Tuesday, November 10, 2009

အင်္ဂါဂြိလ်သို့ ပြောင်းရွေ့ခြင်း

ဘီဘီစီ
ထိုင်းမြန်‌မာ နယ်‌စပ်‌ရှိ မယ်‌လ ဒုက္ခသည် စခန်းက လူ‌တွေကို တတိယနိုင်‌ငံ ကို ပို့‌ဆောင်‌‌ ပေးတဲ့ Gateway Project အ‌ပေါ် အခြေခံရိုက်ကူးထားတဲ့ သတင်းမှတ်တမ်း ရုပ် ရှင် ကို Sheffield မြို့က Documentary Festival ရုပ်‌ရှင်ပွဲတော်ဟာ ပြီးခဲ့တဲ့ ဗုဒဟူးနေ့နဲ့ သောကြာနေ့ညနေက ပြသခဲ့ပါတယ်။

မယ်လဒုက္ခသည်စခန်းကနေ ယူကေနိုင်ငံ Sheffield မြို့ကို ရောက်လာတဲ့ ကရင်မိသားစုနှစ်ခုရဲ့ တကယ့်လက်တွေ့ဘ၀ တွေအပေါ် အခြေခံရိုက်ကူးထားတဲ့ Moving to Mars ကားကို Sheffield မြို့တော်က မြို့ခံတွေက ရုပ်ရှင်ရုံအပြည့် အားပေးခဲ့ကြရတယ်လို့ ပွဲကြည့်ပရိတ်သတ်တွေဆီက ကြားရပါတယ်။

ဒီဇာတ် ကားတွင် ပါဝင် ခဲ့တဲ့ ကရင်အမျိုးသားရဲ့ ခံစားမှုကို မေးမြန်းခဲ့သလို ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ဘီဘီစီက မေးမြန်းကြည့်ရာတွင် လွတ်လပ်တဲ့အရသာကို ခံစားပုံနဲ့ စခန်းကဘ၀မေ့မရပုံတွေကို ‌ပြောပြ ကြပါတယ်။

No comments: