Sunday, January 4, 2009

ကရင်နှစ်သစ်ကူးနေ့ စော်ကားချက် (နအဖ၏ ဥပဒေမဲ့ ယုတ်ကန်းမှုများ)

Saturday, January 3, 2009

NCGUB Border Office မှ ပေးပို့သည်
ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက် ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက် အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်းကျင့်ပြီး နောက် သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာအထူးဒေသ အတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ က ပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ ရွာသား ၄ ဦးကတော့ စော ဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်း ဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီး ခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိကျေးရွာအုပ် စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီးကျေးရွာအုပ်စု၊ တ နေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စုလူကြီးများကို ဆင့်ခေါ် စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့ သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ် ရင် သက်ဆိုင်ရာ ကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်း ခြောက်ခဲ့ပါတယ်။တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူးအဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကား လမ်းတလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာ ဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Insulting Karens on Karen New Year Day: SPDC junta's lawlessnessOn 2008 December 27, Karen New Year's Day, at about 6:00 PM, a soldier from Lt. Thet Khaing's Company in SPDC Army LIR 350 deployed at Saw Behldoe outpost near Ma-u-bin village in Nyaunglebin District Kyaukkyee Township raped a seven-year old Karen girl named Ma Ni Kabyar at her home while her parents were away and then shot her to death.On December 16, in Mergui-Tavoy District Kasehdo Township Htee Bo-bwa Special Region, soldiers from SPDC Army IB 101 killed four villagers trading oxen and buffaloes at Kasawphoe and stole two oxen and two buffaloes. The murdered villagers were Saw Hser Thel (aged 35), Saw Dah Htoo Phoe (aged 18), Saw Hut Phloe (aged 16) and Saw Deedi (aged 40) all of whom came from Se-ku village.In KNU territory Dooplaya District Kawkareik Township, Col. Khin Maung Cho, Commander of No.1 Tactical Operations Command of No.19 MOC summoned village tract elders to IB 106 camp and ordered them to report to the army camp three days a week starting from December 11th, also threatening them with prison terms if skirmishes broke out on the road in their respective vicinity. The elders were from Wahkami, Belemai, Kaneh Kamaut, Kyeh, Dellphee, Ta-nayliu, Ru-taw and Tha-wawphya village tracts. They were threatened with seven years in jail for village tract elders and two years in jail for village elders.Similarly, Than Win, Commander of LIR 587, also issued orders for guarding of Kaneh Kamaut-Wahkami Road with 36 villagers every day, threatening them with two years' prison sentences if battle broke out in their allotted sentry area.
Posted by ဒေါက်တာလွဏ်းဆွေ

No comments: