Friday, November 19, 2010

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ အင်အား (၁၀၀) ခန့် ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်း


သတင်း - မန်းမျိုးမြင့် (၁၈-၁၁-၂၀၁၀)


တပ်ရင်း (၂၀၁) တွင် အတူတွေ့ရသည့် ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်များ

နအဖစစ်အုပ်စုကို တိုက်ခိုက်ရာတွင် ထိရောက်မှုပိုရှိစေရေးအတွက် ခွဲထွက် DKBA တပ်ရင်း (၉၀၉) သည် ယ မန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

အင်အား (၁၀၀) ခန့်ရှိသည့် ဒီကေဘီအေ တပ်ရင်း (၉၀၉) ၏ တပ်ရင်းမှူး ဗိုလ်စတီးက ဦးဆောင်၍ လာ ရောက်ပူးပေါင်းခြင်းဖြစ်ပြီး နအဖကို နိုင်ငံရေး၊ စစ်ရေးအရ ပိုမိုထိုးနှက်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြောသည်။

ဒု-ဗိုလ်မှူးကြီး စတီးက “ကျနော်တို့အပေါ်နအဖက ဘယ်တော့မှ သဘောထားမမှန်ကန်ခဲ့ဘူး။ သူတို့ရဲ့ဆန္ဒ ကတော့ ကေအန်ယူဖြစ်စေ၊ ဒီကေဘီအေဖြစ်စေ၊ ကရင်နယ်ခြားစောင့်တပ်ဖြစ်စေ အကုန်လုံးကို အမြစ်ပြတ် ရှင်းလင်းရေးပဲ။ သူတို့ဟာ တိုင်းရင်းသားတွေ မပြောနဲ့၊ ဗမာလူမျိုးအချင်းချင်းတောင် သက်ညာတာမဟုတ် ဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်ရင် သိမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့က နိုင်ငံရေး၊ စစ်ရေးအရ အသာစီးရ မှဖြစ်မယ်။ ဒါကြောင့် ပြန်လာပူးပေါင်းတာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) သည် KNLA နှင့် ပထမဆုံး တရားဝင် လာရောက်ပူးပေါင်းသည့်အဖွဲ့ဖြစ်ပြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) မှာ လာရောက်ပူးပေါင်းခြင်းမရှိဘဲ သီးသန့်ရပ်တည်ကာ နအဖကို တိုက်ပွဲဝင်လျက်ရှိသည်။

ယနေ့ပြုလုပ်သည့် ကြိုဆိုပွဲတွင် KNLA (၂၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောနှင့် KNLA မှ ဗိုလ်မှူးကြီး နယ်ဒါးမြတို့က ဒီကေဘီအေတပ်ဖွဲ့ဝင်များကို လက်ခံကြိုဆိုခဲ့ကြသည်။

ဗိုလ်မှူးကြီး နယ်ဒါးမြက “သူတို့နဲ့ ကျနော်တို့ ပူးတွဲပြီး နအဖကို တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ နောက်ထပ် လာ ရောက်ကြမယ့် အဖွဲ့တွေကိုလည်း ကျနော်တို့ လက်ခံကြိုဆိုဖို့ အရန်သင့်ပါပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ တပ်မှူးတဦးဖြစ်သည့် ဗိုလ်ရွှေဝသည် ယခုလ (၈) ရက်နေ့က မြ၀တီမြို့၌ ဒီ ကေဘီအေနှင့် နအဖတပ်များ ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲကာလအတွင်း နအဖတပ်မှူးတဦးဖြစ်သည့် စစ် ဦးစီးတတိယတန်း ဗိုလ်ကြီးသက်နိုင်ကို လက်ရဖမ်းဆီးခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါတပ်မှူးကို ပြန် လွှတ်ပေးခဲ့သည်။

ဒီကေဘီအေ (၉၀၉) တပ်ရင်း၏ အရာခံဗိုလ် စောထူးက ၎င်းတို့ တပ်ရင်းတွင် တပ်ဖွဲ့ဝင် (၁၀၀) ခန့်ရှိသည့်အ နက် ကျန်တ၀က်မှာ လာမည့်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး KNLA နှင့် လာရောက်ပူးပေါင်းရန် ကရင်နယ် ခြားစောင့်တပ်ဖွဲ့ဝင်များလည်းရှိသည်ဟု ပြောသည်။

လာရောက်ပူးပေါင်းခဲ့ကြသည့် ဒီကေဘီအေ (၉၀၉) တပ်ဖွဲ့ကို KNLA တပ်ရင်း (၂၀၁) ၏ တပ်ရင်းမိသားစုများ ကျောင်းသားကျောင်းသူများ ဒေသခံရွာသားများက ကြိုဆိုခဲ့ကြသည်။

No comments: