Sunday, February 13, 2011

(ပဒိုမန်းရှာအတွက် သုံးနှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရ )

February 2011


တောင်းတ တဲ့အာသာဝတီပန်း



ငြိမ်းချမ်းစွာကွဲလွဲခွင့်ရှိတဲ့
လွတ်လပ်တဲ့ကမ္ဘာတစ်ဘက်ခြမ်းမှာ
အမျိုးမတူသူတွေနဲ့ 
အယူမတူသူတွေပေါင်းစု
အမိတိုင်းပြည်ကိုကောင်းအောင်ပြုကြတယ်။

လွတ်လပ်စွာ ကွဲလွဲချင်နေကြတဲ့
ပျဉ်ဘိုးနားမလည်နိုင်သေးတဲ့
ဒို့ ကရင်တွေအဖို့ မှာတော့
လူမျိုးစွဲ၊ဘာသာစွဲ၊ပါတီအစွဲတွေနဲ့ 
ကိုယ့်ကျုံးထဲ ကိုယ်ပြန်ဝင်ကာ
ဆင်ကန်းတွေလို တောတိုးကြလေရဲ့။

သက်ကျားအို အာခံတွင်းထဲက
သစ်သီးပေါများတဲ့ဥယာဉ်ကို
စိတ်ကူးယဉ် ယုံစားမိတဲ့
ယုံသူငယ်အဖြစ်ဆိုးလို
တစ်ကောင်ပြီးတစ်ကောင်
ကျားစာဖြစ်သွားတာတောင်
သေဖေါ်ညှိဘို့ ဆွယ်နေကြသူလဲရှိပါရဲ့
ညီညွတ်မှုကိုလိုချင်ပါတယ်လို့ လည်း
သူတို့ ပါးစပ်တွေကနတ်စကားမြွက်ကြားတတ်သကွဲ့  ။

အမှားသိမှအမှန်နားလည်
အမှန်သိမှအမှားနားလည်။
ဒွန်တွဲနေတဲ့နိယာမကိုဘေးဖယ်ပြီး
သင်တို့ တွေအားလုံးမှန်သူတွေလို့ 
ကိုယ့်ကိုယ်ကိုယူဆနေကြရင်
မြေစာအဖြစ်ခံနေရတဲ့ ဒို့ ပြည်သူမှာတော့
ဒုက္ခရောက်လို့ ဘိုက်မှောက်ကာ
ဘုံပျောက်လို့ အသက်ငင်နေကြပြီး
အသွင်မတူသူတွေ စုကာနေတဲ့ကမ္ဘာအရပ်ရပ်နဲ့ ကော်သူးလေမှမျိုးချစ်ကရင်ဆိုသူတို့ ရေမသင့်မမြတ်တဲ့ အကွဲအရှပ်တွေကြားကမွှေးရနံ့ သင်းပျံ့ တဲ့ ညီညွတ်ရေးပန်းမာလာအာသာဝတီ နတ်ပန်းလေးတစ်ပွင့်
မျှော်လင့်နေတဲ့ ဒို့ ပြည်သူအတွက်
အားနာစွာနဲ့ ပွင့်တန်ကောင်းပါရဲ့နော်။

(သူရေ၀့်ဖေါင်)

No comments: