Wednesday, August 17, 2011

ကွန်း​ချောင်း​ဆည် ကျိုး​မည်ကို ​ဒေသခံများ​ စိုး​ရိမ်

Published on August 16, 2011 by

ပဲခူး ​တိုင်း​ ဖြူး​မြို့​ အ​နောက်​တောင်ဘက် ကိုး​မိုင်ခန့်​အကွာမှာရှိတဲ့​ ကွန်း​ချောင်း​ဆည် ကျိုး​မှာကို ​ဒေသခံ​တွေက စိုး​ရိမ်ထိတ်လန့်​နေကြပါတယ်။

ပြီး​ခဲ့​တဲ့​ ဩဂုတ်လ ၈ ရက်​နေ့​ကစပြီး​ မိုး​သည်း​ထန်း​စွာရွာသွန်း​မှု​ကြောင့်​ ​မြေပြိုမှု​တွေဖြစ်ပွား​ရာမှာ ကွန်း​ချောင်း​ဆည်အတွင်း​ ​မြေပြိုကျခဲ့​တဲ့​အတွက် ဆည်​ရေလျှံမှုဖြစ်ပွား​ခဲ့​ပါတယ်။

ရေလျှံ​နေတဲ့​ ဆည်​ရေတံခါး​ဖွင့်​ဖို့​လည်း​ ဆည်တံခါး​နား​မြေပြိုတဲ့​အတွက် ​ရေတံခါး​ဖွင့်​မရဖြစ်​နေပြီး​ ကွန်း​ချောင်း​ဆည်ကျိုး​မှာကို ​ဒေသခံ​တွေ စိုး​ရိမ်​နေ​ကြောင်း​ ဖြူး​မြို့​ခံတဦး​က အခုလို ​ပြောပါတယ်။

“​နောက်က​ တောင်​ကြောကြီး​ပဲ ရှိတယ်ဆို​တော့​ ​တောင်​ပေါ်က မိုး​အား​နဲ့​ရေကျ​တော့​ ​မြေကပြိုပြီး​ ဆည်ထဲကို ဆင်း​သွား​တာ။ အလယ်က ​မျှော်စင်ရှိတယ်။ အဲ့​ဒီလူ​လျှောက်လမ်း​လည်း​ ​မြေကြီး​အား​ကြောင့်​ ကျိုး​သွား​တယ်​ပြောတယ်။ အဲဒီ​မြေကြီး​က ​အောက်​ခြေကိုဆင်း​သွား​တော့​ ​အောက်​ခြေမှာ ​ရေလွှဲ​ပေါက် သုံး​ပေါက်ရှိတယ်။ အဲဒီမှာ သွား​ပုံ​တော့​ ​ရေ​ပေါက်​တွေက ဖွင့်​မရဘူး​။ ဖွင့်​မရ​တော့​ ​ရေက လျှံလာတယ်။ လျှံလာ​တော့​ အခုက စိုး​ရိမ်စရာ​တော့​ ရှိတာ​ပေါ့​။”

ရေတံခါး​ဖွင့် ​နိုင်​ရေး​ အာဏာပိုင်​တွေဘက်ကလည်း​ ကြိုး​စား​နေတယ်လို့​ သူက ​ပြောပါတယ်။ ဆည်​အောက်တ​လျှောက် ရွာ​ပေါင်း​ ၁၀ ရွာထက်မနည်း​ရှိသလို လယ်ကွင်း​အ​တော်များ​များ​လည်း​ ရှိ​နေပါတယ်။

No comments: