Saturday, July 23, 2011

Man kills at least 91 in Norway shooting, bombingနော်ဝေ အကြမ်းဖက်၊ အစုလိုက်အပြုံလိုက် သတ်မှု

Saturday, July 23, 2011




July 23, 2011
အော်စလိုမှာ ဗုံးကွဲပြီးနောက်
July 23, 2011
သောကြာနေ့ကတော့ နော်ဝေရဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ပါပဲ။ မြို့တော် အော်စလိုမှာ ပြင်းထန်တဲ့ ဗုံးကွဲပြီး တဆက်တည်း ကျွန်းတခုမှာ လူ ၈၄ ယောက်လောက် သေဆုံးတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်သွားလို့ပါပဲ။

နော်ဝေနိုင်ငံက Utoya ကျွန်းမှာ လူငယ်စခန်းတခုအတွင်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၀ လောက်သေဆုံးပါတယ်။ နော်ဝေရဲ့မြို့တော် အော်စလိုမှာ ဗုံးကွဲပြီး မကြာခင်မှာ အဲဒီလို ပစ်ခတ်မှု ဖြစ်တာပါ။ သေနတ် ပစ်မှုရော ဗုံးကွဲမှုနဲ့ပါဆို လောလောဆယ် သိရသလောက် ၉၁ ယောက် သေပါတယ်။

ဒီအကြမ်းဖက်မှုတွေက ဘယ်သူ့လက်ချက်ဆိုတာ နော်ဝေရဲတပ်ဖွဲ့က သေချာ မပြောသေးပေမယ့် နော်ဝေနိုင်ငံသား တယောက်ကိုတော့ ဖမ်းထားပြီလို့ ဆိုပါတယ်။

တရားရေးဝန်ကြီး Knut Storberget က “ကျနော်တို့ တယောက်ကို ဖမ်းထားပါပြီ။ ဖြစ်ပျက်သွားတာတွေနဲ့ ပတ်သက်ပြီး ဆက်စပ်မှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ သူကိုတော့ နော်ဝေသားအဖြစ် သိထားပါတယ်။ သိသမျှ ဒီလောက်ပါပဲ။ သူ့အကြောင်း အသေးစိပ်ပြောဖို့က ကျနော့်တာဝန် မဟုတ်ပါဘူး” လို့ ပြောပါတယ်။

နော်ဝေက TV2 က အဲဒီလူဟာ Anders Behring Breivik ဖြစ်ပြီး “နော်ဝေအရှေ့ပိုင်းက လက်ယာ အစွန်းရောက် အုပ်စုအဖွဲ့ဝင်” ဖြစ်တယ်လို့ ထုတ်လွှင့်သွားပါတယ်။
ဖမ်းဆီးထားတဲ့ သံသယရှိသူ နော်ဝေနိုင်ငံသား

အော်စလိုမြို့က ဝန်ကြီးချုပ်ရုံး ဗုံးကွဲပြီး နာရီပိုင်းအကြာမှာ လေဘာပါတီက ဖွင့်ထားတဲ့ နွေရာသီ လူငယ်စခန်းမှာ ပစ်ခတ်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ လူ ၅၀၀ လောက်ရှိနေပြီး အများစုက ဆယ်ကျော်သက်တွေပါ။

အယ်လ်ဂျာဇီးယား သတင်းအရ ပစ်ခတ်တဲ့လူဟာ ရဲအရာရှိဝတ်စုံကို ဝတ်ဆင်လာပြီး သူက စခန်း လုံခြုံရေးအတွက် လာတယ်လို့ ပြောကြောင်း ဒေသခံရဲတဦးကို ကိုးကား ဖော်ပြပါတယ်။ ဖောက်ခွဲရေး ပစ္စည်းတွေလည်း ကျွန်းပေါ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။



ဒဏ်ရာရသူတွေကို ခေါ်ယူဖို့ လူနာတင် လေယာဉ် လေးစင်း၊ လူနာတင်ကား အစီး ၂၀ လောက် သွားရောက်ရပါတယ်။ လူတချို့က ရေထဲကို ခုန်ချပြီး ရေကူးပြေးတာကြောင့် ရေထဲမှာ လိုက်ဆယ်ရပါတယ်။
နော်ဝေ ဝန်ကြီးချုပ် Stolenberg ကတော့ အော်စလို ဗုံးကွဲမှုမှာ ဒဏ်ရာ တစုံတရာ ရခြင်း မရှိကြောင်းနဲ့ နောက်တရက်မှာ Utoya ကျွန်းကို သွားရောက်လည်ပတ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က အော်စလိုမှာ ရုံးစိုက်တာပါ။ DVB က ဂျာနယ်လစ် ကိုသန်းဝင်းထွဋ်ကတော့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဗုံးပေါက်ကွဲတဲ့ အစိုးရရုံးဟာ DVB ရုံးကနေ ၂ မိနစ် ၃ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်တဲ့နေရာဖြစ်ကြောင်း၊ ဆူညံသံတွေကြားရပြီး တံခါးတွေ၊ မှန်တွေ ၃ စက္ကန့် ၄ စက္ကန့်လောက် လှုပ်ခါသွားကြောင်းနဲ့ DVB အဖွဲ့သားများ ဘေးကင်းစွာရှိကြောင်း ရေးထားပါတယ်။

နော်ဝေဟာ ချမ်းသာတဲ့ ဥရောပနိုင်ငံဖြစ်ပြီး အကြမ်းဖက်မှု မရှိတဲ့နိုင်ငံလို့ အများက သိထားကြပါတယ်။ အခု အကြမ်းဖက်မှုကြောင့် လူတွေ အတော် တုန်လှုပ်သွားကြပါတယ်။ အမေရိကန် သမ္မတ အိုဘားမား သူတို့လည်း အသေးစိတ် မသိသေးကြောင်းနဲ့ သေကြေ ဒဏ်ရာရသူ နော်ဝေ နိုင်ငံသားအတွက် စိတ်မကောင်း ပါကြောင်း ပြောသွားတာ ရုပ်သံမှာ မြင်လိုက်ရပါတယ်။






နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ မနေ့မွန်း​လွဲ​ပိုင်း​က ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေနတ်နဲ့​ ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ သေဆုံးသူ အနည်းဆုံး ၈၀ ကျော်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယူတိုယာကျွန်း (ဓာတ်ပုံ_ အေအက်ဖ်ပီ)

မ​နေ့​က​ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ အော်စလိုမြို့လယ်က ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီးချုပ်ရဲ့ပါတီရုံးနဲ့ အစိုးရအဆောက်အဦတွေ ရှိရာ​ အနီးမှာ ဗုံးပေါက်ကွဲရာမှာ လူ ၇ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ၀န်ကြီးချုပ်ရုံး အပါအ၀င် အဆောက်အဦတွေ ပျက်စီးသွားပြီး လမ်းမပေါ်မှာ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်သွားပါတယ်။

နော်ဝေမြို့ပြင်ပိုင်းက ယူတိုယာကျွန်းမှာ နွေရာသီစခန်းချနေတဲ့ ကျောင်းသားတွေကို နော်ဝေလူမျိုး တဦးက ရဲအယောင်ဆောင်ပြီးတော့လည်း သေနတ်နဲ့ ပစ်ခတ်လို့ အနည်းဆုံး ၈၀ သေဆုံးသွားပါတယ်။ ဒီပစ်ခတ်မှုကျူးလွန်သူ အသက် ၃၂ နှစ်အရွယ် နော်ဝေလူမျိုးဟာ လက်ယာအစွန်းရောက် ၀ါဒီတွေနဲ့ ဆက်နွှယ်နေပြီး သူ့နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ သေနတ် ၂ လက် ပိုင်ဆိုင်ထား တယ်လို့ နော်ဝေရုပ်မြင်သံကြားဌာန TV2 က ကြေညာသွားပါတယ်။ အဲဒီနွေရာသီစခန်းက လူ ၅၆၀ ကို ၀န်ကြီးချုပ် ယန်း စတော်တင်ဂတ်က စနေနေ့မှာ တွေ့ဆုံစကားပြောဖို့ စီစဉ် ထားခဲ့တာပါ။

နော်ေ၀၀န်ကြီးချုပ်ကတော့ “ကျနော်တို့ကို တိုက်ခိုက်သူတွေကို ပြောချင်တဲ့ နော်ဝေအားလုံးရဲ့ သတင်းစကားကတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံးစံနမူနာကို ခင်ဗျားတို့ မဖျက်ဆီးနိုင်ဘူးဆိုတာပါပဲ”လို့ မီဒီယာတွေကို ပြောကြားပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နေတိုး အဖွဲ့တို့က ရှုတ်ချလိုက်ကြပါ တယ်။

ဒီတိုက်ခိုက်မှု နှစ်ခုဟာ ဆက်စပ်နေတယ်လို့ ရဲမင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ အစ္စလမ်အစွန်းရောက်တွေဟာ နော်ဝေနိုင်ငံ အတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် ခြိမ်းခြောက်နေတယ်လို့ နော်ဝေထောက်လှမ်းရေး ဌာန (PST) က သတိပေးပြောကြားခဲ့ဖူးပါတယ်။

နော်ဝေနိုင်ငံဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ အာဖဂန်နစ္စတန်ကို တပ်သား ၅၀၀ စေလွှတ်ထားပြီး အခုလို တိုင်းပြည်တွင်း အကြမ်းဖက်တိုက်ခိုက်ခံရတာက တော့ ပထမဆုံး​ ဖြစ်ပါတယ်။

အခု အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အော်စလိုမြို့ဟာ နိုင်ငံတကာငြိမ်းချမ်းရေး သင်္ကေတဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်တဲ့ ဌာန အခြေစိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။



The morning after a bombing and shooting spree left 91 dead in Norway, the country's Prime Minister - Jen Stoltenberg - says police were still seeking a motive for the rampage. (SOUNDBITE) (English) NORWEGIAN PRIME MINISTER, JENS STOLTENBERG, SAYING: "I think it's too early to comment on the motives and what's the reason behind the attacks, both in Oslo and at the Labour youth camp at Utoeya. It is very important for us to be very clear when it comes to the responsibility of the government, and the police who has just started the investigation. One man is arrested and I think we will wait until we have seen more results of the investigations before we want to comment of the motives." That man is a 32 year old who police say has links to right-wing extremists. They believe he detonated a bomb in downtown Oslo that killed seven, before travelling to a youth camp outside the city, where he shot and killed at least 84. While Norwary is not known as a haven for extremists, Stoltenberg says he has grappled with right wing groups. (SOUNDBITE) (English) NORWEGIAN PRIME MINISTER, JENS STOLTENBERG, SAYING: "Compared to other countries I would not say we have a big problem with right wing extremists in Norway, but we have some some groups, we have followed them before." The attacks were Europe's deadliest since 2004, when almost 200 were killed in a Madrid train bombing. Andrew Raven, Reuters

No comments: