Tuesday, August 14, 2012

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းများသို့ တောင်ကိုရီးယားသမ္မတ သွားရောက်လည်ပတ်မှုကို ဂျပန်အစိုးရက ဒေါသထွက်


13 Aug, 2012 5:30 PM



သြဂုတ်လ ၁၃ ရက်။        ။တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်ဟာ ဂျပန်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဝေးလံခေါင်သီတဲ့ ပင်လယ်အတွင်းက ကျွန်းစုများဆီသို့ မမျှော်လင့်ဘဲ သွားရောက် လည်ပတ်ခဲ့တဲ့အတွက်  ဂျပန်အစိုးရက အကြီးအကျယ် ဒေါသထွက် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူလိုက်ကြောင်း သြဂုတ်လ ၁၀ ရက် သောကြာနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ဟာ ဂျပန်ပင်လယ် အရှေ့ပင်လယ်အတွင်းရှိ မီးတောင်ကျောက်လွှာများနဲ့ တည်ဆောက်ထားတဲ့ ကျွန်းစုများဆီသို့ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတတစ်ဦးအနေနဲ့ ပထမဦးဆုံး သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်၊ အဆိုပါ ကျွန်းများဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ယခင် တောင်ကိုရီးယားနိုင်ငံကို သိမ်းပိုက်ပြီး ကိုလိုနီကျွန်ပြု အုပ်စိုးခဲ့တဲ့ ဂျပန်နိုင်ငံတို့အကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းများဖြစ်တယ်လို့ ဆိုပါတယ်။

No comments: