Wednesday, August 15, 2012

ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးဥာဏ်ထွန်းအား ဒုတိယသမ္မတအဖြစ် ခန့်အပ်လိုက်ပြီ


15 Aug, 2012 2:37 PM



သြဂုတ်လ ၁၅ ရက် ။ ။ ဒီကနေ့ နံနက်ပိုင်းမှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် ဒုတိယ သမ္မတအဖြစ် (ကာကွယ်ရေးဦးစီးချုပ်-ရေ) ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးဥာဏ်ထွန်းအား ခန့်အပ်လိုက်ကြောင်း  ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကနေ့ နေ့လည် ၁၀ နာရီ ၅ မိနစ်ခန့်က ကြေညာခဲ့ပါတယ်၊ ယနေ့ နံနက်ပိုင်းမှာဘဲ ဒုတိယသမ္မတ (၁) အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးဥာဏ်ထွန်းက ပြည်ထောင်စု လွှတ်တော်မှာ ကတိသစ္စာပြုခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံ ဥပဒေအရ ယခင် ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခဲ့ကြတာ ဖြစ်ပြီး၊ ယခု အဆိုပါ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေးကြောင့် အနားယူခဲ့ရာမှ အဲဒီနေရာမှာ လစ်လပ်သွားတဲ့အတွက် ဒုတိသမ္မတ (၁) နေရာကို ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

No comments: