Saturday, May 7, 2011

လက်ပ်တော့၊ကင်မရာ တန်ဆာဆောင်မှု့ပယ်ဖျက်






Thursday, 05 May 2011 08:44
ခရီးသည်များ၏ လက်ပ်တော့၊ကင်မရာ၊ အိုင်ဖုန်းများ သယ်ဆောင်ခြင်းအပေါ် မြန်မာ့မီးရထားက တန်ဆာခကောက်ယူနေခြင်းကို ဧပြီလ ၂၆ ရက်မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ ရန်ကုန်တိုင်းဒေသကြီး တိုင်းသွားလာရေး မန်နေဂျာဦးသိန်းနိုင်က ပြောသည်။ ထို့အပြင် လျှပ်စစ်ပစ္စည်း အီလက်ထရွန်နစ်ပစ္စည်းများအပေါ်တွင် မြန်မာ့မီးရထားမှ တန်ဆာခကောက်ယူနေမှု စနစ်ကိုလည်း ခေတ်ကာလနှင့်အညီ ပြန်လည်ပြင်ဆင်ရန် စီစဉ်နေကြောင်း လက်ရှိတန်ဆာခကောက်ယူနေသည့် စနစ်သည် ၂၀၀၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် စနစ်များဖြစ်ကြောင်း သိရသည်။ “လျှပ်စစ်ပစ္စည်းနဲ့ ပတ်သက်ရင် Modernize (ခေတ်မီအောင်လုပ်သည်) ဖြစ်အောင် ပြင်ဆင်ဖို့လိုလာပြီ။ နေ့စဉ်ပစ္စည်းအသစ်တွေက ထွက်နေတာဆိုတော့ ပြန်သုံးသပ်ပြင်ဆင်ရမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လျှပ်စစ်ပစ္စည်းများအပေါ် မြန်မာ့မီးရထားမှ တန်ဆာခကောက်ယူမှုစနစ်သည် ၂၀၀၂ခုနှစ်က ထုတ်ပြန်ထားသည့် စနစ်အရ ၄၅ မျိုးရှိကြောင်း၊ ကွန်ပျူတာနှင့် ပတ်သက်သည့် ပစ္စည်းများတွင် မော်နီတာတစ်လုံးလျှင် ၁၇လက်မအထိ ၁၄၀၀ကျပ်ကောက်ယူပြီး ၁၇ လက်မအထက် ကျပ်၃၀၀၀ ကောက်ယူသည်။ တန်ဆာခမဆောင်ခဲ့ပါက အဆိုပါပစ္စည်းအပေါ် သတ်မှတ်တန်ဆာခ၏ သုံးဆဒဏ်ငွေ ပေးဆောင်ရကြောင်း သိရသည်

No comments: