Sunday, June 28, 2009

အီးမေးလ်မှ ရသော စာတစောင်

Karen Uniuedဘလော့မှ ကူးယူသည်။

အခု ဗိုလ်ဆန်ပြုတ်အလုပ်ကြံခံလိုက်ရတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး ဒါဏ်ရာရပြီး ဆေးရုံရောက်သွားတဲ့ DKBA တပ်သားတစ်ယောက်က နအဖ စစ်တပ်တွေခြုံခိုတိုက်တာလို့ ပြောခဲ့တယ်။ ဒါကတော့ သူကိုအသေခံပြီး ကရင်အခြင်းခြင်းသတ်ပေးခဲ့တဲ့ ဗိုလ်ဆန်ပြုတ်ကို ကျေးဇူးဆပ်လိုက်တာ ဘဲလား..။

ဗိုလ်ဆန်ပြုတို့အဖွဲ့ ဒီလမ်းကနေသွားမယ်ဆိုတာ သတင်းအတိအကျ ရထားလို့ ခြုံခိုတိုက်တာဘဲ။ ဒီ DKBA တပ်သားပြောသလို နအဖစစ်တပ်ကခြုံခိုတိုက်ခဲ့တယ်ဆိုရင်တော့ ဗိုလ်ချစ်သူ၊ ဗိုလ်နှုတ်ခမ်းမွေး၊ ဗိုလ်မုန်တိုင်းတို့ လည်း မကြာခင်မှာ ဗိုလ်ဆန်ပြုနောက်ကျိန်းသေလိုက်ရမှာပါ။ နအဖ ဖက်ကနေ လုပ်တာမဟုတ်ဘူးဆိုရင်တော့ ဗိုလ်ဆန်ပြုတ်ကို သူ့ဆရာတွေ နှုတ်ပိတ်လိုက်တာ ဘဲဖြစ်နိုင်တယ်။ တချိန်မှာ ဗိုလ်ဆန်ပြုတ်ဟာ ပဒိုမန်းရှာကိုလုပ်ကြံတဲ့ကိစ္စမှာ ဘယ်သူဘယ်ဝါ တွေပါတယ်ဆိုတာကို ပြန်ပြောလာနိုင်တယ်။ ဗူးအပေါက်တစ်ရာကို ပိတ်လို့ရတယ် နှုတ်တစ်ပေါက်ကိုတော့ပိတ်လို့မရဘူးဆိုတဲ့စကားပုံလိုပေါ့။

ပဒိုမန်းရှာလုပ်ကြံမှု့တွေထဲမှာ အနောက်ကကြိုးကိုင်နေတဲ့ အင်မတန်မှရက်စက်တဲ့ နအဖ လက်ကိုင်ဒုတ် ကရင်စီးပွားရေးသမားတွေလဲ ပါတယ်လို့ သတင်းထွက်နေတာအားလုံးလဲ ကြားကြမှာပါ။ KNLA ဖက်ကတော့ ဗိုလ်မှုးစောလှငွေကတော့ သူတို့လူတွေမဟုတ်ဘူးလို့ ပြောထားတယ်။ အဲ့ဒီတော့ ဗိုလ်ချစ်သူတို့အနေနဲ့ ကိုယ့်လူကိုသတ်တာဘယ်သူလဲဆိုတာ အမြန်ဆုံး ဖော်ထုပ်သင့်တယ်။ ဖော်ထုတ်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ ပဒိုမန်းရှာကိုလုပ်ကြံတုန်းက ထိုင်းကလာတောင်းတုန်းကတောင် ဗိုလ်ဆန်ပြုတ်ဖက်ကနေ ကာကွယ်ပေးထားတဲ့ ဗိုလ်ချစ်သူတို့ အနေနဲ့ ကတော့ ကိုယ့်တပည့်ကို နှုတ်ပိတ်ဖို့ ပြန်လုပ်ကြံတာတော့ မဖြစ်တန်လောက်ပါဘူး။ နအဖ က KNLA နဲ့ DKBA ကို ရန်တိုက်ပေးပြီးသွားပြီး။

ပြန်ပြီးတော့ ရန်တိုက်စရာ DKBA အချင်းချင်းဘဲရှိတော့တယ်။ ဗိုလ်ဆန်ပြုတ်လုပ်ကြံမှု့ဟာလည်း DKBA အချင်းချင်း ပြန်တိုက်ဖို့ အကွက်ဖြစ်အောင် လုပ်ခဲ့တာလဲ ဖြစ်ကောင်းကောင်းဖြစ်လာနိုင်တယ်။ ဒါကိုမှ DKBA အချင်းချင်းပြန်သတ်နေအုံးမယ်ဆိုရင်တော့ လောကမှာ ခင်ဗျားတို့လောက်မိုက်တဲ့ သူမရှိတော့ဘူးလို့ပြောခြင်ပါတယ်။ ဘာဘဲပြောပြော DKBA ဆိုတာလဲ ကရင်ဘဲ ခင်ဗျားတို့ ခံရမှာကိုလည်းကျွန်တော်မလိုလားဘူး... အမြင်မှန်ရသင့်ပြီလို့ထင်ပါတယ်...
မျိုးချစ်စိတ်ဖြင့်စောလယ်ဒိုထူး

No comments: