောင်းသိရသည်။ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့်  Hai မှာ ယခုလို မျိုးရိုးဗီဇချို့ယွင်းသည့် ရောဂါကို ရှားရှားပါးပါး ခံစားနေရခြင်းဖြစ်ပြီး ၎င်း၏အ သက် ၄ နှစ်သား အရွယ်ကပင် အဆိုပါအသားပိုဖြင့်နေထိုင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။