Monday, September 21, 2009

တိုင်းပြည်သို့

ရေဆန်(မန်းရှာလားဖန်း)


-တိုင်းပြည်သို့
ဖက်ဆစ်တို့ခြေရင်း
ကြွေဆင်းပေးလည်း
ပွင့်လန်းမလာဘဲ
ပန်းဘ၀ကြိုးကြေ ပန်းတို့ကြွေဆဲ

-တိုင်းပြည်သို့
နှင်းဆက်ခန္တာ
ပုံအပ်ပါလည်း
တုန့်လည်ချစ်ပန်း
ပွင့်လန်းမလာဘဲ
ပန်းဘ၀ကြိုးကြေ ပန်းတို့ကြွေဆဲ

-တိုင်းပြည်သို့
သင့်မြတ်ဘို့ရေး
ပြေးသူနောက်လိုက်
လိုက်လေဝေးလေ
ခန္တာကြွေ၍
ပန်းဘ၀ကြိုးကြေ ပန်းတို့ကြွေဆဲ

-တိုင်းပြည်ရေ
လူသတ်ကွင်းမှာ
လည်စင်းခံရင်း
ဖြေရှင်းမလား
သင်ဘဲပိုင်းဖြတ် ခရီးစလော့

-တိုင်းပြည်ရေ
စစ်ဘီလူးကို
တိုင်းပြည်ကြမ္မာ
စီရင်မလား
သင်ဘဲပိုင်းဖြတ် ခရီးစလော့

-တိုင်းပြည်ရေ
သမိုင်း၏အရှင်
သင်သာလျင်ဖြစ်
ဘ၀သစ်တွက် တက်စုံဖွင့်လော့
စစ်ကျွန်ဘ၀ ရုန်းထွက်ကြလော့။
သနူးထူးဂျာနယ်မှ ကူးယူသည်။

No comments: