Friday, June 1, 2012

အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား

WEDNESDAY, 30 MAY 2012 12:02 အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ် တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်တွင် မေလ ၂၇ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ် အချိန်တိုက်ကြီးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စု၊ မြွေဟောက်အင်း ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ....(၁၁)နှစ်၊ မှီခို၊ မြွေဟောက် အင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ညနေ ၄ နာရီအချိန် ခြံချင်းကပ်လျက်ရှိ လူမနေသည့် အိမ်အတက်အဆင်းတွင် အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ် အင်္ကျီအား လည်ပင်းတွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ် လက်သန်းဝက်ခန့်ရှိ နှစ်ပင်လိမ်ကြိုး အား ကွင်းလျောချည်ကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရသည်။ ကြိုးဆွဲချသေဆုံးသည့် လက္ခဏာများမှလွဲ၍ ကျန်ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ဥက္ကံဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ဥက္ကံ ရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၃/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။   အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ်အင်္ကျီအား လည်ပင်း တွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ်လက်သန်း ၀က်ခန့်ရှိ နှစ်ပင်လိမ်ကြိုးအား ကွင်းလျောချည်ကာ ကြိုးဆွဲချသေ ဆုံးနေသည်ကို တွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ် ဥက္ကံရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်မင်းက ''သေသွားတဲ့ ကောင်မလေးရဲ့အထက်မှာ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိတယ်။ စတုတ္ထမြောက် အစ်မဖြစ်သူရဲ့ တစ်လသားသမီးလေးကို သူ့ရဲ့ အမေကသူ့ထက် ပိုချစ်နေတယ်လို့ ထင်နေတာက တစ်ကြောင်း၊ ကျောင်းတက်ဖို့အတွက် သူ့ရဲ့အမေကို ကျောင်းဝတ်စုံနဲ့ ဖိနပ်ဝယ်ခိုင်းတော့ ငွေကြေးအဆင်မပြေလို့ ကျောင်းဝတ်စုံကိုပဲ ၀ယ်ပေးနိုင်ခဲ့တဲ့ အချက်ကတစ်ကြောင်း၊ သေဆုံးသူက စိတ်မချမ်းသာဖြစ်နေတဲ့သူ့ရဲ့ ကိစ္စတွေကို အပြင်လူတွေကို ထုတ်ဖော်မပြောဘဲ မိမိတစ်ဦးတည်း ကြိတ်မှိတ်တဲ့အခါ စိတ်ဖိစီးမှု များပြားလွန်းတဲ့အတွက်ကြောင့် တစ်ကြောင်း၊ သူက အငယ်ဆုံးသမီးဖြစ်တဲ့အတွက် အားလုံးရဲ့ အလိုလိုက်ထားတဲ့အခါမှာ သူစိတ် အလိုမကျတဲ့အချိန်တွေမှာ ဘယ်သူနဲ့မှ စကားပြောလေ့မရှိဘဲ စိတ်ကြီး တတ်တဲ့အကျင့် ရှိတဲ့အကြောင်း အရာတွေက သူ့ကိုယ်သူ သတ်သေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နိုင်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်''ဟု သေဆုံးသွားသည်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့ပါသည်။  သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ''မနက်ပိုင်းမှာ ကျွန်မတို့တွေ သမီးနဲ့အတူ သရက်သီးခူးတယ်။ မွန်းတည့် ၁၂ နာရီမှာ ထမင်းစားနားတယ်။ မွန်းလွဲ ၂ နာရီအချိန်ထိတော့ အိမ်မှာ ရှိနေသေးတယ်။ ညနေ ၄ နာရီမှာ ခူးထားတဲ့ သရက်သီးတွေကို ဥက္ကံမြို့ပေါ်တက်ပြီးတော့ ရောင်းမယ်လို့ လုပ်တဲ့အခါမှာ ကလေးက မရှိတော့လို့ လိုက်ရှာတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်မျိုးနဲ့ သေနေတာ တွေ့ရပါတယ်''ဟု ပြောကြားခဲ့သည်။   Comments    +17 #6 Pho Lamin 2012-05-30 23:56 Quoting MagicGuy: တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိရပ်ဖများ ခင်ဗျား... ဒီကိစ္စဟာ အသေးအမွှား မဟုတ်တော့ပါ။ ဒါကို သေသေချာချာ လေ့လာဖို့ လိုပါမယ်။ ၁၁ နှစ် သမီး အရွယ်ကလေးက ဒီလို လုပ်တယ်ဆိုတာ လူမှုရေး ရူ့ထောင့်မှ လုံးဝ လက်မခံနိုင်ပါ။ ကျွန်တော် ၁၁ နှစ်က ကြိုးဆွဲချ သေတယ် ဆိုတာ မကြားဖူးပါ (ကိုမြင်ခဲ့တဲ့ ဆုံးသွားတဲ့ ဇာပနတွေထဲမှာ ပါခြင်ပါမှာပေါ့ ဒါပေမဲ့ ဒီလို နည်းနှင့် သေသွားတယ်လို့ မသိပါ)၊ ကြိုးဆွဲချ တယ်ဆိုတာကို ၁၇-၁၈ နှစ်လောက်မှ သေသေချာချာ နားလည်လာတာပါ။ ၃၀ ကျော်မှ ၁ခါပဲ မြင်ဘူးပါတယ်။ ဒီလို မသိသင့်၊ မကြားသင့် မမြင်သင့် တာကို ၁၁နှစ် အရွယ်ကလေးက လက်တွေ့ လုပ်သွားတယ်ဆိုတာ တော်တော်ကို ကြောက်စရာကောင်းတဲ့ လူနေမှု ဘဝ ဖြစ်နေပါပီ။ ကျွန်တော့ သုံးသတ်ချက်ကတော့ ၁။ သူများသတ်တာ ဖြစ်နိုင်တယ်။ ၂။ လူနေမှုဘဝမှာ ဒီလိုကိစ္စကို တော်တော် လေး နားရည်ဝနေတာ ဖြစ်နိုင်တယ်။ ၃။ မလိုလားအပ်တဲ့ ရုပ်ရှင် ဗီဒီယို တွေက နေ မြင်တွေ့နေတာကြောင့် ဖြစ်မှာပါ။ ကာယကံရှင် ကလေးမလေး၏ မိဘဆွေမျိုးများ အတွက် စိတ် မကောင်းသလို၊ သက်ဆိုင်ရာ၊ တာဝန်ရှိသူများ (ရတ်ကွက်အုပ်ချုပ်သူများ၊ ရဲများ ကို မဆိုလိုပါ - လူမှုရေး တာဝန်ရှိသူများဖြစ်တဲ့ မိဘ၊ ဆရာ၊ အနုပညာရှင်များကို ဆိုလိုပါတယ်) သေသေချာချာ လေ့လာ ဆမ်းစစ်သင့်ပါပီ။ လူသတ်သေတာများတဲ့ ကိုရီးယား၊ ဂျပန်မှာ တောင်မှ ၁၁နှစ် အရွယ် သတ်သေတာ သိပ်မရှိပါ။ 100% agreed with what MagicGuy commented .. It was not an ordinary suicide case for all of us.. it is a serious alarm to us .. Another thing is Police's conclusion said about psychological emotions of victim child, It should come from a professional psychiatric but police.     +12 #5 Thiha yz 2012-05-30 23:38 Quoting MagicGuy: တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိရပ်ဖများ ခင်ဗျား... ဒီကိစ္စဟာ အသေးအမွှား မဟုတ်တော့ပါ။ ဒါကို သေသေချာချာ လေ့လာဖို့ လိုပါမယ်။ ၁၁ နှစ် သမီး အရွယ်ကလေးက ဒီလို လုပ်တယ်ဆိုတာ လူမှုရေး ရူ့ထောင့်မှ လုံးဝ လက်မခံနိုင်ပါ။ ကျွန်တော် ၁၁ နှစ်က ကြိုးဆွဲချ သေတယ် ဆိုတာ မကြားဖူးပါ (ကိုမြင်ခဲ့တဲ့ ဆုံးသွားတဲ့ ဇာပနတွေထဲမှာ ပါခြင်ပါမှာပေါ့ ဒါပေမဲ့ ဒီလို နည်းနှင့် သေသွားတယ်လို့ မသိပါ)၊ ကြိုးဆွဲချ တယ်ဆိုတာကို ၁၇-၁၈ နှစ်လောက်မှ သေသေချာချာ နားလည်လာတာပါ။ ၃၀ ကျော်မှ ၁ခါပဲ မြင်ဘူးပါတယ်။ ဒီလို မသိသင့်၊ မကြားသင့် မမြင်သင့် တာကို ၁၁နှစ် အရွယ်ကလေးက လက်တွေ့ လုပ်သွားတယ်ဆိုတာ တော်တော်ကို ကြောက်စရာကောင်းတဲ့ လူနေမှု ဘဝ ဖြစ်နေပါပီ။ ကျွန်တော့ သုံးသတ်ချက်ကတော့ ၁။ သူများသတ်တာ ဖြစ်နိုင်တယ်။ ၂။ လူနေမှုဘဝမှာ ဒီလိုကိစ္စကို တော်တော် လေး နားရည်ဝနေတာ ဖြစ်နိုင်တယ်။ ၃။ မလိုလားအပ်တဲ့ ရုပ်ရှင် ဗီဒီယို တွေက နေ မြင်တွေ့နေတာကြောင့် ဖြစ်မှာပါ။ ကာယကံရှင် ကလေးမလေး၏ မိဘဆွေမျိုးများ အတွက် စိတ် မကောင်းသလို၊ သက်ဆိုင်ရာ၊ တာဝန်ရှိသူများ (ရတ်ကွက်အုပ်ချုပ်သူများ၊ ရဲများ ကို မဆိုလိုပါ - လူမှုရေး တာဝန်ရှိသူများဖြစ်တဲ့ မိဘ၊ ဆရာ၊ အနုပညာရှင်များကို ဆိုလိုပါတယ်) သေသေချာချာ လေ့လာ ဆမ်းစစ်သင့်ပါပီ။ လူသတ်သေတာများတဲ့ ကိုရီးယား၊ ဂျပန်မှာ တောင်မှ ၁၁နှစ် အရွယ် သတ်သေတာ သိပ်မရှိပါ။ ဟုတ်ပါတယ်ခင်ဗျာ..........ဒါဟာမြန်မာ့လူမှုအသိုက်အ၀န်းမှာစိတ်ဖိစီးမှု တွေခံစားနေရတာပြတာပါ...စိတ်ပေါ့သွပ်မှုမရှိသူကဒါမျိုးလုပ်တယ်ဆိုတာ သိပ်ပြီးခံစားရလွန်းလို့ပါ...ဆင်းရဲနွမ်းပါးမှုပြသနာလဲပါမှာပါ...အရင်းစစ်တော့အမြစ်မြေကဆိုသလို....တွေ့ကြမှာပါ..၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်။     +15 #4 sakyisoe 2012-05-30 23:27 ဒီထက်ပိုပြီးပြည့်စုံတဲ့ဆေးစစ်ချက်နဲ့ ဆိုပိုကောင်းမယ်ထင်တယ်..ဦးရဲကြီးရဲ့ ဖြေရှင်းချက်ကအပေါ်ယံလောက်ဘဲလို့ ယူဆမိတယ်..     +36 #3 Pure Myanmar 2012-05-30 19:22 ကြားရတာ စိတ်မကောင်းလိုက်တာ.. ဒီအရွယ်နဲ့ ဒါမျိုးကြံစည်ဝံ့တာ အံ့သြစရာကောင်းတဲ့အပြင်မှာ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတော့ ကျွန်တော့်အထင် လူကြီးတစ်ယောက်မကူပဲနဲ့ တော့ မဖြစ်နိုင်လောက်ဘူးလို့... နိုင်ငံခြားမှာ ဆိုရင်တော့ sexual assault တို့ဘာတို့ကို စစ်ဆေးမှာဘဲ...ဒီမှာတော့.. အကြောင်းကြောင်းတွေကြောင့် သူ့ကံပဲလေဆိုပြီးတော့ အမြန်ပိတ်ပစ်မှာပါပဲ... နောက်ဘ၀များစွာမှာ အေးချမ်းပါစေ ကလေးရယ်...     +74 #2 MagicGuy 2012-05-30 15:29 တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိရပ်ဖများ ခင်ဗျား... ဒီကိစ္စဟာ အသေးအမွှား မဟုတ်တော့ပါ။ ဒါကို သေသေချာချာ လေ့လာဖို့ လိုပါမယ်။ ၁၁ နှစ် သမီး အရွယ်ကလေးက ဒီလို လုပ်တယ်ဆိုတာ လူမှုရေး ရူ့ထောင့်မှ လုံးဝ လက်မခံနိုင်ပါ။ ကျွန်တော် ၁၁ နှစ်က ကြိုးဆွဲချ သေတယ် ဆိုတာ မကြားဖူးပါ (ကိုမြင်ခဲ့တဲ့ ဆုံးသွားတဲ့ ဇာပနတွေထဲမှာ ပါခြင်ပါမှာပေါ့ ဒါပေမဲ့ ဒီလို နည်းနှင့် သေသွားတယ်လို့ မသိပါ)၊ ကြိုးဆွဲချ တယ်ဆိုတာကို ၁၇-၁၈ နှစ်လောက်မှ သေသေချာချာ နားလည်လာတာပါ။ ၃၀ ကျော်မှ ၁ခါပဲ မြင်ဘူးပါတယ်။ ဒီလို မသိသင့်၊ မကြားသင့် မမြင်သင့် တာကို ၁၁နှစ် အရွယ်ကလေးက လက်တွေ့ လုပ်သွားတယ်ဆိုတာ တော်တော်ကို ကြောက်စရာကောင်းတဲ့ လူနေမှု ဘဝ ဖြစ်နေပါပီ။ ကျွန်တော့ သုံးသတ်ချက်ကတော့ ၁။ သူများသတ်တာ ဖြစ်နိုင်တယ်။ ၂။ လူနေမှုဘဝမှာ ဒီလိုကိစ္စကို တော်တော် လေး နားရည်ဝနေတာ ဖြစ်နိုင်တယ်။ ၃။ မလိုလားအပ်တဲ့ ရုပ်ရှင် ဗီဒီယို တွေက နေ မြင်တွေ့နေတာကြောင့် ဖြစ်မှာပါ။ ကာယကံရှင် ကလေးမလေး၏ မိဘဆွေမျိုးများ အတွက် စိတ် မကောင်းသလို၊ သက်ဆိုင်ရာ၊ တာဝန်ရှိသူများ (ရတ်ကွက်အုပ်ချုပ်သူများ၊ ရဲများ ကို မဆိုလိုပါ - လူမှုရေး တာဝန်ရှိသူများဖြစ်တဲ့ မိဘ၊ ဆရာ၊ အနုပညာရှင်များကို ဆိုလိုပါတယ်) သေသေချာချာ လေ့လာ ဆမ်းစစ်သင့်ပါပီ။ လူသတ်သေတာများတဲ့ ကိုရီးယား၊ ဂျပန်မှာ တောင်မှ ၁၁နှစ် အရွယ် သတ်သေတာ သိပ်မရှိပါ။     +58 #1 Khun July 2012-05-30 13:20 ၁၁ နှစ်အရွယ်နဲ့ ကြိုးဆွဲချသေဖို့ ... ဘယ်လိုမျိုးတွန်းအားတွေ ရှိနေလဲ မသိ... ကျွန်တော်တော့ အဲဒီအရွယ်မှာ ကစားမယ် စားမယ် ကာတွန်းစာအုပ်ဖတ်မယ်ပဲ သိသေးတယ်။   Refresh comments list JComments

ငြိမ်းချမ်းရေးစီးပွါးရေးသမားအလိုမရှိ



ရွာဆိုင်းပုဒ်နှင့်အတူကရင်အမျိုးသား အလံတော် ပျောက်ဆုံးနေ

မေလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးဝါ့ဒို့ကျေးရွာအ၀င်လမ်း မိုင်တစ်ဝက်ခန့် အကွာတွင် စိုက်ထူထားသော ကရင် အမျိုးသားအလံတော်နှင့် ရွာဆိုင်းပုဒ်မှာ မေလ၂၅ရက်နေ့က ဖြုတ်ချခံ ရပြီး ပျောက်ဆုံးလျှက်ရှိသည်ဟု ရွာခံများက ပြောသည်။
အဆိုပါ ဖြုတ်ခံရသည့် အလံနှင့် ဆိုင်းပုဒ်သည် ထီးဝါ့ဒို့ကျေးရွာနှင့် ပလိုင်ထိုဖိုက်ကျေးရွာအကြားတွင် တည်ရှိပြီး မည်သူမည်ဝါက မည်သည့်အကြောင်းကြောင့် သွားရောက်ဖြုတ်ချခဲ့သည်ကို ယခုအချိန်ထိ မသိရှိရသေးကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကိုယ်အမြတ်တနိုးထားတဲ့ ကိုယ့်ကရင်အလံတော် ဒီလို ဖြုတ်ချခံရတာ စိတ်မကောင်းဘူး။ နောက် “ထီးဝါ့ဒို့ကျေးရွာ”လို့ ရေးသားစိုက် ထူထားတဲ့ ဆိုင်းပုဒ်လည်း ဖြုတ်ချခံရတယ်။ ခက်တာက ဘယ်သူဘယ်ဝါ လာဖြုတ်လိုက်တာလဲတော့ မသိဘူး။”ဟု သူက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးရန် ထီးဝါ့ဒို့ကျေးရွာလူထုများက ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်ရုံးသို့ အသိပေး တင်ပြထားသည်ဟု သိရသည်။
KNU ဒူးပလာယာခရိုင် တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ယင်းသို့ အလံတော် ဖြုတ်ချခံရခြင်းကိစ္စကို ဆက်လက် စုံစမ်းဖော်ထုတ်ပြီး အေးဆေးစွာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
ဖြုတ်ချခံရသည့် ကရင်အမျိုးသားအလံတော်နှင့် ရွာဆိုင်းပုဒ်ကို ယခုနှစ်၊ ဧပြီလအစောပိုင်းတွင် ထီးဝါ့ဒို့ကျေးရွာလူကြီးနှင့် နယ်မြေခံ KNU တာဝန်ရှိသူများက ညှိနှိုင်းကာ စိုက်ထူထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသို့ လာရောက်မည့်အပေါ် ပြည်ပရောက် ကရင်လူငယ်အချို့၏ အမြင်သဘောထား

Submitted by on Thursday, 31 May 2012--

နော်ထူးဖော (ထိုင်းနိုင်ငံ)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မယ်လဒုက္ခစခန်းမှာ လာလည်မယ်လို့ သိရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ သူ့အနေနဲ့ ဒုက္ခသည် စခန်းကို လာရောက်လေ့လာပြီးရင် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ စိုးရိမ်ပူပန်မှုနဲ့ ဆန္ဒကို သိရမယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် အခုလို အခြေအနေမျိုးမှာ ဒုက္ခသည်တွေကို နေရပ်သို့ ပြန်လည်ပို့ရေးမပို့ရေးနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်နေတဲ့အချိန်ဆိုတော့ ဒေါ်စုအနေနဲ့က ဒုက္ခသည်တွေကို တွေ့ဆုံပြီးတဲ့နောက်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့၊ စစ်မှန်တဲ့ အပြောင်းအလဲ မဖြစ်မချင်း ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်မပို့စေချင်ပါဘူး။ ဒေါ်စုကလည်း ကျမတို့ရဲ့ ပြည်သူတွေဆန္ဒနဲ့ တစ်ထပ်တည်းပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်နိုင်ဖို့ သူလုပ်နိုင်တဲ့ အတိုင်းအတာအထိ လုပ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။

စောလောအဲ့စိုး (အမေရိကန်နိုင်ငံ)
မယ်လဒုက္ခသည်စခန်းကို လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုတာပေါ့နော်။ ခရီးစဉ်အတွက် စီစဉ်ပေးတဲ့ ထိုင်းအာဏာပိုင်တွေကိုရော ဒေါ်စုကိုယ်တိုင်ကိုရော ကျေးဇူးတင်တယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဗမာပြည် သား ပြည်သူလူထုတွေ တကယ့်ခေါင်းဆောင်ကြီးလာတဲ့အခါမှာ ၀မ်းမြောက်ဝမ်းသာရှိသလို မိခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ သားသမီး တွေကို လာကြည့်တဲ့ ခံစားမှုမျိုးကိုပဲ သူတို့(ဒုက္ခသည်)တွေ ခံစားရမှာဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ နောက်တခုကတော့ လက်ရှိ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဒုက္ခသည်အတွက် တွေ့ကြုံရမယ်ဆိုပေမယ့်လည်း အကောင်းဘက်ကို ဦးတည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ (လူတွေရဲ့ဘ၀အာမခံချက်) မသေချာ မရေရာဘူးလို့ ခံစားနေရတဲ့ ဒုက္ခသည်စခန်းမှာ ဒေါ်စုလာရင် မျှော်လင့်ခြင်းနဲ့ အားတစ်ခုပေါ့။ ဘာဖြစ်လဲဆိုတော့ ဒုက္ခသည်စခန်းက လူတွေ သူတို့ရဲ့ခံစားချက်တွေ အားလုံးဟာ သူများနိုင်ငံမှာ မိဘမဲ့လို ပစ်ထားခြင်း ခံရသလိုမျိုး ရှိတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါ မိခင်တစ်ယောက်လို လာပြီးတော့ တွေ့တဲ့အခါမှာ ၀မ်းသာစရာ အားအင်တစ်ခုလို့ ဒုက္ခသည်တွေ ခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။

စကက်နက်မိုး (တောင်ကိုရီးယား)
အာဏာရှင်အဆက်ဆက်က ဖန်တီးခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် စစ်ဘေးဒဏ်သင့်မှုတွေကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ကရင်လူမျိုးများနဲ့တကွ တိုင်းရင်းသားပေါင်းစုံ စုစည်းရောက်ရှိနေတဲ့ ဒုက္ခသည်စခန်းကို မမေ့မလျော့ လာရောက်တွေ့ဆုံအားပေးတဲ့ အမေ့ကို ဦးစွာ ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ရရှိဖို့အတွက် မဆုတ်မနစ် ကိုယ်ကျိုးမငှဲ့ဘဲ ကြိုးစားအားထုတ်နေတဲ့အမေ့ကို တကမ္ဘာလုံးက ထောက်ခံအားပေး ချီးကျူးဂုဏ်ပြုနေကြ သလို ကျနော်တို့ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ကလည်း အမေ့အပေါ်မှာ ယုံကြည်မှု အပြည့်အ၀ရှိပါတယ်။ လတ်တလော ဖြစ်ပေါ် နေတဲ့ ကချင်ဒေသ စစ်ဘေး၊ လျှပ်စစ်မီးလှုပ်ရှားမှု၊ အလုပ်သမားထုကြီးရဲ့ အခြေခံလစာ နည်းပါးမှုကြောင့် ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုကြီး တွေအပြင် တခြားဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာပေါင်းများစွာကို လိမ္မာပါးနပ်စွာ ရှေ့ဆက် ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
ကျနော့်အနေနဲ့ကတော့ နှစ်ပေါင်းသုံးဆယ်ခန့် ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ထိုင်းနိုင်ငံက ဒုက္ခသည်တွေရဲ့ကိစ္စရပ်တွေကို စနစ်တကျ ဖြစ်လာ စေဖို့အတွက် အမေ့ကို အားကိုးတကြီးနဲ့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ ဦးသိန်းစိန်အစိုးရအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ် အခတ်ရပ်စဲခြင်း၊ သက်ဆိုင်ရာရုံးများ ဖွင့်လှစ်ခြင်းတွေ လုပ်ဆောင်လာနိုင်တာဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်တွေလို့ ကျနော် ယူဆပါ တယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာရေး ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ၀ိသမလောဘ ကင်းမဲ့တဲ့ စက်မှုဇုန်တွေ အကောင်အထည်ဖော်လာနိုင်ရေး လုပ်ဆောင်ပြီးတဲ့အခါကျတော့ ဒုက္ခသည်တွေဟာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ပြည်ထောင်စုကြီးထဲက မိမိဇာတိမြေကို အတင်းအကြပ် ပြန်လည်ပို့ဆောင်ဖို့ မလိုအပ်ပါဘူး။ ရွှေပြည်သာဖို့သာ အရေးကြီးတယ်လို့ သားပြောပါရစေ အမေ။ ကြုံတွေ့နေရတဲ့ အထွေထွေ အခက်အခဲက များလွန်းတော့ အမေပင်ပမ်းနေမှာပါ။ အလားတူ အိမ်နီးချင်း ထိုင်းအစိုးရကိုလည်း အားလည်းနာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။
ကျနော်တို့ စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။ မဝေးတော့တဲ့ကာလအတွင်း နည်းနည်းလေး သည်းညည်းခံပေးပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။ အိမ်နီးနားချင်းတွေဟာ ဆွေမျိုးရင်းတွေပါ။ အနာဂတ်မှာ မျက်နှာပန်း လှတဲ့၊ စိတ်ရှည်သဘောကောင်းတဲ့၊ အနစ်နာခံ စောင့်ရှောက်ခဲ့တဲ့ လူတွေရဲ့အကြောင်းကို ကမ္ဘာကြီးက လေးစားဂုဏ်ယူနေမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် (ရုပ်သံ)

ကျောက်ကြီး IDP ဆွေးနွေးပွဲ - အပိုင်း (၁)+(၂) (ရုပ်သံ)


ကရင် လူမျိုးစုတွေကို ယာယီ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေး

 

နော်ဝေ သံအမတ်နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး လက်ဆွဲ နှုတ်ဆက်
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး ဗိုလ်မှူး ထူးထူးလေးတို့ဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တပ်မဟာ ၃ နယ်မြေထဲက ကရင်လူမျိုး
အများစု နေထိုင်တဲ့ ကျေးရွာတွေကို မေလ ၂၈ ရက်နေ့က ယာယီ မှတ်ပုံကဒ်ပြား ထုတ်ပေး ခဲ့ကြပါတယ်။ ကျောက်ကြီးမြို့နယ်မှာ စစ်ကြောင့် ပြေးလွှားနေရတဲ့ ပြောင်းရွှေ့နေထိုင်သူတွေကို
ကျောက်ကြီးမြို့နယ်က KNU ဆက်ဆံရေးရုံးမှာပဲ ယာယီ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးခဲ့တာဖြစ်သလို အဲဒီသူတွေရဲ့လူမှုဘဝ ပြန်လည် ထူထောင်ပေးဖို့ အတွက်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ
နော်ဝေ သံအမတ်ကြီးနဲ့ အဖွဲ့က အရင်ဦးဆုံး အနေနဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကို ထောက်ပံ့ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။

တီဗွီသတင်းလွှာ (၀၆-၀၁ -၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်အား ရွှေ့ပြောင်းလုပ်သားများကိစ္စ

အဂ္ဂမဟာ ဒီမိုဖက်တီး
ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်အား - - ရွေ့ပြောင်းမြန်မာလုပ်သားများ၏ ကလေးများ ထိုင်းကျောင်းများသို့ တက်ခွင့်ရရေး - လက်မှတ်မရှိသော ရွှေ့ပြောင်းလုပ်သားများကိစ္စ - အလုပ်ရှင်များက လုပ်သားများ၏ ပတ်စပို့စ်များကို သိမ်းထားခြင်း ကိစ္စ - အလုပ်ရှင်များမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိပါက တာဝန်ယူကုသပေးရန် အစရှိသည်တို့ကို ဆွေးနွေးပြောကြားသွားကြောင်း အတူလိုက်ပါနားထောင်ခွင့်ရခဲ့သည့် ထိုင်း သတင်းထောက် Natty Tangmeesan က သတင်းပေးပို့ပါသည်။


ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက မေ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။


“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ(တိုက်ပုံနှင့် မေးထောက်ထားသူ) ကိုရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague  မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။            ။

နေအိမ်ခန်းအတွင်း ကျောင်းသူတဦး အသတ်ခံရပြီး မီးရှို့ခံ

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ၇ လမ်း တိုက်ခန်းတခန်းအတွင်း နေထိုင်သော မိသားစု တစုမှ အသက် ၁၆ နှစ် အရွယ် ကျောင်းသူတဦး နေအိမ်တွင် တဦးတည်း ရှိစဉ် အသတ်ခံခဲ့ရပြီး နေအိမ်ခန်းကိုပါ မီးရှို့ထားမှုတခု မေလ ၃၀ ရက်နေ့ နေ့လည်က ဖြစ်ပွားခဲ့သည်။

“အဲဒီ တိုက်ခန်းထဲကနေ မီးခိုးတွေ ထွက်နေတာကို ကျနော် အပြင်က ပြန်ရောက်လာတဲ့ ၁၁ နာရီ မိနစ် ၂ဝ လောက်မှာ တွေ့လိုက်ရတာပါ။ မီးသတ်ကို ဖုန်းဆက် အကြောင်းကြားပြီး မီးသတ်ကားတွေ ၁၁ နာရီ ၄၅ လောက် ရောက်လာပါတယ်” ဟု အဆိုပါ တိုက်ခန်းအနီးနေ ထိုင်သော ဆယ်အိမ်မှူးတဦးက ဆိုသည်။

တာဝန်ရှိသူများ အဆိုပါ မီးလောင်သော အခန်းတွင်းသို့ ဝင်ရောက် စစ်ဆေးကြည့်ရာတွင် စောင်နှင့် ပတ်ထားသော ရုပ်အလောင်းနှင့် ရုပ်အလောင်း အောက်ရှိ ဂွမ်း မွေ့ယာကို မီးတငွေ့ငွေ့ စွဲလောင်ထားသည်ကို တွေ့ရှိရပြီး တိုက်ခန်း အခြား နေရာတို့တွင် မီးလောင် ထားသည်ကို မတွေ့ရှိ ရဟု ဆိုသည်။

“ကောင်မလေးကို တကိုယ်လုံး စောင်နဲ့ ပတ်ထားတာ မျက်နှာနဲ့ ခြေလက် အဖျားပိုင်းတွေပဲ တွေ့ရတာပါ။ ခေါင်းမှာ လည်း သွေးတွေ စီးကျနေတာပါ။ ခေါင်းကွဲ ဒဏ်ရာ နှစ်ချက်နဲ့လည်ပင်းမှာ ဒါးနဲ့ လှီးဖျက် ခံထားရတဲ့ ပြက်ရှ ဒဏ်ရာ
တွေကို တွေ့ရပါတယ်။ ရုပ်အလောင်းကိုတော့ နေ့လည် ၃ နာရီကျော်လောက်မှ သယ်သွားတာပါ” ဟု ရဲမှုခင်း တပ်ဖွဲ့နှင့်အတူ အဆိုပါ အခင်းဖြစ်ပွားရာသို့ လိုက်လံကြည့်ရှုသော ဆယ်အိမ်မှုးက ဆိုသည်။

ဆရာဝန် စစ်ဆေးချက်အရ အဆိုပါ အသတ်ခံရသူ မိန်းကလေးအား ဗလက္ကာယ ပြုကျင့်ထားသည့် လက္ခဏာများ တွေ့ရှိရခြင်း မရှိဟု ဆိုသည်။

အဆိုပါ အသတ်ခံရသော ကျောင်းသူသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယခုနှစ် မတ်လအတွင်း ဖြေဆိုထားခဲ့ပြီး၊ လသာ အထက ၂ တွင် တက်ရောက် ပညာသင်ကြားခဲ့သူတဦးဖြစ်ကြောင်း အိမ်နီးချင်း တဦးက ဆိုသည်။

အဆိုပါ မိန်းကလေးသည် မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး၊ အကို နှစ်ယောက်နှင့် မိဘနှစ်ဦးလုံး လသာမြို့နယ် ၁၈ လမ်းအတွင်း ဈေးထွက် ရောင်းနေစဉ် နေအိမ်တွင် တဦးတည်းကျန် ရှိကာ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

အထက်ပါ ဖြစ်စဉ်တွင် ပစ္စည်းလုယက်မှု ပါဝင်ပြီး လုယက်ခံရသည့် ပစ္စည်းများမှာ ရွှေထည် ပစ္စည်း ၁၃ မျိုး ဖြစ်ပြီး တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကာ တရားခံကို စုံစစ်းလျက်ရှိကြောင်း ယင်းအမှုကို ပ-၁၃ဝ၊ လူသတ်မှု ၊ အလောင်း ဖျောက်ဖျက်မှု၊ မီးရှို့မှု၊ ခိုးမှု တို့ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/ ၄၃၆/ ၂ဝ၁/၃၉၂  တို့ဖြင့် အရေးယူထားကြောင်းသိရှိရသည်။

Wednesday, May 30, 2012

လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားအစီအစဉ် (မေလ ၂၉ ရက် ၂ဝ၁၂)

မွန်ဘာသာဖြင်.ပြောသောလည်းကရင်အမျိုသားများသာမြင်တွေ့ရမှာဖြစ်ပါတယ်
Published on May 29, 2012

- ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေး၊
- ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး ညီလာခံ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ညပိုင်း မြန်မာနိုင်ငံက ထွက်ခွာ၊
- ဆန္ဒပြ တောင်းဆိုမှုတွေ ပြေလည်အောင် နိုင်ငံရေးပါတီတွေ ဝိုင်းဝန်းကူညီဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပန်ကြား၊
- RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံ အကြို ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်၊
- လှိုင်သာယာ စက်မှုဇုန် "တော်ဝင်မြန်မာ" ဇာထိုးပန်းထိုး စက်ရုံ အလုပ်သမ ၁ ထောင်ကျော် ဒုတိယ မြောက်နေ့ အဖြစ် ဆက်လက် ဆန္ဒပြ၊
- လှိုင်သာယာ စက်မှုဇုံ (၁) Hallmark ဇာထိုးပန်းထိုး စက်ရုံ အလုပ်သမ ၁၅ဝ ကျော် ဆန္ဒပြ၊
- ရေရှားပါးမှု အခက်အခဲနဲ့ ကလေးသူငယ် ပညာရေး အခက်အခဲ ကူညီဖို့ အနုပညာရှင်တွေ "မြန်မာ့ချစ်သူ" အဖွဲ့ ဖွဲ့စည်း၊
- စီးပွားရေး လုပ်ငန်းရှင်တွေကို မင်္ဂလာဒုံ လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်၊
... စတဲ့ သတင်းတွေနဲ့

- လှိုင်သာယာ စက်မှုဇုံ (၁) တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒပြပွဲ၊
- မုံရွာ ကြေးနီစီမံကိန်းက မြေ အသိမ်းခံ လယ်သမားများအရေးနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ၊
- မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က မြေအသိမ်းခံ လယ်သမားတွေရဲ့ ဆုတောင်းပွဲ၊
- မင်္ဂလာဒုံ ရွှေနံ့သာကျေးရွာက မြေအသိမ်းခံ လယ်သမားတွေအရေးနဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
- မွန် တိုင်းရင်းသားဘာသာ အစီအစဉ် (ထိုင်းနိုင်ငံ ကန်ချနာ့ဘူရီခရိုင် ကျေးရွာတရွာမှာ ရိုးရာ ဆင်ပွဲတော် ကျင်းပပုံ အကြောင်း- မြန်မာဘာသာ စာတန်းထိုး)

... စတဲ့ အစီအစဉ်တွေကို ဒီကနေ့ ကြည့်ရှုရမှာပါ။