Monday, July 18, 2011

၂၀၁၁ ကမ္ဘာ့ဘောလုံးပြိုင်ပွဲ ဂျပန်အမျိုးသမီးအသင်း အနိုင်ရဗိုလ်စွဲ

Monday, July 18, 2011

၂၀၁၁ ကမ္ဘာ့ဘောလုံးပြိုင်ပွဲ ဂျပန်အမျိုးသမီးအသင်း အနိုင်ရဗိုလ်စွဲ



၂၀၁၁ ကမ္ဘာ့ဖလား အမျိုးသမီး ဘော်လုံးပြိုင်ပွဲ ဖိုင်နယ် မှာ ဂျပန်အသင်းက အမေရိကန်အသင်းကို
အချိန်ပို ၂ ဂိုးစီ သရေကစားခဲ့ပြီး၊ ပင်နယ်တီ ဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကာ ပထမဦးဆုံး ကမ္ဘာ့ဖလား
ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါပြီ။ အမေရိကန် အသင်းက တချိန်လုံး အသာစီ ကစားခဲ့သော်
လည်း ဂိုးလွှဲချော်နေမှုများကြောင့် အချိန်ပိုထိ အနိုင်ဂိုး ထက် မသွင်းနိုင်ပဲ သရေဖြစ်ခဲ့ရသလို၊ ပင်နယ်
တီ ကန်သွင်းရာမှာ ဂျပန်ဂိုးသမား က နှစ်ကြီမ်ပုတ်ထုတ်နိုင်ခဲ့ပြီး၊ တကြိမ်ဂိုးလွှဲချော်သွားခဲ့ သဖြင့် ရှုံးနိမ့်သွားခဲ့တယ်။

ဂျပန်အသင်းဟာ တသင်းလုံးတိုက်စစ်၊ခံစစ် တို့ဖြင့် အမေရိကန်အသင်း ကို အံတု ကစားသွားနိုင်ခဲ့ပြီး၊
၈၁ မိနစ် နှင့် အချိန်ပို ၁၁၇ မိနစ် ၌ ပြန်လည်ချေပဂိုးတွေ ကို သွင်းယူနိုင်ခဲ့သည်။ ဂျပန်အမျိုးသမီး
အသင်း ဟာ အသင်းလိုက် တောင့်တင်းမှု၊ အပေးအယူ ကစားကွက် ကောင်းမှု၊ သက်လုံကောင်း မှု၊ ဘော်လုံးကစားမှုနည်းပညာမြင့်မားမှု တို့ ကြောင့် အိမ်ရှင် ချန်ပီယံ ဂျာမဏီ၊ ဆွီဒင် အပါအ၀င်၊ အသင်းကြီးတွေကို အနိုင်ရယူကာ ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျပန်ပြည်သူတွေ ကတော့ သူတို့နိုင်ငံ
ရဲ့ ဆာမူရိုင်းမလေးများ အတွက် ၀မ်းသာဂုဏ်ယူလို့မဆုံး အောင်ပွဲခံနေကြပါပြီ။


အခုတော့ ဂျပန်ဘော်လုံး ကမ္ဘာ ကို လွှမ်းသွားပါပြီ။

ဆာမူရိုင်းမလေးများ ဆူနာမီ ငလျင်ဒဏ်ခံ မောပန်း နေကြတဲ့ ဂျပန် ပြည်သူများအတွက် အားဆေးတခွက်ကို တိုက်ကြွေးလိုက်နိုင်ပါပြီ။

သွင်းယူခဲ့သော ဂိုးများ



ဂျပန်အသင်း
Aya MIYAMA (81')
·Homare SAWA (117')
·
အမေရိကန်အသင်း
Alex MORGAN (69')
Abby WAMBACH (104')

No comments: