အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးဟာ ဧပြီလ ၂၃ ရက်နေ့က
ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ပြုလုပ်တဲ့ NLD ရုံးခွဲဖွှင့်လှစ်ပွဲ
အခမ်းအနားကို သွားရောက် ခဲ့ပါတယ်။
အဲဒီလို သွားရောက်ရာမှာ ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေက ဦးတင်ဦးကို
သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ခဲ့ကြပါတယ်။ ရုံးဖွှင့်ပွဲ အခမ်းအနားမှာ
အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့
သဘာပတိအဖွဲ့ဝင် ဦးလှဖေတို့က တက်ရောက်လာကြတဲ့ ဒေသခံ ပြည်သူတွေကို အသီးသီး
အမှာစကား ပြောခဲ့ပါတယ်။ အဲဒီလိုပဲ အခမ်းအနားအပြီးမှာ ကရင်ဒုံးအကနဲ့
ကပြဖျော်ဖြေခဲ့သူ
ကရင် တိုင်းရင်းသူလေးကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို
ချက်ချင်းရပ်ဖို့နဲ့ ငြိမ်းချမ်းရေးကို ဝိုင်းဝန်း ဖော်ဆောင်ပေးကြဖို့
တောင်းဆို သွားခဲ့ပါတယ်။
No comments:
Post a Comment