Tuesday, November 10, 2009

အိန္ဒိယနိုင်ငံမှာ အဖမ်းခံထားရတဲ့ ကရင်နဲ့ ရခိုင်ရဲဘော်တွေအတွက် ကူညီစေခြင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အဖမ်းခံထားရတဲ့ ကရင်နဲ့ ရခိုင်ရဲဘော်တွေအတွက် ကူညီစေခြင်ပါတယ်။
Written by Administrator
Tuesday, 10 November 2009 04:39
အတိုချူပ် ဘာသာပြန်ခြင်း

အန္ဒိယမှာ ၁ဝ နှစ်ကျော် အဖမ်းခံထားရတဲ့ စစ်အာဏာရှင်တော်လှန်ရေးသမား ရခိုင် နှုင့် ကရင် ၃၄ ယောက်မှာ ကျွန်တော်တို့ကရင် ၁၂ ယောက်ပါရှိပါတယ် တစ်ယောက်ကတော့ ဆုံးသွားတယ် တဲ့အတွက် (၁၁) ယောက်ကျန်ရှိပါတယ်။ အခုအချိန်မှာ သူတို့ဟာ ပြန်လွတ်မြောက်ခါနီးပြီးဖြစ်ပါတယ်။ ပြန်လွတ်မြောက်လို့ မြန်မာနိုင်ငံကို ပြန်ရင် အားလုံး ထောင်ထဲ ထပ်ထည့်ပြီး အသတ်ခံရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ပင်သူတို့ မြန်မာနိုင်ငံကို ပြန်အပို့မခံရဖို့အတွက် အိန္ဒိယ မှာကြိုးစားပေးနေတဲ့အမျိုးသမီးတစ်ယောက်လည်းရှိပါတယ်။ အဓိက ကမ္ဘာတဝန်းမှာ ရှိတဲ့ ကရင်အမျိုးသားတွေဆီကို အကူအညီတောင်းခံတာ တော့ အိန္ဒိယကနေ ထိုင်းကိုသွားပြီး နိုင်ငံရေးခိုလုံခွင့် တောင်းခံဖို့ လေယာဉ်စရိတ်ဘဲ ဖြစ်ပါတယ်။ ရခိုင်လူမျိုးများဖက်မှလည်း အဖမ်းခံပြီး ပြန်လွှတ်မြောက်လာမဲ့ ရခိုင်လူမျိုးတော်လှန်ရေးသမားများကိုလည်း တမျိုးမျိုး စီစဉ်ထားလိမ့် မယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ကရင် (၁၁) ယောက်အတွက် လေယာဉ်လက်မှတ် လိုအပ်နေပါတယ်။ ထို့အတွက်ကြောင့် ဝိုင်းဝန်းကူညီကြဖို့ အကူအညီတောင်းခံခြင်းဘဲဖြစ်ပါတယ်။ လေယာဉ်လက်မှတ် တစ်ယောက်လျှင် US$ (1000) ဖြစ်ပြီး ထိုင်း ဘတ် ငွေဖြင့်ဆိုလျှင် (၃၃ဝဝဝ)့ ဖြစ်ပါတယ်။ (၁၁) ယောက်အတွက်ဆိုလျှင် ဘတ်ငွေ (၃၆၃ဝဝဝ) ဖြစ်ပါတယ်။


ကျွန်တော်အနေကတော့တစ်ယောက်ထဲမတတ်နိုင်ဘူးဆိုရင် တစ်နိုင်ငံတစ်ယောက် တာဝန်ယူလို့ ရပါတယ်။ သြစတေးလျ ၊ အမေရိကန်၊ ဆွီဒင် ၊ ကနေဒါ ၊ နော်ဝေး၊ နယ်သာလန်၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ ဒိန်းမတ်၊ အင်္ဂလန်၊ ကိုးရီးယား၊ ဆွတ်ဇလန်၊ ထိုင်း ..အများကြီးရှိပါတယ်။ ကူညီကြမယ်လို့လဲ မျှော်လင့်ပါတယ်။

ငပျင်းလေး (လေးဇီးဘွိုင်း)

No comments: