Thursday, July 2, 2009

အသားထဲက လောက်တကောင်ရဲ့ နိဂုံး



အထက်ပါပုံသည် ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက်ထွက်နေသည့် သစ္စာဖောက် ဗိုလ်ဆန်ပြုတ်၏ အသုဘအခမ်းအနားပုံ ဖြစ်သည်။ ကရင်တမျိုးသားလုံး၏ လွတ်မြောက်ရေး၊ တန်းတူရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် ကရင့်တော်လှန်ရေးကို ဆန့်ကျင်ဖျက်ဆီးပြီး အဆိုပါ အဖွဲ့ကိုလည်း မှန်ကန်သည့် ဦးဆောင်မှုများ ပေးနေသည့် ပဒိုမန်းရှာကို သတ်ဖြတ်သည့် ဗိုလ်ဆန်ပြုတ်၏ အခေါင်းကို ကရင်အလံအုပ်ထားခြင်းသည် အလွန်ပင် အကျဉ်းတန်ပြီး မသင့်တော်သည့် အရာတခုပင်ဖြစ်သည်။ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုသည့် ကရင့်အလံသည် ထိုလူသတ်သမား၊ သစ္စာဖောက်များအတွက် မဟုတ်ပဲ ကရင်တမျိုးသားလုံး၏ လွတ်မြောက်ရေး၊ တန်းတူရေးအတွက် တော်လှန်သူများအတွက်သာဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
Posted by အဲခေါင်သောင့်

No comments: