Friday, June 1, 2012

ကရင် လူမျိုးစုတွေကို ယာယီ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေး

 

နော်ဝေ သံအမတ်နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး လက်ဆွဲ နှုတ်ဆက်
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး ဗိုလ်မှူး ထူးထူးလေးတို့ဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တပ်မဟာ ၃ နယ်မြေထဲက ကရင်လူမျိုး
အများစု နေထိုင်တဲ့ ကျေးရွာတွေကို မေလ ၂၈ ရက်နေ့က ယာယီ မှတ်ပုံကဒ်ပြား ထုတ်ပေး ခဲ့ကြပါတယ်။ ကျောက်ကြီးမြို့နယ်မှာ စစ်ကြောင့် ပြေးလွှားနေရတဲ့ ပြောင်းရွှေ့နေထိုင်သူတွေကို
ကျောက်ကြီးမြို့နယ်က KNU ဆက်ဆံရေးရုံးမှာပဲ ယာယီ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးခဲ့တာဖြစ်သလို အဲဒီသူတွေရဲ့လူမှုဘဝ ပြန်လည် ထူထောင်ပေးဖို့ အတွက်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ
နော်ဝေ သံအမတ်ကြီးနဲ့ အဖွဲ့က အရင်ဦးဆုံး အနေနဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကို ထောက်ပံ့ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။

No comments: