Tuesday, May 3, 2011

Miyagi Kan, Ishinomaki မြို့ရှိ ဒေသခံ ဂျပန် ငလျင် ဒုက္ခသည်များအား မြန်မာထမင်း ဟင်းလျှာများကို ချက်ပြုတ်ကျွေးမွေးခဲ့သည့် လုပ်အားပေး မြန်မာများ မှတ်တမ်း

Miyagi Kan, Ishinomaki မြို့ရှိ ဒေသခံ ဂျပန် ငလျင် ဒုက္ခသည်များအား မြန်မာထမင်း ဟင်းလျှာများကို ချက်ပြုတ်ကျွေးမွေးခဲ့သည့် လုပ်အားပေး မြန်မာများ မှတ်တမ်းတင်(ရုပ်သံ)
လုပ်အားပေး ခရီးစဉ်တွင် ပစ္စည်းတင်ကား တစ်စီး အပါအ၀င် လူစီးကား ၄ စီးဖြစ် တိုကျိုရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အင်အား ၉၅ ဦးဖြစ် သွားရောက် လုပ်အားပေး ခဲ့ကြပါသည်။ Miyagi ke ဒေသရှိ နေရာ ၃ ကို လူစုခွဲ၍ အားတက်သရော တနေ့တာ လုပ်အားပေးခဲ့ကြပါသည်။

ဂျပန်ရှိ တချို့သောမြန်မာများသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်အားပေး လိုက်ပါနိုင်ခြင်း မရှိခဲ့သော်လည်း မိမိတို့ တတ်နိုင်သည့် ဘက်က အလှူငွေ ၊ ဆန် ၊ ရေသန့်ဗူး ၊ ရေနွေးကြမ်းဗူး ၊ ကော်ဗီဗူး ၊ အစားအသောက် ပစ္စည်းများ စေတနာ ထက်သန်စွာဖြင့် လာရောက် လှူဒန်း သွားခဲ့ကြသည်ကိုလည်း သိရှိရပါသည်။









No comments: