Friday, October 2, 2009

သက်ဆိုင်သူနှင့် အများပြည်သူသိစေရန်

မကြာသေးခင်ရက်ပိုင်းတွင် နအဖ တပ်နှင့် ဒီကေဘီအေ ပူးပေါင်း တို့ ၏ ညွန်ကြားမှု အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ၊ ချင်းမိုင်မြို့ နှင့် ၄င်းပန်းဝန်းကျင်ဒေသအတွင်းသို့ ကြေးစားလူသတ်သမား (၁၅)ဦး စေလွတ်ထားသည် ဟုသိရပါသည်။ ရည်ရွယ်ချက်ပစ်မှတ်တွေက KNU ထိပ်ပိုင်းခေါင်းဆောင်များကို ရှာဖွေရန် ရှင်းလင်းပစ်ရန် နှင့် FTUB ခေါင်းဆောင် အချို့ လည်းပစ်မှတ်တွင် ပါဝင်သည်ဟု သတင်းရရှိပါသည်။

ဒီသတင်းရရှိပြီး ပို့ စ်တင်သင့်မတင်သင့် စဉ်းစားနေချိန်တွင် မြိုင်ကြီးငူဆရာတော် ထုတ်ပြန်တဲ့ စာလည်း တဆက်တည်းထွက်ရှိလာပါသည်။ ဒီဆက်စပ်မှုကို ကြည့်ခြင်းဖြင့် မရိုးသားမှုတွေ ဆက်စပ်တွေ့ ရှိနေရပါသည်။ မည်သို့ ပင်ဖြစ်စေကာမူ KNU အထွေထွေ အတွင်းရေးမှူးချူပ်ဟောင်း ပဒိုမန်းရှာလန်းဖန်း လုပ်ကြံခံရမှု ပုံရိပ်များသည် အများပြည်သူ မြင်ကွင်းတွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။ သက်ဆိုင်သူများအားလုံးကို သတိဖြင့် နေစေချင်ပါသည်။ ဒီ့ပြင် အမှန်တရားကို ချစ်များနိုးတဲ့ တိုင်းရင်းသားညီကိုယ်အားလုံး အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်သူအားလုံး သတိဖြင့် နေကြ၍ မသင်္ကာသူ များတွေ့ ရင်သက်ဆိုင်သူ များသို့  အချိန်မှီ သတင်းပို့ ဖြန့် ချီပါရန် တိုက်တွန်းလိုပါသည်။

No comments: