Thursday, April 26, 2012

မြန်မာပြည်ဟာ ၀ိုင်းဆွဲဖဲ့စားခံရမယ့် အသားတုံးမဖြစ်စေဖို့  ကိုယ်ကျိုးအတ္တတွေ ခွာချကြပါ။

မြန်မာပြည်ဟာ ၀ိုင်းဆွဲဖဲ့စားခံရမယ့် အသားတုံးမဖြစ်ဖို့  တိုင်းပြည်ကို တကယ်ချစ်ရင် ကိုယ်ကျိုးအတ္တတွေ ခွာချပြီး ကာကွယ်ကြဖို့  လိုပါတယ်။

တရုတ်ပြည်ရဲ့  ယူနန်တက္ကသိုလ်လက်အောက်ခံ မြန်မာပြည်ဆိုင်ရာသုတေသနဌာနကို ကျန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ တရုတ်ပြည် ယူနန်တက္ကသိုလ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာသုတေသနဌာန ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို ပထမဦးဆုံးအနေနဲ့  ပညာရေးပိုင်းဆိုင်ရာကို အကြောင်းပြ ဖေါ်ပြခဲ့ပေမယ့် တရုတ်အစိုးရနဲ့  မြန်မာနိုင်ငံက အုပ်ချူပ်နေသူတွေအကြား လုပ်ငန်းတွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့  ပေါင်းစပ်ပေးတဲ့ နေရာမှာ အဓိက ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်အကြောင်းတွေကို ပညာရေးအကြောင်းပြပြီး အနီးကပ်လေ့လာကာ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့  စီးပွားရေးနယ်ချဲ့ နိုင်ဖို့  တရုတ်အစိုးရ တရုတ်စီးပွားရေးကုမ္ပဏီအကျိုးစီးပွားတွေအတွက် လုပ်ဆောင်ပေးတဲ့ ဒီ ယူနန်တက္ကသိုလ်လက်အောက်ခံ မြန်မာပြည်ဆိုင်ရာသုတေသနဌာနရဲ့  လုပ်ဆောင်ချက်တစ်ခု အကျိုးရမှုကတော့ - လွန်ခဲ့တဲ့ မနေ့ တစ်နေ့  ဧပြီလ (၁၉) ရက်နေ့ က Guangxi ပြည်နယ်က စီးပွားရေးလုပ်ငန်းတစ်ခုကို နေပူပူပြင်းလှတဲ့ ရန်ကုန်နေကိုတောင် ဂရုမစိုက်ဘဲ မြန်မာပြည်မှာ ဂုတ်သွေးစုတ်ဖို့ လောက်သာ သိတဲ့ တရုတ်ပြည်ရဲ့  စီးပွားရေးလုပ်ငန်းဖွင့်ပွဲကို ကျင်းပခဲ့ပါတယ်။




























ဒီ တရုတ်စီးပွားရေး လုပ်ငန်းဖွင့်ပွဲမှာ တရုတ်ကုမ္ပဏီ ဒေသဆိုင်ရာ အရောင်းမန်နေဂျာရဲ့  ပြောစကားကို မြန်မာပြည်သူပြည်သားတွေ သိထားရအောင် ဖေါ်ပြလိုက်ရပါတယ် - “အနောက်နိုင်ငံတွေက စီးပွားရေးကန့် သတ်ပိတ်ဆို့ မှုတွေ ရပ်သွားရင် တရုတ်ပြည်ရဲ့  မြန်မာပြည်မှာ ဆောင်ရွက်မယ့် လုပ်ငန်းတွေ အောင်မြင်ပြီးမြောက်မှာပါ” တဲ့။




































ကျွန်တော်တို့ ရဲ့  မြန်မာပြည်ဟာ ခေတ်သစ်မှာ ပြည်တွင်း ပြည်ပ ရန်သူတွေ ၀ိုင်းနေပါတယ်။ တိုင်းပြည်နဲ့  လူမျိုးကို တကယ်ချစ်မြတ်နိုးကြရင် ကိုယ်ကျိုးမဖက်ကြပါနဲ့ ၊ ကိုယ်ကျိုးအတ္တမထားကြဘဲ တိုင်းပြည်အတွက် အမှန်တကယ် လုပ်ဆောင်ကြဖို့  အထူးအရေးကြီးလှပါပြီ။


..

No comments: