Thursday, September 23, 2010

ထိုင်းနိုင်ငံ လုံခြုံရေး ရဲကားကို ၀င်တိုက်သည့် ကားပေါ်မှ မြန်မာအလုပ်သမား (၁၀၀)ဖမ်းမိ

September 21, 2010
ယမန်နေ့ ညနေပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ကို တင်ဆောင်ပြီး မောင်းနှင်လာသည့် ကားသည် ထိုင်းနိုင်ငံ၊ လုံခြုံရေး ကင်းလှည့်ကားအား ၀င်တိုက်ခဲ့ရာမှ မြန်မာအလုပ်သမားများ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
အလုပ်သမားမျာကို တင်ဆောင်လာသည့် ကားသည် ထိုင်းနိုင်ငံ၊ ချွန်ဖွန်မြို့နယ်၊ လန်စွန်းအနီး၊ အာရှအဝေးပြေး လမ်းမကြီး၏ မိုင်တိုင်အမှတ် (၄၁) အနီးရှိ စစ်ဆေးရေး ရဲကင်းမှ ရပ်နားခိုင်းစဉ် မရပ်ပေးဘဲ မောင်းပြေးရာမှ ကင်းလှည့်ကားအား ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။
ကားတိုက်မှုကြောင့် ကင်းလှည့်ကားမှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ခုံချလစ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

No comments: