Friday, May 4, 2012

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ပါမောက္ခချူပ် ဦးညီညီစံအာဏာနှင့် လုပ်ပိုင်ခွင့်များကိုအလွဲသုံးစား ပြုလုပ်နေ

ကိုရဲရင့်ငယ် (ကနေဒါ)  ခင်ဗျား Assembly Hall of CICS ( Upper Myanmar ) ဒီသတင်းကတော့ အနှိပ်စက်ခံ ၀န်ထမ်းများသာမက မှီခိုမိသားစု၊ နှင့်အတူဆက်နွယ်တဲ့ လူအားလုံးပညာသားပါပါနှိပ်စက်ခံနေရတဲ့ ဖြစ်ရပ်များကိုတိုင်ကြားပေးပို့တာဖြစ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချူပ် ဦးညီညီစံသည် အာဏာ နှင့် လုပ်ပိုင်ခွင့်များကိုအလွဲသုံးစား ပြုလုပ်နေခြင်း၊ ကျွန်တော်တို့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှ ဝန်ထမ်းများ၊မှီခိုမိသားစုများ နှင့် ပတ်ဝန်းကျင်ရှိရွာသူ/သားများမှာအောက်ပါ အခက်အခဲများတွေ့လျှက် ဒုက္ခရောက်နေရပါသည်။ ဤအခက်အခဲများမှာအောက်ပါအတိုင်းအဆင့်ဆင့် ဖြစ်ပေါ်နေလျှက်ရှိပါသည်။ တိုင်စာမူရင်းမှာ (ပူးတွဲဖိုင်အားဖွင့်ကြည့်ရန်) “မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ဇီးပင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချူပ် ဦးညီညီစံအားပြောင်းရွှေ့ပေးပါရန် နှင့်ထိရောက်စွာအရေးယူပေးပါရန်”၇.၁၂.၂၀၁၁ နေ့ ရက်စွဲဖြင့် ဥက္ကဋ္ဌ (ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်)သို့တိုင်ကြားထားပြီးမိတ္တူ ကိုအောက်ပါရုံးများသို့ အသီးသီးပို့ထားပါသည်။ -နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော် -နိုင်ငံတော် ဒုတိယသမ္မတရုံး၊ နေပြည်တော် -ပြည်ထဲရေး ၀န်ကြီး၊ ပြည်ထဲရေးရုံး၊နေပြည်တော် -ပြည်ထောင်စုတရားသူကြီးချုပ်၊တရားသူကြီးချုပ်ရုံး၊ နေပြည်တော် -ပြည်ထောင်စုရှေ့နေချုပ် ၊ ရှေ့နေချုပ်ရုံး၊ နေပြည်တော် -မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မန္တလေးမြို့ -စစ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် -စစ်ဗျူဟာမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် -တပ်နယ်မှူး၊ ပြင်ဦးလွင်မြို့ -ကျောင်းအုပ်ကြီး၊ ရဲဗဟိုလေ့ကျင့်ရေးကျောင်း -ကျောင်းအုပ်ကြီး၊ ဗဟိုမီးသတ်သင်တန်းကျောင်း ထိုတိုင်ကြားချက်ကို ၁၆.၁.၂၀၁၂ နေ့တွင် ဒုဝန်ကြီး နှင့် အဖွဲ့လာရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တိုင်စာပါဌာနမှ သက်ဆိုင်ရာလူကြီးများကိုခေါ်၍ တိုင်စာပါ အချက်အလက်များမှာမဟုတ်ကြောင်းလက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ဒုဝန်ကြီးဦးဝင်းမြင့်(စာရေးဆရာ-လှိုင်သင်း)ကလည်း ပြင်ဦးလွင် စစ်အင်ဂျီနီယာတက္ကသိုလ်(D.S.T.A)တွင် ယခုပါချုပ်နှင့် အတူတာဝန်ထမ်းဘူးသောဆရာရင်းတပည့်ရင်းဝန်ကြီးဦးကျော်သူမှာလည်းယခုပါချုပ်နှင့် ဆရာရင်းတပည့်ရင်း ဖြစ်နေပါသဖြင့် မည့်သည့် အရေးယူမှုမှ ထိထိရောက်ရောက် မပြုလုပ်ခဲ့ပါ။ ၎င်းအပြင် ဒုဝန်ကြီး နှင့် အဖွဲ့ကတိုင်စာဆိုလျှင် By Name နာမည်နှင့်တိုင် By Name နာမည်မပါလျှင် ပစ်စာဖြစ်သည့်အတွက်ကြောင့် အမှိုက်ပုံးထဲပစ်မှာဘဲဟုလူမိုက်အားပေးပြောသွားပါသည်။ ထိုနောက်ပိုင်း၌ ယခုပါချုပ် ဦးညီညီစံသည် ပိုမိုမိုက်ရိုင်းလာကာသတ္တိရှိရင် By Name နာမည်နှင့်တိုင် မတိုင်ရဲရင် ဘာမျှမလုပ်နဲ့ ဒီကျောင်းမှာငါအကြီးဆုံးငါလုပ်တာကိုလက်ခံငါပြောတာကိုနားထောင် ရမည်ဟုပြောပါသည်။ By Name နာမည်နှင့်တိုင်လျှင်လည်းငါဟာဝန်ကြီးဦးကျော်သူရဲ့တပည့်ရင်း ဒါ့ကြောင့် တိုင်တဲ့ကောင် ပြုတ်မှာဘဲဟုပြောဆိုနေပါသည်။ ကျွန်တော်တို့ ဝန်ထမ်းများမှာBy Name နာမည်နှင့်တိုင်လျှင်လည်းကျောက်နံရံခေါင်းနှင့် ဆောင့်ရသလို ဖြစ်နေ၍ မတိုင်ရဲပါ။ ထိုသည်ကိုအခွင့်ကောင်းယူလျှက်ဆက်လက်၍လုပ်ပိုင်ခွင့်နှင့်အာဏာကိုအလွဲသုံးစားပြုသောကြောင့် အောက်ပါအတိုင်းထပ်မံရမ်းကားမှု ဆိုးကျိုးများဆက်တိုက် ဖြစ်ပေါ်နေပါသည်။ က။     ကျောင်းမိန့် တစ်စုံတစ်ရာမထုတ်ဘဲ (အမိန့် တစ်ခုခုထုတ်ပါကကျောင်းဆီးတံဆိပ် ရိုက်ကာအမိန့်စာထုတ်ပေးရပါသည်) ကျောင်းဝန်းထဲဆိုင်ကယ်စီးလျှင် ဦးထုပ်ပါရမည် (တည်ဆဲဥပဒေကိုအခွင့်ကောင်းယူလျှက်)မပါသောသူကိုတွေ့လျှင် ရဲများကိုဖမ်းခိုင်းလျှက် တစ်ဦးလျှင် (၁၅၀၀)ကျပ် နှစ်ဦးဆိုလျှင် (၃၀၀၀)ဒဏ်ရိုက်ပါသည်။ ယာဉ်ထိမ်းရဲများတောင် ဖမ်း၍ ဒဏ်ငွေမဆောင်ခိုင်းပါ။ ဘောက်ချာလက်မှတ် ဖြတ်ပြီးတရားရုံးသွားခိုင်းပါသည်။ ပါချုပ်ဦးညီညီစံမှာဤကျောင်းတွင် ငါအကြီးဆုံးငါလုပ်ချင်တာလုပ်မည်ဟုပြောဆိုလျှက် တရားစီရင်ပိုင်ခွင့်မရှိပါဘဲဒဏ်ငွေဆောင်ခိုင်းနေပါသည် ၎င်းဒဏ်ငွေများလည်းဘယ်ရောက်သည်မသိပါ။ ရဲအုပ်ဝင်းဇော်မိုးဦးစီးသောကျောင်းမှရဲများ(ဗ.ဝ.တပေါက်ရဲများ) နှင့် ဌာနမှူး(စီမံ) ဦးအောင်လင်း၊ဌာနကြီးမှူး(စီမံ) ဦးတင်ရွှေ တို့ကလည်းဥပဒေနားမလည်ဘဲဦးထုပ်မပါသောဆိုင်ကယ်သမားတွေ့က ဓါးမြတွေ့သည့်အတိုင်းဆိုင်ကယ်များနှင့် ဝိုင်းလိုက်ကြကာအတင်းအဓမ္မ ဒဏ်ငွေဆောင်ခိုင်းနေပါသည်။ဆိုးရွားသောအချို့ရဲများမှာ (မိမိတို့မမြင်လိုက်၍လွတ်သွားသော)ဒဏ်မဆောင်ရသေးသူများကိုအိမ်တိုင် ယာရောက် နံနက်စောစောမကျန် အကြွေးတောင်းသလိုလိုက်တောင်းနေပါသည်။ ခ။      ဝန်ထမ်းလိုင်းနှင့် ရုံးမှာအတော်ဝေးပါသည် ဖယ်ရီကားရှိသော်လည်းမမှီ၍၎င်း အခြားကိစ္စ ရှိ၍၎င်း သွားစရာရှိလျှင် ဆိုင်ကယ်ကြုံအားကိုးရပါသည် ဝန်ထမ်းများမှာလည်းလူတိုင်းဆိုင်ကယ်မစီးနိုင်ကြပါ ယခုအခါ ဦးထုပ်မပါလျှင် ဖမ်းသဖြင့် မည်သူမှ အကြုံမတင်တော့ပါ အခက်အခဲအတော်တွေ့ရပါသည်။ ဂ။      သုံးယောက်စီးလျှင်လည်းဖမ်း၍ဒဏ်ရိုက်ရာနေမကောင်းသောသူများကိုဆိုင်ကယ်ဖြင့် ပို့လျှင် မောင်းသူတစ်ယောက်၊လူနာ(ထိုလူနာမထိုင်နိုင်လျှင်) နောက်မှတစ်ယောက် စီး၍ဆေးခန်းသွားရာတွင် အခက်အခဲအတော်တွေ့ရပါသည်။အောက်ခြေဝန်ထမ်းများဖြစ်၍လည်းကားမငှါးနိုင်ကြပါ။ ဃ။     အနီးအနားမှ ဧည့်တွေ့လာလျှင်လည်းဦးထုပ်မပါလျှင် ဝင်ခွင့်မပြုပါ။ သင်တန်းလာတက်ရသောဝန်ထမ်းများမှာခရီးဝေးလျှင် ဧည့်တွေ့မလာနိုင်ပါ။ အနီးဝန်းကျင်မှ အသိများကိုခိုင်းရပါသည် အနီးဝန်းကျင်ရွာသားအများစုမှာဦးထုပ်မဆောင်းကြပါ။ ခရီးဝေးမှ လာသူလည်းဦးထုပ်မပါလျှင် မဝင်ရပါ။အဝင်ဂိတ်များတွင် “ဦးထုပ်မဆောင်းလျှင် မဝင်ရ”ဟုသတိပေးဆိုင်းဘုတ် ရေးသင့်ပါသည် သို့သော် လုံးဝ(လုံးဝ) မည်သည့်ဂိတ်တွင်မှ မရေးပါ။ င။      ယခုပါချုပ်ဦးညီညီစံလက်ထက်တွင် ဂိတ်ဝမှဖြတ်လျှင် ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင် မှတ်ပုံတင်များကိုတောင်းနေပါသည်။လိုင်စင်ပေးရသည်မှာကိစ္စမရှိပါ။သို့သော် ပြန်တောင်းသောအခါတွင် မုန့်ဖိုးမပေးပါက ပြန်မပေးချင်ပါ။မိမိတို့မှာလည်းလိုင်စင်မရမှာစိုး၍ မုန့်ဖိုးပေးခဲ့ရပါသည်။ တိုင်ပြန်ကလည်းမသိချင်ယောင်ဆောင်နေပါသည် ယခုဆိုလျှင် ဗ.ဝ.တဂိတ်တွင်မက ၂၄မိုင်ဂိတ်(လုံခြုံရေးအတွက် ရဲများအစောင့်မချဘဲဝန်ထမ်းများကိုအစောင့်ချထားသည်)တွင်ပါ စကားပြောစက်ကိုင်ပြီးဗိုလ်လေးဟုရဲဟန်ဆောင်ကာဝန်ထမ်းမောင်နှဲကြီး(ပါချုပ်အိမ် ကားမောင်းသူ)ဦးစီးလျှက် တပ်ရဲမောင်ရဲဝင်းအပါအဝင် ဝန်ထမ်းနှင့်ရဲပေါင်း(၂၀)ခန့် (ညအခါ ပို၍လူများသည်)လားရှိုး၊မူဆယ်မှ ဆင်းလာသောဆိုင်ကယ်ကယ်ရီများကိုငွေတောင်းနေပါသည်။ မပေးသောဆိုင်ကယ်များကိုအောင်ဖက်(၂၁)မိုင် အထက်ဖက် (၆)ထပ်ကွေ့ကျော်ထိလေးငါးစီးဝိုင်းလိုက်ကာ ခြိမ်းခြောက်ငွေတောင်းနေပါသည်။ တိုင်ပြန်သော်လည်းပါချုပ်တပည့်ရင်းမောင်နှဲကြီး ဖြစ်နေသဖြင့် ပါချုပ်အပါအဝင် မည်သူမှ အရေးမယူပါ။ မှတ်ပုံတင်မှာလည်းအတော်အတန် ခရီးတိုဟိုနားဒီနာသွားလျှင် မည်သူမှမယူခဲ့ကြပါ။ (ပျောက်သွားပါက ပြန်လုပ်ရန် မလွယ်ကြောင်းလူတိုင်းသိပါသည်။)အခက်အခဲအတော်တွေ့နေရပါသည်။ယခင်ကကား၊ဆိုင်ကယ် နံပါတ် နှင့် လူနာမည်မေးကာမှတ်ပြီးလျှင် ဝင်သောဂိတ်မှ ပြန်ထွက်ရန်  မှာလျှက်လွှတ်လိုက်သည်မှာအတော်အဆင်ပြေပါသည်။ စ။      ဧည့်တွေ့လာသောဆိုင်ကယ်များကားများတွင် ခွပ်ဒေါင်းစတစ်ကာ (လိုဂိုသေးသေးလေး)ကပ်ထားပါကဝင်ခွင့်လုံးဝမပေးပါ ပါမောက္ခချုပ် ဦးညီညီစံမှ အမိန့်ပေးထားသည်ဟုပြောပါသည်။ ဤသည်မှာတရားဝင်မှတ်ပုံတင်ထားသောပါတီကိုလက်မခံရာရောက်သဖြင့် တည်ဆဲဥပဒေကို ကျူးလွန်နေပါသည်။ ဆ။     ဝန်ထမ်းလိုင်းခန်းများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံလုံးဝမချိတ်ရဟုပြောဆိုပြီးလိုက်လံဖြုတ်သိမ်းခိုင်းနေပါသည်။ ဇ။      မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ဇီးပင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချူပ် ဦးညီညီစံသည် လက်ချာလာပို့ချသောလူကြီးများအား ကြို-ပို့ရန် ပေးထားသော PARJERO မော်တော်ယာဉ်၂-စီးကို သူကိုယ်တိုင်-၁စီး(အိမ်တွင်လည်းရုံးတက်ရန်နှင့် အိမ်သုံးရန်-၂စီးရှိပြီး)၊ ဇနီးမိန်းမက-၁စီး၊ အသီးသီးယူသုံးထားပါသည်။ သမီးဖြစ်သူဘုရားဖူးလည်ပတ်ရန်အတွက် ကျောင်းပိုင်မော်တော်ယာဉ်-၄စီးကို ဆီအပြည့်ဖြည့်ကာစားသောက်စရိက်ရောသုံးစရိက်ပါ ပေးရသည့်အပြင် ကားဆရာ(ဒရိုင်ဘာ)ကိုလည်းအစေခံ(ကျွန်)လိုလူရှေ့သူရှေ့မရှောင် မိုက်ရိုင်းစွာပြောဆိုဆက်ဆံခိုင်းစေနေပါသည်။ ဈ။      ဟိုးယခင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဒုချုပ် နှင့် ဌာနကြီးမှူးများသုံးရန်အတွက် ကျောင်း(ဗ.ဝ.တ)မှကျောင်းပိုင်အဖြစ်ပေးထားသော Hand Phoneများကို ဇနီးမိန်းမက-၁လုံး၊ ဆေးကျောင်းတက်နေသော သမီးအကြီးက-၁လုံး၊ စစ်ကိုင်းတိုင်း၊ရွာသစ်ကြီးတွင် ဆယ်တန်းတက်နေသော သမီးအငယ်က-၁လုံး ကိုယ်ကျိုးအတွက် သုံးစွဲနေကာရာထူးလက်ကိုင်ရှိသောလူကြီးများ(ဒုချုပ်၊ဌာနကြီးမှူး--စသည့်သူများ)မှာသုံးစွဲခွင့် မရကြပါ။ စသည်တို့ဆက်လက်လုပ်ကိုင်နေပါသဖြင့် ဝန်ထမ်းနှင့် မှီခိုမိသားစုများပါမကသင်တန်းသူ/သားများကိုလာရောက်တွေ့ဆုံရသောဧည့်တွေ့များ၊ကားသမားများ၊ ဆိုင်ကယ် သမားများပါ အခက်တွေ့နေရပါသည်။ ကိုရဲရင့်ငယ် (ကနေဒါ)   မှတဆင့် သမ္မတကြီးနှင့် အခြားသူများပါသိအောင် ရင်ဖွင့်တင်ပြပါသည်။ ပညာသားပါပါနှိပ်စက်ခံနေရသူများ။ အများအတွက် တိုင်ကြားပေးရန်ပေါ်ပေါက်လာတိုင်းပေးပို့ပေးမှာဖြစ်ပါတယ်။ Media ရဲ့ မှတ်ကျောက်တင် အကျိုးပြု ဖြစ်ထွန်းအောင်မြင်မှုကိုလည်း ပြန်လည် သတင်းပို့ပေးမှာ ဖြစ်ပါသောကြောင့် အားလုံး ၀မ်းမြောက်ဂုဏ်ယူ နိုင်ကြပါစေ ခင်ဗျား။ ခင်မင် ယုံကြည်စွာဖြင့် ချမ်းသာ၊ကိုယ်စိတ် မြဲပါစေ၊ စိန်စိန်မိုး (အများအတွက် သတင်းလောကဖြင့် ကူညီသူ)


download file here











No comments: