ပဒိုမန်းရှာလားဖန်း အတ္တုပတ္တိ

ပဒိုမန်းရှာလားဖန်းသည် ဧရာဝတီတိုင်း ပန်း တနော် မြို့နယ်သားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်(၇) ရက် အရေးတော်ပုံ ပေါ်ပေါက်ချိန်၌ ရန်ကုန်တက္က သိုလ်တွင် ကျောင်းတက်နေဆဲ ကျောင်းသားတစ်ဦး ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၅ ခုနှစ်တွင် ကရင်တော်လှန် ရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က KNU အထွေထွေ အတွင်းရေးမှုး ပဒိုစကောလယ် တောနှင့်အတူ တရုပ်ပြည် နယ်စပ် နှင့် ရှမ်းပြည်ဒေသများ သို့ကွင်းဆင်း စည်းရုံးရေး၌ လိုက်ပါခဲ့သည်။

ပဒိုမန်းရှာရေးသားသည့် နာမည်ကြီးကဗျာတပုဒ်
ချစ်သမီးသို့
သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။
ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊
လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊
မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊
သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။
ရေဆန်(ပဒိုမန်းရှာလာဖန်း)
No comments:
Post a Comment