ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး
ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။
ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။

ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။
http://kachinnews.com/burmese/2010-01-18-05-43-21/453--kia-.html
မြစ်ကြီးနား-လိုင်ဇာ ကားလမ်းမကြား အဓိက တံတား ၃ စင်း ဖျက်ဆီးခံရ
Wednesday, 15 June 2011 09:04 KNG
ဇွန် ၁၅၊ ၂၀၁၁- မြစ်ကြီးနား-လိုင်ဇာလမ်းရှိ ပေ ၁၀၀ အထက်ရှည်သည့် အဓိက တံတား ၃ စင်း သည် ဇွန် ၁၄၊ ယမန်နေ့ညက ဗုံးကွဲပျက်စီးသွားသည်ဟု KIA အရာရှိများပြောသည်။

ဝိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ်(N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်သည့် မလီ(Mali Hka)ချောင်းကူးတံတားနှင့် ကျန်တံတားတစင်းကို အတိအကျမသိရသေးပါ။
ယခုလုပ်ရပ်သည် မြန်မာစစ်တပ်၏ လမ်းပန်းဆက်သွယ်ရေးအား KIAမှ ပစ်မှတ်ထားတိုက်ခိုက်လာခြင်း ဖြစ်သည်။
No comments:
Post a Comment