ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်းမရှိတဲ့အတွက် သူကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။ အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသားအများဆုံးအပါအ၀င် စစ်ဘေးဒုက္ခသည်ပေါင်း (၁)သိန်း(၄)သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းအသီးသီး နေထိုင်ကြတဲ့အထဲမှာ အဲဒီ မဲလဒုက္ခသည်စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည်စခန်းကနေ မနက်(၁၀)နာရီမှာ ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁)နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေလည်(၂)နာရီ(၁၅)မီနစ်မှာ မဲဆောက်လေဆိပ်ခန်းမအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃)နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။









No comments:
Post a Comment