KAREN NATIONAL LEAGUE (JAPAN)မှဖထီးမန်း ရှာ(ပဒိုမန်းရှာလားဖန်း) ကျဆုံးသွားခဲ့သည်မှာသုံးနှစ်ပြည့်ပြီအတွက်မှတ်တမ်းတင်ဦးညွှတ်ဂုဏ်ပြုမှတ်တမ်းတင်လျှက်


ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက် ထွက်သူများရဲ့ လက်ချက်နဲ့ ကရင့်အမျိုးသားတော်လှန် ရေးကို မှန်ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့ ဖထီးမန်း ရှာ(ပဒိုမန်းရှာလားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာ ပြည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူအခွင့်အ ရေးရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကားလာရေး အတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေး လမ်းကြောင်း လမ်း ခုလတ်တွင် ယခုလို ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက် ကရင့်တော် လှန်ရေး အတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက်နစ်နာ ခဲ့ရပါတယ်။
ဖထီးမန်းရှာ လုပ်ကြံခံရတာ လာမယ့် ၂၀၁၁ခုနှစ် ဖေ ဖော်ဝါရီလ ၁၄ရက် နေ့မှာ သုံးနှစ်တင်းတင်း ပြည့်ပြီဖြစ် သော်လည်း KAREN NATIONAL LEAGUE (JAPAN)မနေ့တနေ့က လိုပဲ ခံစားနေရဆဲပါ။ ဖထီးမန်းရှာလုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။
ဒါပေမယ့်လည်း ပဒိုမန်းရှာလို ခေါင်းဆောင်မျိုး ကရင့်အမျိုးသား ထုအတွင်းမှာ အများအပြား ဆက်လက် ပေါ်ထွန်းလာပြီးတော့ အမျိုးသား တော်လှန်ရေးကို ဆက်လက် ဦးဆောင်သွားမယ်ဆိုတာ ဧကန်မုချမလွဲပါဘူး။ အစားထိုးမ ရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက် လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။
No comments:
Post a Comment