Tuesday, January 10, 2012

MKO ဥက္ကဋ္ဌ မန်းစိန်သန်း၏ ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပပြီးစီး

ဒီကနေ့ ၀၈-၀၁-၂၀၁၁၊ မနက်(၁၀)နာရီအချိန်မှာ မင်နီဆိုးတားပြည်နယ်၊အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားတော့မဲ့ MKO ဥက္ကဋ္ဌမန်းစိန်သန်းနဲ့ ဇနီးဖြစ်သူနော်မော်လီတို့အား ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ UNHCR အရာရှိများ၊ တိုင်းရင်း သားခေါင်းဆောင်များ၊ MKO မင်ဘာများ လူစုံတက်စုံတက်ရောက်လာကြပြီး MKO ယဉ်ကျေး မှုအဖွဲ့နဲ့ ကျောင်းသူကျောင်းသားများက ကရင့်ရိုး ရာ ဒုံးအကမျိုးစုံဖြင့် တင်ဆက်ဖျော်ဖြေသွားကြပါတယ်။

၂၀၀၇-ခုနှစ်မှစပြီး ယနေ့အချိန်ထိ MKO ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌမန်းစိန်သန်းဟာ KNU ခေါင်းဆောင်များ ဘားအံမြို့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် တစ်ရက်အလို ၁၁-၀၁-၂၀၁၁ နေ့မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

No comments: