Tuesday, June 14, 2011

ကော့ကရိတ်-မြ၀တီကားလမ်းကို တစ်ချိန်တည်း(၄)နေရာ ၀င်တိုက်သော ကရင့်ပူးပေါင်းတပ်ဖွဲ့




၁၂-၀၆-၂၀၁၁နေ့၊ ည(၉)နာရီကျော်အချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးကြီးကျော်သက်ဦးစီးသော
တပ်ဖွဲ့နှင့် ကေအန်ယူ တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)တို့ ပူးပေါင်းတပ်ဖွဲ့ဟာ တစ်ချိန်တည်းမှာပဲ
ကော့ကရိတ်-မြ၀တီလမ်းရှိ ကြံ့ဖွံ့တပ်လုံခြုံရေးယူထားရာ နေရာ(၄)ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့
ကြောင်း ဒုဗိုလ်မှူးကြီးစောဖေါဒိုက ပြောပါသည်။

'' မနေ့ညကပေါ့ ၊ မြ၀တီမြို့ကို တိုင်းမှူးလာဖို့အတွက် လမ်းပေါ်မှာလုံခြုံရေးတွေ ပိုမိုချထားတယ်။
အဲဒါကို ဗိုလ်မှူးကျော်သက်ဦးစီးတဲ့ ပူးပေါင်းတပ်ဖွဲ့က တချိန်တည်း တပြိုင်တည်းမှာပဲ နေရာ(၄)ခုကို
ဝင်တိုက်တာ၊ ထိခိုက်သေကြေတဲ့ စာရင်းတော့ မရသေးဘူးပေါ့နော်။"

၎င်းတိုက်ပွဲသည် ည(၉)နာရီကျော်အချိန်တွင် စတိုက်ပြီး (၁၂)နာရီလောက်မှ ပြီးသွားကြောင်းလည်း
သိရပါသည်။
မြ၀တီမြို့ခံတစ်ဦး၏ ပြောပြချက်အရ အရှေ့တောင်တိုင်း တိုင်းရင်းမှူး မြ၀တီကိုလာမည့်ခရီးစဉ်အတွက်
တပ်ရင်း(၁၀)ရင်းလောက် လုံခြုံရေးချထားကြောင်းလည်းသိရပါသည်။

No comments: