ဒီကနေ့ သတင်းစာထဲမှာ KIA တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်ချတဲ့ သတင်း တွေ့ရပါတယ်။ မြစ်ကြီးနား ဒေသမှာပါ တဲ့။
အစိုးရနဲ့ KIA တို့ ဆွေးနွေးပွဲ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ထာဝရ ငြိမ်းချမ်းရေး မရသေးတာဟာ KIA ခေါင်းဆောင်ပိုင်း တချို့ သဘောထား တင်းမာ နေတာကြောင့်ဖြစ်တယ် လို့ ရေးထားပါတယ်။
နိုင်ငံတော် သမတကြီး ဦးသိန်းစိန်ရဲ့ ထိုးစစ်မဆင်ဖို့ ညွှန်ကြားချက် အကြောင်းတော့ သတင်းရှည်ကြီးထဲမှာ မတွေ့ရပါ။ အရေးမပါလို့ ထည့်မရေးတာ ဖြစ်ပါလိမ့်မယ်း)
အစိုးရနဲ့ KIA တို့ ဆွေးနွေးပွဲ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ထာဝရ ငြိမ်းချမ်းရေး မရသေးတာဟာ KIA ခေါင်းဆောင်ပိုင်း တချို့ သဘောထား တင်းမာ နေတာကြောင့်ဖြစ်တယ် လို့ ရေးထားပါတယ်။
နိုင်ငံတော် သမတကြီး ဦးသိန်းစိန်ရဲ့ ထိုးစစ်မဆင်ဖို့ ညွှန်ကြားချက် အကြောင်းတော့ သတင်းရှည်ကြီးထဲမှာ မတွေ့ရပါ။ အရေးမပါလို့ ထည့်မရေးတာ ဖြစ်ပါလိမ့်မယ်း)
တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်သော KIA အဖွဲ့ လက်နက်ချ
ကချင် လွတ်မြောက်ရေး တပ်မတော် (KIO)
တပ်မဟာ (၅) လက်အောက်ခံမှ တပ်ကြပ် ကျော်ဆန်း ခေါင်းဆောင်သော တပ် ဖွဲ့ဝင် ၃၅
ယောက်သည် မြစ်ကြီးနား မြို့နယ် တာလောကြီး နယ်မြေရှိ တပ်မတော် စခန်းသို့
ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် လက်နက်ချ ခဲ့သည်ဟု
(FNG) သတင်းအရ သိရှိ ရပါသည်။
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ ကချင်အရာရှိ ၊စစ်သည် ၃ဦး အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာသည့် KIA နှင့် မြန်မာ စစ်တပ်ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တ ဖြည်းဖြည်းအ ရှိန်မြင့် လာခဲ့ကြပါသည်။
တိုက်ပွဲများကြောင့်
အပြစ်မဲ့တဲ့ပြည်သူများ၊ ဒုက္ခသည်များ ဖြစ်ခဲ့ကြသည်ဟု KIO ဖက်က
ပြောဆိုခဲ့သလို မြန်မာစစ်တပ်မှ အရာရှိ တစ်ဦးကလည်း ဒုက္ခသည်များသည် KIO
မိသားစုဝင်များ သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
KIA ၏မြေပုံ စစ်ဆင်ရေး သင်တန်းပြကွက် တခု (ဓါတ်ပုံ - KIA)
ယခုဖြစ်ပွားနေသော
တိုက်ပွဲတွင် မြန်မာ စစ်တပ်၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့်
ဖြစ်ပွားနေသလို KIA၏ ခံစစ်အားကောင်းမှု ကြောင့်လည်းကောင်း၊ နယ်မြေ
စိုးမိုးရေး ကျွမ်းကျင်မှုတွေကြောင့် လည်းကောင်း နှစ်ဖက်စလုံး ထိခိုက်မှု
များပြား သည်ဟု ဆို ပါသည်။
အစိုးရနှင့် KIO တို့သည်၊ အပစ်အခတ် ရပ်စဲရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါသည်။ တိုက်ပွဲများသည်၊ နိုင်ငံရေးပြသနာ ၏နောက်ဆက်တွဲဖြစ်သည်၊ နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်ပါက အပစ်အခတ် ရပ်စဲရေးသည်လည်း ရပ်တန့်မည်ဟု KIO ဖက်မှ ရပ်တည်သလို၊ အပစ်ရပ်ပြီးမှ နိုင်ငံရေးအရ ဆက်ဆွေးနွေးလို့ ရမည်ဟု အစိုးရ ဖက်က သဘောထား ခဲ့သည့်အတွက် အခုချိန်ထိ မပြေလည်ခြင်း ဖြစ်ပေသည်။
No comments:
Post a Comment