Thursday, August 18, 2011

တပ်မတော်စေတနာအမှန်ကို သိခဲ့ပြီး ပြီ။

အမြင်မှန် ရပါပြီ တပ်မတော်ရဲ့ စေတနာအမှန်ကို သိပါပြီ ဆိုပြီ မိဘတွေကို ကန် တော့တဲ့သူကန် တော့ကြ။
သူတို့ ပြန်သွားတဲ့အခါမှာသူတို့  ဆုံးဖြတ်ချက်မှန်ကန်ကြောင်း တောထဲမှာကျန်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေမကောင်းကြောင်းမဟာမိတ် တွေမကောင်း ကြောင်းကို သူတို့ ပြောရပါတယ်။
သူတို့ ကိုသင်ပေးထားတဲ့စကားတွေမှာ
၁- တပ်မတော်ကို မိဘ လို ပုံဖေါ်ရတယ်။
၂-သူတို့ ကိုသူတို့ ရိုးသားသူတွေ၊ အပေါင်းသင်းမကောင်းလို့ လမ်းမှားရောက်သူ၊
၃- တော်လှန်ရေးကိုဆက်လက်တိုက်ပွဲဝင်နေတဲ့ သူတို့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေကို
လူဆိုးတွေ၊ အာဏာရူးသူ၊ စစ်သွေးကြ၊ မိန်းမလိုက်စားသူု၊အရက်သမား စတဲ့ သရုပ်တွေကို ဖေါ်ကြတယ်။
၎- မြက်ခင်းသစ်ဆိုတဲ့ မဂဇင်းက တော်လှန်ရေးကိုနည်းမျိုးစုံနဲ့ ထိုးနက်တိုက်ခိုက်တယ်။

နစ်ပေါင်း ၂၀ ကြာတော့ ရေနောက်နေတဲ့သမိုင်းက ကြည်လင်လာတယ်။
ဗိုလ်ချုပ်စောမောင်အသတ်ခံရ၊ ဗိုလ်ချုပ်ခင်ညွန့်  အထိမ်းသိမ်းခံ၊ ပြန်သွားတဲ့ကျောင်းသားတွေမြောင်းထဲရောက်၊ ကိုယ်ကိုကို ငါတော်လှန်ရေးသမား၊ ငါ ၈၈မှာပါခဲ့တယ်လို့ မဆိုရဲကြဘူး။ မြက်ခင်းသစ် ဆိုတဲ့အစိုးရ၀ါဒဖြန့်  စာဆောင်ကိုထုတ်ဝေခဲ့တဲ့
ဒါရိုက်တာညိုမှိုင်းဝေ ဟာ ထွက်ပြေးရတယ်။ ငွေလိမ်မှုနဲ့ အဖမ်းခံရတယ်။ အေဘီအက်စ်ဒီအက်နဲ့ ကိုမိုးသီးဇွန် နဲ့အေဘီကခေါင်းဆောင်တွေ ကို ထိုးနက်တိုက်ခိုက်ခဲ့တဲ့ စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ ပါပီမ ဆိုတဲ့ဇတ်ကား ထဲက မင်းသားတွေ မင်းသမီးတွေ လူပုံအလည်မှာမျက်နှာမဖေါ်ဝံကြဘူး။


ခုတခါလည်း ဦးသိန်းစိန်က ၈၈ နောက်ပိုင်းထွက်သွားသူတွေကို ပြန်လာခဲ့ကြပါ ဆိုတော့ ။

၁- ဦးသိန်းစိန် အတွက် တောင် စိုးရိမ်တယ်။
၂- ဆွမ်းကြီးလောင်းပွဲဆိုပြီး ပြန်ခြင်တဲ့သူတွေကိုလည်း သတိထားကြဖို့  သမိုင်းမှာဒီလိုတော့ရှိခဲ့တယ်ဆိုတာကို ရိုးသားစွာ အသိပေးခြင်တယ်။
၃- ကိုယ်လုပ်စရာရှိတာတွေဆက်လုပ်ကြဖို့ ပါပဲ။

No comments: