Friday, June 1, 2012

အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား

WEDNESDAY, 30 MAY 2012 12:02 အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ် တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်တွင် မေလ ၂၇ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ် အချိန်တိုက်ကြီးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စု၊ မြွေဟောက်အင်း ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ....(၁၁)နှစ်၊ မှီခို၊ မြွေဟောက် အင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ညနေ ၄ နာရီအချိန် ခြံချင်းကပ်လျက်ရှိ လူမနေသည့် အိမ်အတက်အဆင်းတွင် အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ် အင်္ကျီအား လည်ပင်းတွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ် လက်သန်းဝက်ခန့်ရှိ နှစ်ပင်လိမ်ကြိုး အား ကွင်းလျောချည်ကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရသည်။ ကြိုးဆွဲချသေဆုံးသည့် လက္ခဏာများမှလွဲ၍ ကျန်ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ဥက္ကံဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ဥက္ကံ ရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၃/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။   အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ်အင်္ကျီအား လည်ပင်း တွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ်လက်သန်း ၀က်ခန့်ရှိ နှစ်ပင်လိမ်ကြိုးအား ကွင်းလျောချည်ကာ ကြိုးဆွဲချသေ ဆုံးနေသည်ကို တွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ် ဥက္ကံရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်မင်းက ''သေသွားတဲ့ ကောင်မလေးရဲ့အထက်မှာ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိတယ်။ စတုတ္ထမြောက် အစ်မဖြစ်သူရဲ့ တစ်လသားသမီးလေးကို သူ့ရဲ့ အမေကသူ့ထက် ပိုချစ်နေတယ်လို့ ထင်နေတာက တစ်ကြောင်း၊ ကျောင်းတက်ဖို့အတွက် သူ့ရဲ့အမေကို ကျောင်းဝတ်စုံနဲ့ ဖိနပ်ဝယ်ခိုင်းတော့ ငွေကြေးအဆင်မပြေလို့ ကျောင်းဝတ်စုံကိုပဲ ၀ယ်ပေးနိုင်ခဲ့တဲ့ အချက်ကတစ်ကြောင်း၊ သေဆုံးသူက စိတ်မချမ်းသာဖြစ်နေတဲ့သူ့ရဲ့ ကိစ္စတွေကို အပြင်လူတွေကို ထုတ်ဖော်မပြောဘဲ မိမိတစ်ဦးတည်း ကြိတ်မှိတ်တဲ့အခါ စိတ်ဖိစီးမှု များပြားလွန်းတဲ့အတွက်ကြောင့် တစ်ကြောင်း၊ သူက အငယ်ဆုံးသမီးဖြစ်တဲ့အတွက် အားလုံးရဲ့ အလိုလိုက်ထားတဲ့အခါမှာ သူစိတ် အလိုမကျတဲ့အချိန်တွေမှာ ဘယ်သူနဲ့မှ စကားပြောလေ့မရှိဘဲ စိတ်ကြီး တတ်တဲ့အကျင့် ရှိတဲ့အကြောင်း အရာတွေက သူ့ကိုယ်သူ သတ်သေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နိုင်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်''ဟု သေဆုံးသွားသည်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့ပါသည်။  သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ''မနက်ပိုင်းမှာ ကျွန်မတို့တွေ သမီးနဲ့အတူ သရက်သီးခူးတယ်။ မွန်းတည့် ၁၂ နာရီမှာ ထမင်းစားနားတယ်။ မွန်းလွဲ ၂ နာရီအချိန်ထိတော့ အိမ်မှာ ရှိနေသေးတယ်။ ညနေ ၄ နာရီမှာ ခူးထားတဲ့ သရက်သီးတွေကို ဥက္ကံမြို့ပေါ်တက်ပြီးတော့ ရောင်းမယ်လို့ လုပ်တဲ့အခါမှာ ကလေးက မရှိတော့လို့ လိုက်ရှာတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်မျိုးနဲ့ သေနေတာ တွေ့ရပါတယ်''ဟု ပြောကြားခဲ့သည်။   Comments    +17 #6 Pho Lamin 2012-05-30 23:56 Quoting MagicGuy: တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိရပ်ဖများ ခင်ဗျား... ဒီကိစ္စဟာ အသေးအမွှား မဟုတ်တော့ပါ။ ဒါကို သေသေချာချာ လေ့လာဖို့ လိုပါမယ်။ ၁၁ နှစ် သမီး အရွယ်ကလေးက ဒီလို လုပ်တယ်ဆိုတာ လူမှုရေး ရူ့ထောင့်မှ လုံးဝ လက်မခံနိုင်ပါ။ ကျွန်တော် ၁၁ နှစ်က ကြိုးဆွဲချ သေတယ် ဆိုတာ မကြားဖူးပါ (ကိုမြင်ခဲ့တဲ့ ဆုံးသွားတဲ့ ဇာပနတွေထဲမှာ ပါခြင်ပါမှာပေါ့ ဒါပေမဲ့ ဒီလို နည်းနှင့် သေသွားတယ်လို့ မသိပါ)၊ ကြိုးဆွဲချ တယ်ဆိုတာကို ၁၇-၁၈ နှစ်လောက်မှ သေသေချာချာ နားလည်လာတာပါ။ ၃၀ ကျော်မှ ၁ခါပဲ မြင်ဘူးပါတယ်။ ဒီလို မသိသင့်၊ မကြားသင့် မမြင်သင့် တာကို ၁၁နှစ် အရွယ်ကလေးက လက်တွေ့ လုပ်သွားတယ်ဆိုတာ တော်တော်ကို ကြောက်စရာကောင်းတဲ့ လူနေမှု ဘဝ ဖြစ်နေပါပီ။ ကျွန်တော့ သုံးသတ်ချက်ကတော့ ၁။ သူများသတ်တာ ဖြစ်နိုင်တယ်။ ၂။ လူနေမှုဘဝမှာ ဒီလိုကိစ္စကို တော်တော် လေး နားရည်ဝနေတာ ဖြစ်နိုင်တယ်။ ၃။ မလိုလားအပ်တဲ့ ရုပ်ရှင် ဗီဒီယို တွေက နေ မြင်တွေ့နေတာကြောင့် ဖြစ်မှာပါ။ ကာယကံရှင် ကလေးမလေး၏ မိဘဆွေမျိုးများ အတွက် စိတ် မကောင်းသလို၊ သက်ဆိုင်ရာ၊ တာဝန်ရှိသူများ (ရတ်ကွက်အုပ်ချုပ်သူများ၊ ရဲများ ကို မဆိုလိုပါ - လူမှုရေး တာဝန်ရှိသူများဖြစ်တဲ့ မိဘ၊ ဆရာ၊ အနုပညာရှင်များကို ဆိုလိုပါတယ်) သေသေချာချာ လေ့လာ ဆမ်းစစ်သင့်ပါပီ။ လူသတ်သေတာများတဲ့ ကိုရီးယား၊ ဂျပန်မှာ တောင်မှ ၁၁နှစ် အရွယ် သတ်သေတာ သိပ်မရှိပါ။ 100% agreed with what MagicGuy commented .. It was not an ordinary suicide case for all of us.. it is a serious alarm to us .. Another thing is Police's conclusion said about psychological emotions of victim child, It should come from a professional psychiatric but police.     +12 #5 Thiha yz 2012-05-30 23:38 Quoting MagicGuy: တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိရပ်ဖများ ခင်ဗျား... ဒီကိစ္စဟာ အသေးအမွှား မဟုတ်တော့ပါ။ ဒါကို သေသေချာချာ လေ့လာဖို့ လိုပါမယ်။ ၁၁ နှစ် သမီး အရွယ်ကလေးက ဒီလို လုပ်တယ်ဆိုတာ လူမှုရေး ရူ့ထောင့်မှ လုံးဝ လက်မခံနိုင်ပါ။ ကျွန်တော် ၁၁ နှစ်က ကြိုးဆွဲချ သေတယ် ဆိုတာ မကြားဖူးပါ (ကိုမြင်ခဲ့တဲ့ ဆုံးသွားတဲ့ ဇာပနတွေထဲမှာ ပါခြင်ပါမှာပေါ့ ဒါပေမဲ့ ဒီလို နည်းနှင့် သေသွားတယ်လို့ မသိပါ)၊ ကြိုးဆွဲချ တယ်ဆိုတာကို ၁၇-၁၈ နှစ်လောက်မှ သေသေချာချာ နားလည်လာတာပါ။ ၃၀ ကျော်မှ ၁ခါပဲ မြင်ဘူးပါတယ်။ ဒီလို မသိသင့်၊ မကြားသင့် မမြင်သင့် တာကို ၁၁နှစ် အရွယ်ကလေးက လက်တွေ့ လုပ်သွားတယ်ဆိုတာ တော်တော်ကို ကြောက်စရာကောင်းတဲ့ လူနေမှု ဘဝ ဖြစ်နေပါပီ။ ကျွန်တော့ သုံးသတ်ချက်ကတော့ ၁။ သူများသတ်တာ ဖြစ်နိုင်တယ်။ ၂။ လူနေမှုဘဝမှာ ဒီလိုကိစ္စကို တော်တော် လေး နားရည်ဝနေတာ ဖြစ်နိုင်တယ်။ ၃။ မလိုလားအပ်တဲ့ ရုပ်ရှင် ဗီဒီယို တွေက နေ မြင်တွေ့နေတာကြောင့် ဖြစ်မှာပါ။ ကာယကံရှင် ကလေးမလေး၏ မိဘဆွေမျိုးများ အတွက် စိတ် မကောင်းသလို၊ သက်ဆိုင်ရာ၊ တာဝန်ရှိသူများ (ရတ်ကွက်အုပ်ချုပ်သူများ၊ ရဲများ ကို မဆိုလိုပါ - လူမှုရေး တာဝန်ရှိသူများဖြစ်တဲ့ မိဘ၊ ဆရာ၊ အနုပညာရှင်များကို ဆိုလိုပါတယ်) သေသေချာချာ လေ့လာ ဆမ်းစစ်သင့်ပါပီ။ လူသတ်သေတာများတဲ့ ကိုရီးယား၊ ဂျပန်မှာ တောင်မှ ၁၁နှစ် အရွယ် သတ်သေတာ သိပ်မရှိပါ။ ဟုတ်ပါတယ်ခင်ဗျာ..........ဒါဟာမြန်မာ့လူမှုအသိုက်အ၀န်းမှာစိတ်ဖိစီးမှု တွေခံစားနေရတာပြတာပါ...စိတ်ပေါ့သွပ်မှုမရှိသူကဒါမျိုးလုပ်တယ်ဆိုတာ သိပ်ပြီးခံစားရလွန်းလို့ပါ...ဆင်းရဲနွမ်းပါးမှုပြသနာလဲပါမှာပါ...အရင်းစစ်တော့အမြစ်မြေကဆိုသလို....တွေ့ကြမှာပါ..၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်။     +15 #4 sakyisoe 2012-05-30 23:27 ဒီထက်ပိုပြီးပြည့်စုံတဲ့ဆေးစစ်ချက်နဲ့ ဆိုပိုကောင်းမယ်ထင်တယ်..ဦးရဲကြီးရဲ့ ဖြေရှင်းချက်ကအပေါ်ယံလောက်ဘဲလို့ ယူဆမိတယ်..     +36 #3 Pure Myanmar 2012-05-30 19:22 ကြားရတာ စိတ်မကောင်းလိုက်တာ.. ဒီအရွယ်နဲ့ ဒါမျိုးကြံစည်ဝံ့တာ အံ့သြစရာကောင်းတဲ့အပြင်မှာ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတော့ ကျွန်တော့်အထင် လူကြီးတစ်ယောက်မကူပဲနဲ့ တော့ မဖြစ်နိုင်လောက်ဘူးလို့... နိုင်ငံခြားမှာ ဆိုရင်တော့ sexual assault တို့ဘာတို့ကို စစ်ဆေးမှာဘဲ...ဒီမှာတော့.. အကြောင်းကြောင်းတွေကြောင့် သူ့ကံပဲလေဆိုပြီးတော့ အမြန်ပိတ်ပစ်မှာပါပဲ... နောက်ဘ၀များစွာမှာ အေးချမ်းပါစေ ကလေးရယ်...     +74 #2 MagicGuy 2012-05-30 15:29 တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိရပ်ဖများ ခင်ဗျား... ဒီကိစ္စဟာ အသေးအမွှား မဟုတ်တော့ပါ။ ဒါကို သေသေချာချာ လေ့လာဖို့ လိုပါမယ်။ ၁၁ နှစ် သမီး အရွယ်ကလေးက ဒီလို လုပ်တယ်ဆိုတာ လူမှုရေး ရူ့ထောင့်မှ လုံးဝ လက်မခံနိုင်ပါ။ ကျွန်တော် ၁၁ နှစ်က ကြိုးဆွဲချ သေတယ် ဆိုတာ မကြားဖူးပါ (ကိုမြင်ခဲ့တဲ့ ဆုံးသွားတဲ့ ဇာပနတွေထဲမှာ ပါခြင်ပါမှာပေါ့ ဒါပေမဲ့ ဒီလို နည်းနှင့် သေသွားတယ်လို့ မသိပါ)၊ ကြိုးဆွဲချ တယ်ဆိုတာကို ၁၇-၁၈ နှစ်လောက်မှ သေသေချာချာ နားလည်လာတာပါ။ ၃၀ ကျော်မှ ၁ခါပဲ မြင်ဘူးပါတယ်။ ဒီလို မသိသင့်၊ မကြားသင့် မမြင်သင့် တာကို ၁၁နှစ် အရွယ်ကလေးက လက်တွေ့ လုပ်သွားတယ်ဆိုတာ တော်တော်ကို ကြောက်စရာကောင်းတဲ့ လူနေမှု ဘဝ ဖြစ်နေပါပီ။ ကျွန်တော့ သုံးသတ်ချက်ကတော့ ၁။ သူများသတ်တာ ဖြစ်နိုင်တယ်။ ၂။ လူနေမှုဘဝမှာ ဒီလိုကိစ္စကို တော်တော် လေး နားရည်ဝနေတာ ဖြစ်နိုင်တယ်။ ၃။ မလိုလားအပ်တဲ့ ရုပ်ရှင် ဗီဒီယို တွေက နေ မြင်တွေ့နေတာကြောင့် ဖြစ်မှာပါ။ ကာယကံရှင် ကလေးမလေး၏ မိဘဆွေမျိုးများ အတွက် စိတ် မကောင်းသလို၊ သက်ဆိုင်ရာ၊ တာဝန်ရှိသူများ (ရတ်ကွက်အုပ်ချုပ်သူများ၊ ရဲများ ကို မဆိုလိုပါ - လူမှုရေး တာဝန်ရှိသူများဖြစ်တဲ့ မိဘ၊ ဆရာ၊ အနုပညာရှင်များကို ဆိုလိုပါတယ်) သေသေချာချာ လေ့လာ ဆမ်းစစ်သင့်ပါပီ။ လူသတ်သေတာများတဲ့ ကိုရီးယား၊ ဂျပန်မှာ တောင်မှ ၁၁နှစ် အရွယ် သတ်သေတာ သိပ်မရှိပါ။     +58 #1 Khun July 2012-05-30 13:20 ၁၁ နှစ်အရွယ်နဲ့ ကြိုးဆွဲချသေဖို့ ... ဘယ်လိုမျိုးတွန်းအားတွေ ရှိနေလဲ မသိ... ကျွန်တော်တော့ အဲဒီအရွယ်မှာ ကစားမယ် စားမယ် ကာတွန်းစာအုပ်ဖတ်မယ်ပဲ သိသေးတယ်။   Refresh comments list JComments

No comments: