Sunday, July 8, 2012

ဂျပန်ခေတ်ညှင်းပမ်းနှိပ်စက်မှုနည်းမျိုးစုံကို မြန်မာစစ်တပ် ကျင့်သုံးနေဆဲ



 
ဇူလိုင်လ (၁) ရက်နေ့တုန်းက အပြစ်မဲ့ ကချင်ပြည်နယ် ယိခူး ရွာသား (၃)ယောက်ကို အစိုးရစစ်တပ် မတရားဖမ်းဆီးသွားပြီး နှိပ်စက်ထားတာပါ။ 
 
 ဦးဖငြိမ်း နှင့် ဦးကျောင်ဖားယင် တို့၂ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်လို့ ခုလိုဓါတ်ပုံရိုက် မှတ်တမ်းတင်ထားနိုင်တာဖြစ်ပါတယ်။
 
ဦးဂလောင်းလ ဆိုတဲ့ တစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ သေလားရှင်လားတောင် မသိရဘူး။ 
အပြစ်ရှာမတွေ့လို့ ပြန်လွှတ်ပေးလိုက်တဲ့ သူတွေတောင် ဒီလောက်နှိပ်စက်ညှင်းပမ်းထားရင်တော့ မလွှတ်သေးတဲ့သူအနေနဲ့ မတွေးရဲစရာပါပဲ။

မြန်မာစစ်တပ်ဟာ ဂျပန်ခေတ်က နှိပ်စက်မှုနည်းမျိုးစုံတွေကို ခုချိန်ထိ ကျင့်သုံးနေဆဲပဲဆိုတာ ဒီဓါတ်ပုံကို ကြည့်ပြီး ထင်ရှားစေပါတယ်။

တိုင်းရင်သားတွေကို ဒီစစ်ဘီလူးတွေ ဘယ်လောက်ပဲ ညှင်းပမ်းနှိပ်စက်စေကာမူ တိုင်းရင်းသားတဦးချင်းစီရဲ့ စိတ်ဓါတ်ကို ဘယ်တော့မှ ချိုးနှိမ်လို့မရနိုင်ပါဘူး။

No comments: