Monday, March 16, 2009

လူမဆန်သည့် အကြမ်းဖက် မိစ္ဆာ နအဖစစ်တပ်၏လုပ်ရပ်များ

March 16, 2009
နအဖအကြမ်းဖက်မိစ္ဆာတပ်များသည် အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျခြင်း၊ လူသတ်၊ မိုင်းထောင်၊ လုယက်၊ ဓားပြတိုက်၊ ဆက်ကြေးတောင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ နေထိုင်သည့် မြို့ရွာများအတွင်းသို့ သူရဲဘောနည်းစွာဖြင့် လက်နက်ကြီးများနှင့် အဝေးမှ ပစ်ခတ်ခြင်း စသော အဖျက်အမှောက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က spdc အကြမ်းဖက်မိစ္ဆာတပ်များ ကရင်ပြည်နယ်မြ၀တီမြို့ တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် ကရင်ပြည်နယ်ကောင်းစားရေး ဟုပါးစပ်ကြွေးကြော်နေခြင်း၏ လက်တွေ့ လုပ်ရပ်ဖြစ်သည်။ ပြည်သူများအေးချမ်းသာယာစွာနေထိုင်ရေးကို အထိတ်တလန့်ဖြစ်အောင်လုပ်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်မှာ လူမဆန်သောလုပ်ရပ်ဖြစ်သည်။ spdc အကြမ်းဖက်မိစ္ဆာများသည် ကရင်တပ်မတော် စစ်ကြောင်းများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် သတ္တိမရှိသည့်အတွက် သူရဲဘောနည်းစွာအဝေးမှ ပစ်ခတ် ခြင်းဖြင့် အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဒေသခံပြည်သူများ အနေဖြင့် spdc အကြမ်းဖက်မိစ္ဆာစစ်တပ်တို့အား လွန်စွာရွံရှာစက်ဆုပ်မုန်းတီးလျက်ရှိကြကြောင်းသိရသည်။ ကရင်ပြည်သူတစ်ဦး

No comments: