Monday, June 1, 2009

ကရင်အမျိုးသမီးတဦးကို နအဖစစ်တပ်ကအုပ်စုလိုက် အဓမ္မပြုကျင့်

Friday, May 29, 2009

မေ လ၂၉ရက်၊စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူကရင်အမျိုးသမီးသမီးတဦးအားမေလ၂၅ရက်နေတွင်နအဖခလရ၂၈၃တပ်းရင်းလိုက်အဓမ္မပြုကျင့်ခဲ့သည်ဟုဒေသခံများ၏ပြောဆိုချက်အရသိရပါသည်။ထိုနေ့ နံနက်နက်(၉)နာရီခန့် တွင် အသက် ၃၀ခန့် ရှိ ထီးဆဲလယ်ရွာသူ နော်ပယ်ကြာသည် ခင်ပွန်းဖြစ်သူဒီးဒိနှင့်အတူ ရွာပြင်ရှိ ၄င်းတို့ ၏ပြောင်းခြံသို့ လိုက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူပြောင်းခင်းအတွင်းရှိစဉ် လယ်တဲ၌ကျန်ခဲ့သူ သူမအား တိုက်ကင်းလှည့်လည်နေသည့်အမှတ်(၂) စစ်ကွက်ကဲရေးဌာနလက်အောက်ခံ ဗိုလ်ကြီးဌေးဝင်းဦးဆောင်သည့်စစ်ကြောင်း(၂)၊ခလရ ၂၈၃ တပ်ရင်းမှတပ်ဖွဲ့ ဝင်များက တောထဲသို အတင်းအဓမ္မဆွဲခေါ်သွားပြီးအစိုက်အပြုံလိုက်အဓမ္မပြုကျင့်ခဲ့ကြောင်းနယ်မြေခံတဦးက ကရင်သတင်းစဉ်ကိုယခုလိုပြောပါသည်။သူက"အဲဒီနေ့ မှာသူတို့ လင်မယား ပြောင်းဇူးခြံကိုသွားတယ်။ မိန်းမဖြစ်သူကပြောင်းဖူးခြံထဲမှာနေတယ်။ယောကျာင်္းဖြစ်သူကပြောင်းခင်းထဲကိုဆင်းပြီးတော့အလုပ်သွားလုပ်တယ်ပေါ့။သိပ်မကြာပါဘူး။အဲဒီစစ်ကြောင်း ခလရ ၂၈၃က ပြောင်းခြံထဲကိုဝင်လာပြီး တဲမှာရှိတဲ့ မိန်းမကိုတွေ့ တော့ တောထဲကိုအတင်းအဓမ္မဆွဲခေါ်သွားပြီး မူဒိန်းကျင့်တော့တာဘဲ။ တပ်ရင်းတရင်းလုံးဝိုင်းကျင့်တော့ သူ့ မိန်းမရဲ့အော်သံဆူညံနေတာ သူ့ ယောကျာင်္းကားပေမဲ့ တအားကြောက်လို့ မသွားရဲဘူးဖြစ်နေတယ်"ဟုပြောသည်။ယင်းသို့ အဓမ္မပြုကျင့်ရာတွင် ခလရ ၂၈၃ မှဗိုလ်ကြီးဃေးင်းအပါအဝင် တပ်သားအယောက် ၃၀ကျော်ပါဝင်ပြီး နာရီဝက်အကြာတွင် အဆိုပါတပ်ဖွဲ့ ဝင်များပြောင်းခင်းထဲမှ ပြန်လည်ထွက်မှသာခင်ပွန်းဖြစ်သူက ဇနီးသည်ကိုသွားရောက်သယ်ယူ၍ ရွာအထိပြန်လည်ခေါ်ဆောင်လာသည်ဟုသိရပါသည်။၎င်းကိစ္စနှင့်ပါတ်သက်၍ထိုနယ်မေတွင်လုံခြုံရေးတာဝန်ယူထားသည့်ဒီကေဘီအေ(၉၀၇)တပ်ရင်းမှူးဗိုလ်နှုတ်ခမ်းမွှေးကို ကရင်သတင်းစဉ်ကဆက်သွယ်မေးမြန်း၍မရသော်လည်း မေလ ၂၈ရက်နေ့ ၌၄င်းအားဒေသခံတဦးမှအကြောင်းကြားပြောဆိုရာတွင် သူ့ အနေနှင့်စုံစမ်းစစ်ဆေးပြီးဖြေရှင်းသွားမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်းသိရပါသည်။အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ပြောင်းစိုက်ပျိုးသည့်ထီးဆဲလည်ရွာသူများသည် မိမိတို့ ပြောင်းခင်းများသို့  ယခုအချိန်ထိမသွားရဲတော့ကြဘဲကြောက်ရွံ့ နေကြသည်။သို့ သာ် မေလ ၂၉ရက်နေ့ နောက်ဆုံးရရှိသည့်သတင်းများအရ အဆိုပါ နအဖတပ်ဖွဲ့ သည် ဒေသဆိုင်ရာ ဒီကေဘီအေအဖွဲ့ များအားထိုသတင်းမပေါ်ပေါက်ရေးအတွက်တားမြစ်သည်ဟုသိရသည်။ထိုဒေသ၇ှိ ထီးဆဲလယ်၊အူးဖိုးထာ၊လယ်ဟော်၊ကနဲလေး၊မော်ခီး၊မော်ဖိုးကလိုး၊ကွီးဆဲဖော၊ဘလားတို၊ကော်ဆဲ၊ကလော်ဝေါ်၊ဖေါ်ဘူးလာထ၊ဂေါ်ဖိုးခီးနှင့်ဝေါ်လေကျေးရွာတို့ ရှိပြီး နအဖစစ်တပ်ကွက်ကဲရေးဌာနချုပ်(၂)မှလက်အောက်ခံတပ်ရင်းများနှင့်ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့်ဒီကေဘီအေတပ်ရင်း(၉၀၆) နှင့်(၉၀၇)တို့ အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။ ၂၀၀၂-၂၀၀၄ခုနှစ်များကလည်း နအဖစစ်တပ်မှ ဒေသခံအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြသော်လည့်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစုံအရာအပြစ်ပေးအရေးယူခြင်းမရှိပေ။
တီးစောလွင်ဦးနှင့်နော်ဖောဂေတို့ အားကျေးဇူးတင်ရှိပါသည်။
Posted by linkardepa at
1:49 AM
Labels:

1 comments:
yayset said...
အေးလေ ငါတိုတွေကိုက ထင်းတစည်းလို မကျစ်လစ်ဒါကိုး ရန်သူအလွယ်ကူ လှည်.စားလို.ရဒါပေါ့အသဲနာတယ်လို.မပြောတတ်အောင် နာတယ်ဒီနေရာမှာစဉ်းစားကြည့် ဘယ်သူမဆို မိမိ မိသားစုဝင်တယောက်အနေနဲ. ငါတို.အမကိုစော်ကားဒါရာဇ၀င်အကြွေးမှာ ၇ှင်းစရာအကြောာင်းမရှိဘူး ဒီခွေးမျိုးတွေနဲ. အလှည့်ကြ မနွဲ.စတမ်းပေါ့
May 29, 2009 9:34 AM

No comments: