Friday, November 13, 2009

MIT ကျောင်းတော်သို့ (၁) MIT ကျောင်းတော်သို့ (၁)

Home ဆောင်းပါး
Written by Administrator
Wednesday, 11 November 2009 12:58
၂၇/၉/၂၀၀၉ တွင် ဖြစ်ပွါးသော MIT မှမုဒိန်းမှုကို ကျွန်တော်တို့အဖွဲ့သားများမှ ၃၀/၉/၂၀၀၉ တွင်သတင်းရရှိပါတယ်။ မီဒီယာသမားတွေရဲ့ထုံးစံအတိုင်း သတင်းမှန်မမှန်အတည်ပြုချက်ယူပြီး နောက်ဆက်တွဲသတင်းကို လက်လှမ်းမှီသလောက် နားစွင့်ခဲ့ပါတယ်။ယုံကြည်သူတစ်ဦးအနေနှင့်အစပိုင်းတွင် ဤ သတင်းကိုလုံးဝမရေးချင်ကြောင်းလူရှေ့ဘုရားရှေ့မှာဝန်ခံပါ

ရစေ။ တစ်ချိန်က MIT ကျောင်းတွင် ဆရာမ လုပ်ခဲ့သော ဒေါတ်တာ နော်အယ်နာမေစေးဖ၏၀င် ရောက်ဖြေရှင်းသည် သိရတော့တရားမျှတစွာဖြင့် ပြီးဆုံးမည် ဟုမျှော်လင့်ခဲ့ပါသည်။ သို့သော်လည်းဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း မပြီးဆုံးခဲ့ပါ။

သို့သော်လည်း ၄င်းကိစ္စနှင့်ပတ်သက်ပြီး Email အဆက်မပြတ်ရနေပြီး ပရိတ်သတ်များKarenunited နှင့် အခြား Blogများ

၏ Cbox များတွင် သူတစ်ခွန်းငါတစ်ခွန်းနှင့်ဝင် ရေးနေကြပါသည်။ Email အသွားအလာများထဲတွင် ဖိလစ်ပိုင် ရောက်

လက်ဖက်ရည် ဆိုင်ရှင် အာဘောက်အမ၏ Email၊ Van Bwai Makသို့မဟုတ်ကျောင်းအုပ်ကြီး၏မိတ်ဆွေ ဟု ယူဆရသော ညီအကိုတော်တစ်ဦး၏ Email အခြားWebsite မှဤ သတင်းကို စတင်ရေးသား၊ ပြောဆိုသောအခါ Karenunited အနေနှင့်

ဤ သတင်းကို ရေးသားဖေါ်ပြ သင့်ကြောင်းဆုံးဖြတ်ခဲ့ပြီး ၁၇/၁၀/၂၀၀၉ တွင် စတင်ရေးသားခဲ့ပါသည်။

ဤ သတင်းသည် သုံးပွင့်ဆိုင်လူမျိုးရေးအတွက် Sensitive ဖြစ်ကြောင်း နားလည်ထားပါသည်။ ထို့ကြောင့်လည်း အများသိ
လာသော ရာဇ၀တ်မှုကို တရားလမ်းကြောင်းပေါ်ရောက်လိုရောက်ညားစောင့်ကြည့်ခဲ့ပါသည်။ သို့သော်လည်းမထူးခြားခဲ့ပါ။

ကျောင်းတော်ကြီးသို့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သည်။ မထူးခြားပါ။ တစ်ခုထူးဆန်းသည်မှာ MIT

ရုံးခန်းသို့ဖုန်းဆက်မေးမြန်းသောအခါ

“ လူကြီးမရှိသဖြင့်ပြောလို့မရပါ၊ လူကြီးတွေရောက်လာမှ ဖုန်းပြန်ဆက်ရန်”

ဖြေကြားသဖြင့် MIT ကျောင်းအနေဖြင့် ခလေးအလုပ်သမားများခန့်ထားခြင်းများလား ဟု စဉ်းစားမိပါသေးသည်။ ရက်အနည်းငယ်အတွင်းမှာဘဲ အမှုကိစ္စအကြောင်းရေးထားသောစာတစ်စောင်ကိုပုရိတ်သတ်ဦးထံမှရရှိသဖြင့် တင်၍

ရမရဆက်သွယ် မေးမြန်း သောအခါ ရေးသားသူကာယကံရှင်နံမည်မပါသဖြင့် သုံး ၍ ရကြောင်း အကြောင်းပြန်ခဲ့သဖြင့်

၎င်းစာကို ၂၀/၁၀/၂၀၀၉ တွင် www.karenunited.com တွင် post တင်ခဲ့ပါသည်။ မကြာခင်မှာဘဲ

ပုရိတ်သတ်များမှတဆင့်ပြန်ကြားရသည်မှာ ၄င်းစာရေးသူကာယကံ ရှင်သည် နံမည်တပ်မထားသော်လည်း

စာအသွားအလာကိုကြည့်ပြီး စာရေးသူ ကိုMIT ကျောင်းမှသိသွားသဖြင့် ကာယကံရှင်နေဖြင့် အနေအထိုင်

ကျဉ်းကျပ်ပြီး ဆရာဆရမနှင့် အခြားကျောင်းသူကျောင်းသားများ၏ပုံမှန်မဟုတ်တော့သော ခွဲခြားဆက်ဆံခြင်း

ခံနေရကြောင်း ကြားသိရသဖြင့် karenunited အဖွဲ့သားများမှစိတ်မကောင်းဖြစ်နေပါသည်။

“ ကာယကံရှင်ကို karenunited မှ အနူးအညွတ်တောင်းပန်အပ်ပါသည်”

ယခုတွင်၎င်းကာယကံရှင်သည် နောက်ဆုံးနှစ် Thesis အတွက်အခက်ကြုံနေပါသည်။၎င်းရာဇ၀တ်မှုနှင့်ပတ်သက်ပြီး

ပြောဆိုသော MIT မှ ဆရာ၊ ဆရာမ များတွင် သဘော ထားမမှန်သော သူတစ်ချို့ရှိနေသဖြင့် ကာယကံ ရှင်၏

အနာဂတ်ပညာရေးကို ခြိမ်းခြောက်နေပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကာယကံ ရှင် အနေဖြင့် MIT တွင်

ဆက်လက်ပညာသင်ကြားရန် မဖြစ်နိုင်လျှင်၎င်း၊ မသင့်တော်လျှင်၎င်း karenunitedကိုဆက်သွယ်စေ လိုပါသည်။

ယခုအချိန်တွင် karenunited အနေဖြင့်မည်သည့်အကူအညီပေးနိုင်သည်ကိုကတိမပေးနိုင်သော်လည်း ကာယကံရှင်ကို

တတ်နိုင်သည့်ဖက်မှပြန်လည်ကူညီရန် အဖွဲ့သားအားလုံးမှ ဆန္ဒရှိပါသည်။ ကာယကံရှင် အား ပြည်ပတွင် ဓမ္မပညာဆက်

လက် သင်ကြားရန် ဆက်သွယ်ပေးနိုင်သူ၊ စီစဉ်ကူညီ ပေးနိုင်သော စာဖတ်ပုရိတ်သတ်များရှိပါကဆက်သွယ်ကူညီပေး

ပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။ ဤ ကိစ္စနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာတစ်ပိုဒ်ကို သတိရမိပါသည်။

Proverb 31: 8-9"

Speak up for those who cannot speak for themselves,for the right of all who are destitute.Speak up and judge fairly;defend the rights of the poor and needy."

သုတ္တံကျမ်း ၃၁း၈-၉

ကိုးကွယ်ရာမရှိသောသူအပေါင်းတို့၏ အမှုကိုစောင့်ခြင်းငှါ စကားအသောသူတို့ဖက်မှနေ ၍ပြောလော့။ စကားပြောလျှက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏အမှုကိုစောင့်လော့။


ဓမ္မပညာသင်ကြားသူ၊ သင်ယူသူများအနေဖြင့် ဤကျမ်းပိုဒ်၏အနက်ဓိပါယ်ကိုပိုမိုနားလည်မည်ဟုယုံကြည်ပါသည်။ မှားယွင်းစွာသုံးစွဲမိပါကပြုပြင်သင်ကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာနိုင်ငံသည် သံယာဇတ ကြွယ်ဝသောနိုင်ငံဖြစ်သော်လည်း ကမ္ဘာ့ဆင်းရဲသောနိုင်ငံ စာရင်းဝင်ရခြင်းအကြောင်းအရင်းတချို့မှာ အုပ်ချုပ်ရေးမူ/စနစ်

မကောင်းခြင်း နှင့် အုပ်ချုပ်သူ မကောင်းခြင်း/ အရည်အခြင်းမမှီခြင်း တို့ဖြစ်ကြောင်း သိတတ်သောမြန်မာနိုင်ငံသားတိုင်း

၏ရင်ထဲမှာရှိပါသည်။ မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံသားများအသိပညာတိုးပြီး အုပ်ချုပ်သူများအား တော်လှန်မှာကိုစိုး

ရိမ်သဖြင့် နိုင်ငံသားများ၏ မျက်စိ နှင့် နားများကို နည်း မျိုးစုံဖြင့်အင် အားသုံးအတင်းပိတ်နေသည်ကို ပြည်သူအများမှ

မကြိုက်နှစ်သက်ကြောင်း အကျယ် တ၀င့်ပြော နေစရာမလိုပါ။ ၄င်းပြင် တိုင်းပြည်မတိုးတက်ရသော အကြောင်းရင်းတစ်ခု

ဖြစ်နေသည်ကို ပညာတတ်များမွေးထုတ်ပေးသော MIT ကျောင်းအနေဖြင့် ခြွင်းချက် မရှိနားလည်မည်ဟု ယုံကြည်ပါသည်။

ယခုလိုအကျဉ်းတန်သော မုတိမ်းမှုသည် လူတိုင်းမဖြစ်ချင်သောဆန္ဒရှိသော်လည်း ဖြစ်ပေါ်လာသောအခါ MIT ကျောင်းမှ

တာဝန်မရှိကြောင်းညင်းလို့မရပါ။ ထို့ပြင်ပြသာနာဖြေရှင်းပုံသည် စစ်အစိုးရ၏ပုံစံအတိုင်း

“ အပြစ်လုံးဝမရှိသူကို အပြစ်နည်းနည်းမြင်လာအောင်၊ အပြစ်များများရှိသူကို အပြစ်နည်းနည်းမြင်လာအောင်”

ကျောင်းတော်မှ ဆရာ၊ဆရာမ များ ကြိုးစားနေပုံမှာ အဖြူရောင်သာသနာခရီးလမ်းကို ညစ်ပေ စေသလို မြန်မာနိုင်ငံ

ခရစ်ယာန်အသိုင်းအ၀ိုင်း၏ဂုဏ်သိက္ခာ ကိုထိခိုက်စေပါတယ်။ ထို့ပြင်မှားသော ပုံသက်သေပြရာရောက်နေပါသည်။

ဖုံးဖိ ၍ မရတော့တဲ့ပြသာန (ရာဇ၀တ်မှု) တွက် ကျောင်းတော်မှ Mass meeting ခေါ်သောအခါ ဖြစ်သင့်ဖြစ်ထိုက်သော

ပြုပြင်ပြောင်းလဲမှု၊ အဖြေရှာမှု နှင့် ကျောင်းသူကျောင်းသားများအား ဆိုဆုံးမမှု များ ပြုလုပ်တော့မည်ဟု မျှော်လင့်မိခဲ့ပါ

သည်။ သို့သော်မျှော်တော်ရောင်သာဖြစ်ခဲ့ပါသည်။ အာဏာရှင်စစ်အစိုးရ၏ထုံးစံအတိုင်း ကျောင်းသူ၊ ကျောင်းသားများ

ကိုဆုံးမသည်မှာ-


“၄င်းအမှုကိစ္စနှင့်ပတ်သက်ပြီး ယနေ့မှစ ၍ မည်သူမှ မပြောရ၊ မဆိုရ၊ပြောဆိုလို့ တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့သော် ကျောင်းတော်မှာတာဝန်မရှိ၊ ပြောဆိုသူမှာသာတာဝန်ရှိသည်”

ဟု သွယ်ဝိုက်ပြီးဖိအားပေးခဲ့ပါသည်။ အမှန်တရားတွက် စာရေးသူကာယကံရှင် အနေနှင့် Mass Meeting မှပေးသော

ဖိအားတက် ရရှိသော စိတ်ဖိစည်းမှုကိုခန့်မှန်းကြည့်ပါ။ တော်တော်ခံစားရမည်ဖြစ်သည်။ အနိုင်ကျင့်ခံရသူ၊ အတန်းပညာ

မရှိသူနော်သမူး အားနောက်ထပ်ကူညီနိုင်သူမည်သူရှိ နိုင်မလဲဟု အဖွဲ့သားများမှ နေ့ရက်စဉ်ဆက်လေ့လာခဲ့ပါသည်။

ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ( Karen Baptist Convention) ကိုလေ့လာသော် ဖွဲစည်းပုံရ

Myanmar Baptist Convention အောက်တွင်ရှိသဖြင့် MBC သို့သွားသင့်ကြောင်း လမ်းညွန်၏။ မြို့မျက်နှာဖုံး

ကရင်အမျိုးသမီးရေးရာကို လေ့လာသော် ဘာမှမထူးခြား။ ကရင်ကျမ်းစာသင်ကျောင်း KBTS ကိုချဉ်းကပ်သော်

တစ်ဖက်ကျောင်း၏ ကိစ္စ ကို ၀င်မရှုတ်ချင်၊MIT ကျောင်းမှ ကရင်ဆရာ၊ ဆရာမ ကို လမ်းပြန်ညွန်။ လမ်းညွန်ချက်အတိုင်း

MIT မှ ကရင်ဆရာ၊ ဆရာမ ကို လေ့လာသော် ဤအမှုကိစ္စကို ဆက်လက်ဆောင်ရွက်ရန် နော်သမူး၏ မိဘ၊ မိသားစုနှင့်

မိခင်အသင်းအုပ် ဆရာကို လမ်းညွန်သဖြင့် ပုသိမ်၊ကျွဲကုန်းရွာသို့ဆက်သွယ်သော် အသိပညာနည်းသော မုဆိုးမမိခင် နှင့်

မိသားစုက ဘာမှနားမလည်၊ရွာမှအသင်းအုပ်ဆရာကို လေ့လာသော် တနေ့ကမှပြန်ရောက်လာသော် နော်သမူး၏အမှု

ကိစ္စကို နားမလည်၊ နားလည်အောင်ရှင်းပြပြီးသော် ဘာလုပ်ရမှန်းမသိဘဲ ကျောင်းတော်မှ ကရင်ဆရာ၊ ဆရာမ

ကိုလမ်းပြန်ညွန်သဖြင့်အဖွဲ့သားများမှာ ဘော်လီဘောအပုတ်ခံရပြီးမောသွား၏။

အမှန်တရားတွက်ရဲရဲတောက်ကရင့်သွေး ပိုင်ရှင်ကို ရှာမတွေ့သဖြင့် များစွာ ၀မ်းနည်းမိပါသည်။



မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် MBC အနေနှင့်လည်း MIT ကျောင်းအုပ်၏ လုပ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ

ကိုချိုးဖေါက်ရာရောက်သဖြင့် အရေးယူသင့်မသင့် စဉ်းစားသင့်ပါပြီ။ ရာဇ၀တ်မှုကို ကျောင်းအုပ်အနေဖြင့်စီရင်ဆုံးဖြတ်ရန်

အခွင့်အာဏာပေးထားပါက၊ ၄င်းအခြေခံဥပဒေ ကို ပြန်လည်ပြုပြင်ရန် တောင်းဆိုရမှာဖြစ်သည်။ ထို့ပြင်ဖြစ်ပေါ်ခဲ့သော

ရာဇ၀တ်မှု၏ အရင်းခံအကြောင်းအရင်းကို ဆန်းစစ်ပြီး MIT အတွင်းအုပ်ချုပ်ရေးတွက်ပြုပြင်ပြောင်းလဲမှု၊ မူစနစ်ပြုပြင်

ပြောင်းလဲမှု၊ ကျောင်းစည်းကမ်းဆိုင်ရာပြုပြင်ပြောင်းလဲမူ့တွက် MIT တွင်တာဝန်ရှိသလို MBC တွင်လည်းတာဝန်ရှိပါသည်။



အဖွဲ့သားများ

www.karenunited.com

(အမှတ် (၂) ကိုမျှော်)

No comments: