Friday, June 5, 2009

တပ်မဟာ ၇နယ်မြေတွင် ကေအဲန်အယ်လ်အေနှင့် နအဖ တိုက်ပွဲဖြစ်ပွား


ယနေ့ မွန်းတည့်ပိုင်းအချိန်က ကေအဲန်ယူ တပ်မဟာ ၇ တပ်ရင်း ၂၂နှင့် နအဖခြေ မြန်တပ်ရင်း ၂၀၂တို့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။အသေအပျောက် အကျအဆုံး မသိရ သေးသော်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့် ကတည်းက နအဖအင်အား ၂၀၀ကျော်က ကေအဲန်ယူ တပ်မဟာ ၇ တပ်ရင်း ၂၂နှင့် တပ်ရင်း ၂၁ကို လာရောက်တိုက်ခိုက်နိုင် ရန် ကြိုတင်ရောက်ရှိထားသည်ဟု စုံစမ်း သိရှိရသည်။ နောက်ဆုံးသတင်းအရ တိုက်ပွဲကြောင့် ဒုက္ခသည်အများအပြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာရသည်။ ယခုအခါ နအဖတပ်ရင်း ၂၀၂တပ်အပြင် အခြားတပ်များနှင့် အားဖြည့်လျက်ရှိပြီး ထိုအထဲတွင် ဒီကေ ဘီအေတပ်များလည်း ပါဝင်သည်ဟု သိရှိရသည်။ သတင်း-အဲခေါင်သောင့်

No comments: