Monday, March 16, 2009

ဂျပန်ဗုဒ္ဓဘာသာဂိုဏ်း ထိုင်းမြန်မာနယ်စပ် မယ်လာဦးဒုက္ခသည်စခန်းကို ကူညီနေ

Saturday, March 14, 2009
ဂျပန်ဗုဒ္ဓဘာသာဂိုဏ်း ထိုင်းမြန်မာနယ်စပ် မယ်လာဦးဒုက္ခသည်စခန်းကို ကူညီနေ2009-03-14ဂျပန်နိုံင်ငံမြို့ ဟောင်း ကျိုတိုမြို့ အခြေစိုက် Nishi Nihon Honganji ဗုဒ္ဓဘာသာဂိုဏ်းဟာ မြန်မာနိုင်ငံက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလနောက်ပိုင်း မြန်မာသံဃာတွေကို အကူညီပေးသလို၊ ထိုင်းမြန်မာနယ်စပ် (မယ်လာဦး) ဒုက္ခသည်စခန်းက ရောင်နီဦးကျောင်း ပညာရေးကိစ္စတွေအတွက်လည်း သွားရောက်ကူညီနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး ထမ်ဟင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ပါသည်။(Photo: AFP)
ထိုင်း-မယ်လာဦး ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေကိုယ်တိုင် လုပ်ထားတဲ့ လွယ်အိပ်၊ တိုင်းရင်းသားအင်္ကျီထမီ၊ မာဖလာ၊ လက်ကောက်ဝတ်၊ စိတ်ပုတီး စတာတွေကို ဂျပနိုံင်ငံ ဟီရိုးရှီမားမြို့ တဝိုက်မှာ ဒုက္ခသည်စခန်း ရံပုံငွေအတွက် အခုလာမယ့် အပတ်တွေအတွင်း ရောင်းချသွားဖို့ရှိကြောင်း သိရပါတယ်။

No comments: