လမ်းမတော်မြို့ နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားမှုနှင့် ပတ်သက်၍





about an hour ago
လမ်းမတော်မြို့နယ် ၊ (၇)လမ်း ရှိ အသက် ၁၆နှစ်အရွယ်မိန်းကလေး အားသတ်ပြီး နေအိမ်တိုက်ခန်းအားမီးရှို့သွားခဲ့သူတရားခံအား ယမန်နေ့က ဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။အမှုကိုရန်ကုန်တိုင်းဒေသကြီး ရဲတပ်မှုးရုံးမှအထူးအဖွဲ့ဖွဲ့ပြီးစုံစမ်းဖေါ်ထုတ်ခဲ့ကြောင်းသိရသည်။ထို့အပြင်အခင်းဖြစ်ပွားရာနေရာအနီးပတ်ဝန်းကျင်တွင်နေထိုင်သောဒေသခံပြည်သူ များ၏ပူးပေါင်းကူညီမှုအရ ယခုကဲ့သိုလျှင်မြန်စွာဖေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးကပြောသည်။ဖမ်းဆီးရမိသူမှာ သာကေတမြို့ နယ်တွင်နေထိုင်သူ ကိုမျိုး(ခ)မျိုးလွင် (အသက် (၃၀) ၀န်းကျင်)ဖြစ်ပြီး ၄င်းအား ပုဒ်မ ၃၀၂၊၄၃၆၊၂၀၁၊ ၃၉၂ တို့ဖြင့်တရားစွဲဆိုနိုင်ရန်စီ စဉ်နေကြောင်းသတင်းရရှိသည်။
No comments:
Post a Comment