Thursday, March 19, 2009

လူသတ်နည်းအသစ်လာသင်ပေးတာလားမသိဘူး

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နှင့် အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်ရောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ကြည်း - စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်ဒီ နှင့် န.အ.ဖ စစ်ဦးစီးချုပ် သူရရွှေမန်း ( သတင်း အထောက်အကူပြု ဓါတ်ပုံ - ဆင်ဟွာ )
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ကြည်း - စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်ဒီ နှင့် ကိုယ်စားလှယ်များ ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာရာ
န.အ.ဖ စစ်ဦးစီးချုပ် သူရရွှေမန်းက ကြိုဆိုပြီး နှစ်နိုင်ငံ စစ်ရေးကိစ္စရပ်များ တွေ့ဆုံ ဆွေးနွေးမည်ဟု သိရှိရသည်။
ထို စစ်ကိုယ်စားလှယ် အဖွဲ့ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ချုပ် လျူဒေါင်ဒေါင် (ဂျီနန် စစ်ဒေသမှူး) မှ ဦးဆောင်လာခဲ့ခြင်း ဖြစ်ကာ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူး ဗိုလ်မှူးကြီး ဖန်လျံဖင်း မှလည်း နှစ်နိုင်ငံ ဒေသတွင်း အခြေအနေ နှင့် နိုင်ငံတကာ အရေးများ တက်ရောက် ဆွေးနွေးမည်ဟု သိရှိရသည်။
ထို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် အင်္ဂါနေ့ ကပင် ယခင် မြို့တော်ဟောင်း ရန်ကုန်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်သို့ ဝင်ရောက် လည်ပတ်ခဲ့ပြီး ယခု ခရီးစဉ်မှာ ၄ရက်တာ ကြာမြှင့် မည်ဟု သိရှိရသည်။
ထိုတရုတ် စစ်ကိုယ်စားလှယ် အဖွဲ့မှာ မြန်မာနိုင်ငံသို့ ပထမဆုံး ဝင်ရောက် လှည့်ပတ်ခြင်း ဖြစ်ပြီး အရှေ့ တောင်အာရှ ဒေသတွင်း ခရီးစဉ်အဖြစ် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ စင်္ကာပူ နိုင်ငံများသို့လည်း လှည့်လည်ဦးမည်ဟု သိရှိရသည်။

No comments: