Thursday, August 18, 2011

ထိုင်း နှင့် စင်္ကာပူ ကို တင်ပို့မည့် ကော့သောင်း သဲ

ကော့သောင်းပင်လယ်အတွင်းမှ သဲများကို လာရောက် သယ်ယူနေသည့် စင်ကာပူ သဲစုပ်ရေယာဉ်တစ်စီး ဓာတ်ပုံ (ဒီမိုဝေယံ)

မြေပြိုနေမှုများ၊ ကမ်းစပ်သဲသောင်များ ပျက်စီးနေမှုများ နဲ့ရင်ဆိုင်နေရတဲ့ ပတ္တာရာ ကမ်းခြေ

-မြတ်စိုး-
၈.၁၇.၂၀၁၁

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုများဖောက်ပြန်လာကာ ပင်လယ်ရေ မြင့်တက်လာလို့ အရှေ့တောင် အာရှဒေသအတွင်းမှာ ရှိကြတဲ့ ပင်လယ်ကမ်းခြေရှိ အပန်းဖြေစခန်းများမှာ မြေပြိုနေမှုများ၊ ကမ်းစပ်သဲသောင်များ ပျက်စီးနေမှုများ နဲ့ရင်ဆိုင်နေကြရတယ်။ ဒီလို အပန်းဖြေစခန်းများမှာ သဲများမရှိတော့လို့ ကမ္ဘာ့ခရီးသွားလာရေး ကို မှီခိုနေကြတဲ့ ဒေသများမှာ စီးပွားရေးကျဆင်းလာပြီး၊ အလုပ်လက်မဲ့များလည်း မြင့်တက်လာခဲ့တယ်။

ထိုင်းနိုင်ငံ ရှိ ပတ္တာရာ ကမ်းခြေမှာ တော့ ပင်လယ်ရေမြင့်တက်လာလို့ သဲသောင်ပြင်ကမ်းခြေများ ပျက်ဆီးလာကာ နိုင်ငံတကာမှ လာရောက် အပန်းဖြေသူများ နည်းပါးသွားပြီး၊ ဒေသအတွင်း စီးပွားရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ရတယ်လို့ ပတ္တာရာ ဒေသခံတွေက ပြောဆိုခဲ့တယ်။ ထိုင်း နိုင်ငံ ပင်လယ်ကမ်းခြေ ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို လေ့လာနေတဲ့ ချုလာလောင်ကွန်း တက္ကသိုလ်မှ ပေါမောက္ခ တစ်ဦး ကတော့ ထိုင်းအစိုးရဟာ ပတ္တရာရှိ သဲသောင်ပြင်ကမ်းခြေ ကို ပြန်လည်မွန်းမံဖို့ ဒေါ်လာ သန်း ၃၀ ကျော် သုံးစွဲဖို့လိုအပ်တယ်လို့ ဂျပန်သတင်းဌာန NHK နဲ့တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာပြောဆိုခဲ့တယ်။ ဒေသခံတာဝန်ရှိသူများကလည်း ဒေသခံတွေ ဆီက အကြံဥာဏ်များလည်း တောင်းခံမှုများပြုလုပ်နေသလို၊ ပညာပေးမှုများလည်း ပြုလုပ်နေကြတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်း မှ ၁ ထွီလီယံ ဘတ် ၀င်ငွေ ရရှိလိမ့် မယ်လို့ခန့်မှန်းထားတယ်။ ကမ္ဘာလှည့်ခရီးသည် ၁၅ သန်း ၂၀၁၁ ခုနှစ်မှာ လာရောက်လည်ပတ် ဖို့ ခန့်မှန်းထားကြပြီး၊ ၂၀၀၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်း မှ ရရှိတဲ့ဝင်ငွေဟာ ထိုင်းနိုင်ငံ GDP ရဲ့ ၆.၇ ရာခိုင်နှုန်းရှိခဲ့တယ်။ ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်း ကို မှီခိုနေရတဲ့ ထိုင်းနိုင်ငံမှာ ထိုင်း အစိုးရ ကတော့ ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေများ ကို ပြန်လည်မွန်းမံပြင်ဆင်ဖို့ လွှတ်တော်အတွင်း ဆွေးနွေးမှုများပြုလုပ်နေပြီး၊ လိုအပ်သလောက် ဒေါ်လာ သန်းနဲ့ချီ သုံးစွဲဖို့ပြင်ဆင်နေပါတယ်။ ပင်လယ်ကမ်းခြေများကို ပြန်လည်မွန်းမံခြင်းဖြင့် ထိုင်းနိုင်ငံ အတွင်း ကမ္ဘာ့ခရီးသွားလာရေးလုပ်ငန်း ကို ပြန်လည် စွဲဆောင် လာနိုင်လိမ့်မယ်လို့ သုံးသပ်ထားကြတယ်။

မြန်မာနိုင်ငံမှာတော့ ကော့သောင်းပင်လယ်အတွင်းမှ သဲများကို စင်္ကာပူ နှင့် ထိုင်းနိုင်ငံ မှာ သုံးစွဲဖို့ စင်ကာပူ သဲစုပ်ရေယာဉ်တစ်စီး က လာရောက် သယ်ယူနေကြောင်း သိရှိရပါတယ်။

No comments: