Monday, April 26, 2010

ငြိမ်း/ကောင်စီ ဗိုလ်ချူပ် စောထိန်မောင်မှ နအဖ ဗိုလ်ချူပ်ရဲမြင့်ကို သွန်သင်ဆုံးမနေ

စာဖတ်ပုရိတ်သတ်များခင်ဗျား….

နအဖ စစ်ထောက်လှမ်းရေးချူပ် ဗိုလ်ချူပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီ မှ ဗိုလ်ချူပ်စောထိန်မောင် ပေးပို့ သောစာ မိတ္တူကို အများပြည်သူ သိရှိစေရန်တင်ပြပေးလိုက်ပါသည်။ အဆိုပါ ဗိုလ်ချူပ်ရဲမြင့် ထံသို့ ပေးပို့ သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့ တွင် BGF နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့ အဖြစ်သတ်မှတ်ထားသော နအဖ စစ်အစိုးရ၏ ရာဇာသံပေးမှုကို တုံပြန်လိုက်သော ပြတ်သားသည့် ပေးစာတစ်စောင်ဖြစ်ပါသည်။

KNU တပ်မဟာ(၇)မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချူပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ ဗမာစစ်အစိုးရ၏ လည့်ဖျားမှုများကို တဖြည်းဖြည်းသဘောပေါက်လာပုံရနေပါသည်။ ဗိုလ်ချူပ်ရဲမြင့်ကို လည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားပါသည်။
စာပါအကြောင်းအရာများတွင် စိတ်ဝင်စားစရာ အလွန်ကောင်းပါသဖြင့် ဖတ်ဖြစ်အောင်ဖတ်ကြပါ။ ဗိုလ်ချူပ် ရဲမြင့်ထံသို့ ပေးစာကို ပေးပို့ လာသော အမည်မဖေါ်လိုသူ မိတ်ဆွေအား အထူးကျေးဇူးတင်ပါကြောင်း၊ ကျနော်တို့  သောသီခိုအဖွဲ့ သားများမှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

No comments: