Monday, January 9, 2012

(ကြံ့ဖွံ့ သိန်းစိန်) စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ မန်းရောဘတ် ဘဇန်၏ သဘောထား တင်ပြချက်

6 January 2012


၁။ ကရင့်လက်နက်ကိုင်ခုခံတော်လှန်စစ် နှစ်ပေါင်း (၆၂)နှစ်ကျော်အတွင်း ကရင်တစ်မျိုးသားလုံးရဲ့ တော်လှန်ရေး ရည်မှန်းချက်ဟာ -

(က) ကရင်ပြည်တည်ဆောက်ရေး။
(ခ) တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး။
(ဂ) ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ဖြစ်တယ်၊

၂။ ကရင်တစ်မျိုးသားလုံးက ကိုင်စွဲထားတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ) (၄) ချက်ဟာ-

(က) ကရင်တွေ လက်နက်ချစကား မပြောရ၊
(ခ) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊
(ဂ) ကရင့်ကြမ္မာ ကရင်ဖန်တီးရမယ်၊
(ဃ) ကရင်ပြည်ကို အသိအမှတ်ပြုရမယ်၊ ဒီအချက်တွေဟာ ကရင် တမျိုးသားလုံးရဲ့ သစ္စာတရားနဲ့ အဓိဌာန် ပြုချက်တွေ ဖြစ်တယ်။
၃။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ “ကရင်တွေဟာ ပြဿနာတရပ်ကို စစ်နဲ့ မဖြေရှင်းလိုကြောင်း၊ ကရင်တွေဟာ စစ်ဝါဒီတွေ မဟုတ်ကြောင်း” ပြသတာ ဖြစ်တယ်၊ ကရင်ပြည်အရေး ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စုအရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြဿနာဖြေရှင်းဘို့ စစ်မြေပြင်ထက် စားပွဲဝိုင်းမှာ ဆွေးနွေး ဖြေရှင်းဘို့ အရေးဟာ ကရင်တမျိုးသားလုံးရဲ့ မွေးရာပါ ဗီဇဖြစ်တယ်။

၎။ ကရင်တမျိုးသားလုံးက လိုလားနေတဲ့ (ကရင်ပြည်) နဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်မချင်း၊ ကရင်တမျိုးသားလုံးရဲ့ တဦးတည်းသော ကရင်ပြည်နယ် အစိုးရ ကိုယ်စားလှယ် (KNU) (ကော်သူးလေ ပြည်သူ့ အစိုးရ) လက်ထဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အာဏာ လုံးဝမရဘဲ (အပေါ်ရံ ရွှေမုန့်ကြဲ) (လူသေကို သနပ်ခါးလိမ်းပေး) တဲ့ လူတစု အကျိုးပြု (နယ်စပ်ဖွံ့ဖြိုး ရေး) ဆိုတဲ့ (ပျားရည်နဲ့ဝမ်းချ) တဲ့ လှည့်ကွက်ထဲ လုံးဝ အရောက်ခံမည် မဟုတ်။

၅။ ကြံ့ဖွံ့ သိန်းစိန် စစ်အုပ်စုက ငြိမ်းချမ်းရေး တကယ်လိုချင်ကြောင်း၊ ဒီမိုကရေစီ ကိုတကယ် လိုချင်ကြောင်း၊ ပြည်ထောင်စု မပျိုကွဲရေးကို တကယ် လိုချင်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တကယ်လိုချင်ကြောင်း ပြသတဲ့အနေနဲ့ အောက်ပါ အချက်တွေကို အရင်လုပ်ပြပါ။

(က) ကရင်ပြည်နဲ့ ဘဝတူ ညီအကိုတော် လူမျိုးစုပြည်နယ်များကို ထိုးစစ်ဆင်နေတာကို ချက်ချင်းရပ်ပါ၊ တယောက်နဲ့တယောက် သံသယရှင်းအောင် လူမျိုးစုပြည်နယ်တွေထဲမှာ ကျူးကျော်နယ်ချဲဏ္ဍထားတဲ့ ကြံ့ဖွံ့တပ်တွေ လုံခြုံတဲ့ဒေသတွေအထိ ပြန်ဆုတ်ပေးပါ၊

(ခ) မတရား ဖမ်းဆီးထားတဲ့ လူမျိုးစုံပြည်သူတွေ။ နိုင်ငံရေးယုံကြည်သူတွေကို ချွင်းချက်မရှိ လွတ်ပေးပါ၊ မတရားထုတ်ပြန်ထားတဲ့ ပြဌာန်းထားတဲ့ ဥပဒေ မှန်သမျှ ပြန်လည်ရုတ်သိမ်းပါ၊

(ဂ) ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျည်းဥပဒေနဲ့ စစ်ဗိုလ်တမတ်သား။ ဘောင်းဘီချွတ် စစ်ဗိုလ်လူထွက်များ။ မဲခိုးပြီး အမတ်ဖြစ်လာတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ (လွတ်တော်)အတုကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျည်း ဥပဒေအသစ် ရေးဆွဲဘိုဏ္ဍ တိုင်းရင်းသားလူမျိုးစုံ ပြည်သူ့ကိုယ်စားလည်တွေနဲ့ (ပြည်သူ့လွတ်တော်) ခေါ်ယူပါ၊

(ဃ) ကြံ့ဖွံ့သိန်းစိန်က (သံလွင်ခက်) ကိုင်ပြီး မင်းအောင်လှိုင်က (မြား)နဲ့ ခြိမ်းခြောက်နေတဲ့ နည်းဗျူဟာ ဟာ ခေတ်မမှီတော့ဘူး၊ ညီကိုတော် လူမျိုးစုတိုင်းက ဒီနည်းဗျူဟာကို အလွတ်ရနေတယ်၊ စေတနာမှန်မှန်နဲ့ တိုင်းပြည်အကျိုး သယ်ပိုးကြပါ၊

(င) ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တ၀န်း (ဒီမိုကရေးစီ) အခွင့်အရေး အပြည့်အဝပေးပါ၊ လူ့အခွင့်အရေးကို လေးစားတန်ဘိုးထားပါ၊

(စ) ကရင်ပြည်မှာတပ်စွဲထားတဲ့ ကြံ့ဖွံ့ တပ်မ (၂၂) နဲ့ (၄၄) တပ်မတွေကို ကရင်နဲ့ အယောင်ပြ အပစ်အခတ်ရပ်စဲရေး ဘန်းပြပြီး ဘဝတူ ကချင်ညီကိုတွေဆီ တပ်အလုံးအရင်းပို့ပြီး စစ်ဆင်ရေး လုပ်နေတာကို ချက်ချင်းရပ်ပါ၊

၆၊ ကရင်တမျိုးသားလုံးက အမျိုးသားလွတ်မြောက်ရေး ခုခံတော်လှန်စစ်ဆင်နွဲနေ တာဟာ နှစ်ပေါင်း(၆ဝ) ကျော်ခဲ့ပါပြီ။ ကရင်တွေ မလွတ်လပ်မချင်း မြတ်တရားတဲ့ လက်နက်ကိုင်ခုခံစစ် ဆင်နွဲနေရအုန်းမယ်၊ ကရင်တမျိုးသားလုံးအဘို့ (သန်းခေါင်) ထက် ညည့်မနက်တော့ပါဘူး၊ ကရင်တွေဟာ မပျော့ညံ့ဘူး။ သူရဲဘောကြောင်သူတွေ မဟုတ်ဘူး။ အချောင်သမား အခွင့်အရေးသမားတွေ မဟုတ်ဘူး။ ကိုယ်ကျိုး ရှာတွေမဟုတ်ဘူး။

အထက်ပါသဘောထားတွေကို ရန်သူ ကြံ့ဖွံ့သန်းစိန်စစ်အုပ်စုက မလုပ်နိုင်ရင် အချိန်ကုန်လူပန်းမခံဘဲ မိမိတို့စီမံချက်အတိုင်း ဆက်လုပ်သွားရမယ်၊ ဘာမှ မယ်မယ်ရရ ရန်သူကမလုပ်ပေးဘဲ ဆက်လက်ဆွေးနွေးနေရင် ဟိုးလွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်က စစ်အာဏာရှင် ဗိုလ်နေဝင်းက (KRC) မူးဆိုးဟန်တာသာမွှေးတို့ကို (KNUP) ထဲက မြူဆွယ် ဖဲ့ထုတ်သွားသလို ဖဲ့ထုတ်ခံသွားရမှာဖြစ်တယ်၊ သတိရှိရှိနဲ့ ရန်သူရဲ့ နည်းဗျူဟာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ ကျဆုံးလေပြီးဖြစ်တဲ့ ကရင့်အာဇာနည် သူရဲကောင်း အထောင်အသောင်းရဲ့ သစ္စာတော်ကို စောင့်သိရိုသေပါ၊ (KNU)ဟာ ကရင့်တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ခေါင်းဆောင်ဘို့ ကရင်တမျိုးသားလုံးက ယုံကြည်စိတ်ချစွာနဲ့ တာဝန်ပေးအပ်ထားပြီးဖြစ်တယ်၊ ကရင့်ရန်သူတွေရဲ့ နည်းဗျူဟာနဲ့ လှည့်ကွက်တွေကို သတိရှိရှိ စောင့်ကြည့်ပါ၊ မိမိအတွင်းစည်းထဲက (သိုးမဲ)တွေရဲ့ အားနည်းချက်ကို ပြင်ဘို့မမေ့နဲ့။ ပြည်တွင်း ပြည်ပက ကရင်တမျိုးသားလုံး (KNU) ရဲ့ မှန်ကန်တဲ့ ခေါင်းဆောင် မှုကို ရပ်တည် ခံယူနေတယ်၊

ကရင့်တော်လှန်ရေး မုချအောင်ရမည်၊
မန်းရောဘတ် ဘဇန်။

No comments: