Sunday, April 25, 2010

ကရင်ဒုက္ခသည်များအားခေါ်ယူပြီး ၆ လကြာဂျပန်စာသင်ကြားပေးမည့်အစီစဉ်တွင်အခက်အခဲမရှိစေရန်အတွက်K N L-JAPAN မှဂျပန်ဆရာမများအားကရင်စာသင်ကြားပေးခြင်း

၂၀၁၀ခုနှစ်အာရှတွင်ပထမဦးဆုံးနယ်စပ်မှကရင်ဒုက္ခသည်များခေါ်ယူမည့်
ဂျပန်နိုင်ငံသည်၎င်းတို့ခေါ်ယူမည့်ပထမဦးဆုံးဒုက္ခသည်များ
အား PILOT CASE ဟုခေါ်သည်၊၊တနှစ်ကိုအယောက် ၃၀ နှုန်းနှင့်
ု၃နှစ်ဆက်တိုက်ခေါ်ယူမည့်ဖြစ်သည့်ဂျပန်နိုင်ငံမှ
ကရင်ဒုက္ခသည်များအားခေါ်ယူပြီး ၆ လကြာဂျပန်စာသင်ကြားပေးမည့်အစီစဉ်တွင်အခက်အခဲမရှိစေရန်အတွက်စာသင်ကြားပေး
မည့်ဂျပန်ဆရာ၊ဆရာမများအား KAREN NATIONAL LEAGUE (JAPAN)၊
( K N L-JAPAN ) ၊ကရင်အမျိုးသားအဖွဲ့ချုပ်-ဂျပန်မှ ၂၄-၄-၂၀၁၀ နေ့မှစ၍
ကရင်စာပေများသင်ကြားပေးလျှက်ရှိသည်၊၊
ယခုပုံမှာK N L-JAPAN ၏ဒုဥက္ကဌဖြစ်သူစောဘလှသိန်း၏ဇနီး ဖြစ်သူနော်လေးဖေါမင်းမှ
စာသင်ကြားပေးနေပုံဖြစ်ပြီးယင်းဆရာမများသည် ၂၀၁၀ခုနှစ် ၇ လပိုင်းမှ
စ၍၂၀၁၀ခုနှစ် ၉ လပိုင်း အထိမယ်လကရင်ဒုက္ခသည်စခန်းများတွင်
ဂျပန်သို့လာမည့်ကရင်ဒုက္ခသည်များအားအနီးကပ်
သင်တန်းပို့ချပေးမည်ဖြစ်သည်၊၊
၂၀၁၀ခုနှစ်တွင်စတင်ခေါ်ယူမည့်ကရင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည်
ဂျပန်နိုင်ငံတွင်စတင်အခြေချနေထိုင်ရန်အတွက်
၂၀၁၀ခုနှစ်အောက်တိုဘာတွင်စတင်ရောက်ရှိမည်ဖြစ်သည်၊၊











သတင်းပေးပို့သူ
စောခင်မောင်အေး

No comments: